သိပ္ပံပညာရှင်တွေတောင် အဖြေမထုတ်နိုင်ခဲ့တဲ့ ကမ္ဘာ့အံ့သြစရာအကောင်းဆုံးနေရာများ

သိပ္ပံပညာရှင်တွေတောင် အဖြေမထုတ်နိုင်ခဲ့တဲ့ ကမ္ဘာ့အံ့သြစရာအကောင်းဆုံးနေရာများ

၁။ Blood Fall , Antartica

အန္တာတိကတိုက် ရဲ့ မြောက်ဘက်စွန်းနားမှာ တည်ရှိနေတဲ့ သွေးရေတံခွန် လို့ခေါ်ကြတဲ့ ရေကန်အကြောင်းကို အခုထိ သိပ္ပံပညာရှင်တွေ အဖြေမထုတ်နိုင်သေးပါဘူး ။ အဆိုပါရေတံခွန်ရဲ့ ထူးခြားချက်မှာ၎င်း၏ ရဲ့ အစ ရေခဲမြစ်အရည်ပျော်ရာ အရပ်မှာ သာမာန်အဖြူရောင် ရေခဲရည်များသာ ဖြစ်ပြီး လမ်းတလျှောက်လုံး မှာလ ည်း ရိုးရိုးရေခဲပျော်ရည်အဖြစ်သာ စီးဆင်းခဲ့ရာမှ အဆိုပါ သွေးရေတံခွန်နား အရောက်မှာ အနီရောင်ပြောင်းကာ ပင်လယ်ထဲသို့စီးဝင်နေခြင်းဖြစ်ပါတယ် ။

အဆိုပါ သွေးရောင် ရေခဲရည်တွေဟာ အဆိပ်အလွန်ပြင်းပြီး သံဓာတ် သိပ်သည်းမှု မှာအဆမတန် များပြားလွန်းလှပါတယ် ။ ဒါ့ အပြင် ဆာလဖာဓာတ်လည်း အဆမတန်ပါဝင်နေကြောင်းသိရပါတယ် ။သိပ္ပံပညာရှင်များအနေနဲ့ အဆိုပါ သွေးရေတံခွန် ဖြစ်ပေါ် လာပုံအကြောင်းကို အခုထက်ထိ တိကျသော အဖြေထုတ်နိုင်မှု့မရှိသေးပါဘူး။

၂။ Magnetic Hill, Moncton, New Brunswick

ကနေဒါနိုင်ငံ နယူး ဘရွန်ဆွက်အရပ် ၊မွန်တန်မြို့နားမှာတည်ရှိတဲ့ သံလိုက်စက်ကွင်းတောင်ကုန်းလေးဟာ ကနေဒါနိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်တဲ့နေရာ တစ်ခုဖြစ်လာပါတယ် ။

ဘာလို့လည်းဆိုတော့ အဲဒီ တောင်ကုန်းလေးမှာ ဆွဲအားပြင်းတဲ့ သံ လိုက် စက်ကွင်းရှိနေပြီး အဲဒီသံလိုက်စက်ကွင်းဟာ တန်ချိန်များတဲ့ လော်ရီကားတွေကိုတောင် နောက် ပြန်သွားစေနိုင်ပါတယ်။ ၁၉၃၀ ခုနှစ်လောက်မှာ စတင်သတိထားတွေ့ရှိခဲ့တဲ့ အဆိုပါ သံလိုက်စက် ကွင်း တောင်ကုန်းလေး အကြောင်းကိုတော့ သိပ္ပံပညာရှင်တွေ အ ခုထိ ဂဃနဏ မရှင်းပြနိုင်သေးပါဘူး။

၃။ Surtsey island , Iceland

ကမ္ဘာ့ မြေပုံပေါ်မှ ပေါ်လိုက် ပျောက်လိုက်ဖြစ်နေ တတ်တဲ့ အ ဆိုပါ မီးတောင် ကျွန်းလေးဟာ အိုက်စလန် ကျွန်းအနီးအနားမှာ တည်ရှိပါတယ် ။

အဲဒီကျွန်းလေးဟာ ၁၉၆၃ ခုနှစ်က Westman Islandsတဝိုက်က ရေအောက် မီးတောင်တွေ မပေါက်ကွဲခင်အချိန်ထိ တည်ရှိမနေခဲ့ပါဘူး။ အဲဒီရေအောက် မီးတောင်တွေ ပေါက်ကွဲအပြီး ၁၉၆၇ ခုနှစ်လောက်မှာ တဖြေးဖြေးချင်း ရေပေါ်ကို ပေါ်လာခဲ့ပါတယ်။ဒါပေမယ့် နောက် နှစ်အနည်းငယ် အကြာမှာတော့ ရေအော က်ထဲကို ပြန်ရောက်သွားခဲ့ပြီး နောက် ၂ နှစ်အကြာမှာတော့ ပထမ နေရာကနေ မိုင် ၆၀ လောက် အကွာမှာ တခါ ထပ် ပေါ်လာခဲ့ပါတယ်။

၁၉၉၀ လောက်မှာလည်းတခါ ရေအောက်ထဲပြန်ရောက်သွားခဲ့ပြီး နောက်၅ နှစအကြာမှာတော့ နောက်ထပ် နေရာသစ်တခုမှာ ထပ်ပေါ်လာခဲ့ပါတယ်။အဲဒီလို နေရာတွေ ပြောင်းပြီး ပေါ်လိုက် ပျောက်လိုက်ဖြစ်နေတဲ့အတွက် ကမ္ဘာ့ ရေကြောင်းပြမြေပုံတွေထဲမှာ အ ဆိုပါကျွန်းကို ထည့်သွင်း ရေးဆွဲထားခြင်းမပြုပါဘူး။

၄ ။ Racetrack Playa, Death Valley, California

သေမင်းတောင်ကြားလို့အမည်ရတဲ့ အမေရိကန် ကယ်လီဖိုးနီးယားက ကန္တာရငယ်တစ်ခုထဲမှာ သိပ္ပံပညာရှင်တွေ အခုထိ မဖော်ထုတ်နိုင်သေးတဲ့ ပုစ္ဆာ တစ်ပုဒ်ရှိနေပါတယ် ။ အဲဒါကတော့ မည်သည့် သက်ရှိအကူအညီမှ မပါပဲ မိုင်နဲ့ချီပြီး ရွေ့လျားနေတဲ့ ကျောက်တုံးများပဲဖြစ်ပါတယ် ။ လူသူအရောက်အပေါက်နည်းတဲ့ သဲကန္တာရမှာ အဆိုပါ ကျောက်တုန်းလေးတွေဟာ သေမင်းတောင်ကြားကိုဖြတ်ပြီး ခရီးနှင်နေလေ့ရှိပါတယ်။

သူတို့ရွေ့လျားခဲ့တဲ့လမ်းကြောင်းဟာ လေပြင်းတောင် တိုက်လေ့မရှိအောင် ခြောက်သွေ့တဲ့သဲကန္တာရမှာ စွပ်ကြောင်းအဖြစ်ရှိနေတတ်လို့ သူတို့တွေရဲ့ လာရာလမ်းကြောင်းနဲ့ ခရီးစဉ် အကွာအဝေးကို ခန့်မှန်းတွက်ချက်နိုင်ပါတယ်။ တစ်ချို့ကျောက်တုန်းတွေဟာ တစ်နှစ်ကို ၂-၃ မိုင်အထိ ရွှေ့လျားခရီးနှင်လျက်ရှိနေပါတယ်။

၅ ။ Relampago del Catatumbo, Ologa, Venezuela

တောင်အမေရိကတိုက် ၊ဗင်နီဇွဲလား နိုင်ငံမှာတည်ရှိတဲ့ Ologa အရပ်ဒေသဟာ ဆိုရင် လူနေထိုင်လို့ မသင့်တော်တဲ့နေရာဒေသအဖြစ်သတ်မှတ်ထားပါတယ် ။ ဘာလို့လည်းဆိုတေ့ာအဲဒီနေရာဟာ ကမ္ဘာပေါ်မှာ မိုးကြိုး အပစ်အများဆုံးနေရာတစ်ခုဖြစ်နေလို့ဖြစ်ပါတယ်။

တနှစ်မှာအနည်းဆုံး ရက် ၂၀၀ လောက် မိုးကြိုးပစ် လျှပ်စီး လျပ်နေလေ့ရှိပြီး တစ်ညကို အနည်းဆုံး အကြိမ်(၂၀)လျှပ်စီးလျှပ် ၊ မိုး ကြိုးပစ်လေ့ ရှိနေပါတယ်။ အဓိက ဖြစ်ရတဲ့ အကြောင်းအရင်းက တော့အဲဒီနေရာဒေသရဲ့ အနီးမှာ ကိုလံဘီယာနိုင်ငံမှ မြစ်ဖျားခံပြီး ဗင်နီဇွဲလားနိုင်ငံ Lake Maracaibo ထဲကို စီးဝင်နေတဲ့ Catatumbo River က သိပ်သည်းမှု့၊ စိုထိုင်းမှု့များသော ရေခိုးရေငွေ့တော့ အမြဲသယ်ဆောင်လာလို့ဖြစ်ကြောင်း သိပ္ပံပညာရှင်များကကောက်ချက်ချထားပါတယ်။

၆ ။ Old Faithful, Yellowstone National Park

အမေရိကန်နိုင်ငံ Yellow Stone အမျိုးသားပန်းခြံဟာ နှစ်စ ဉ် ကမ္ဘာလှည့် ခရီးသည်ပေါင်း ၃.၅ သန်းကျော်ကို ပန်းခြံအတွင်းလာရောက်လည်ပတ်လေ့လာ နိုင်ဖို့အတွက်ဆွဲဆောင် နိုင်ခဲ့ပါတယ် အဲဒီပန်းခြံထဲမှာ ဘာတွေများ ထူးထူးခြားခြားရှိသလည်းဆိုတော့ ကျယ်ပြောလှတဲ့ ပန်းခြံဧရိယာထဲမှာ များပြားလှတဲ့ Geyser လို့ခေါ်တဲ့ မြေအောက် ရေပန်းတွေဟာ လျှပ်တပျက်ထွက်ပေါ်လာတာကြောင့်ဖြစ်ပါတယ် ။

ပန်းခြံတစ်လျှောက် ခန့်မှန်းခြေ နေရာ ၃၀၀ ခန့်မှာ မြေအောက်ထဲမှ ရေပူတွေဟာ လျှပ်တပျက် မြေပြင်ပေါ်သို့ ပန်းထွက် လာလေ့ရှိပါတယ် ။အဆိုပါ ရေပူရေပန်းများဟာ ရုတ်တရက် နေရာတခုကနေ ရုတ်ချည်းထွက်ပေါ်လာပြီး ရုတ်တရက် ပျောက်ကွယ်သွားလေ့ရှိပါတယ် ။ အဆိုပါနေရာဒေသ၏မြေအောက်ထဲတွင် ချော်ရည်ပူများရှိသော မြေ အလွာတစ်ခုရှိနေပြီး အဆိုပါအလွှာ၏အပေါ်တွင် မြေအောက် မြစ်တစ်စင်း ဖြတ်စီးနေသောကြောင့်ဟာ သိပ္ပံပညာရှ င်များက ယျဘူယျ ကောက်ချက်ချထားကြပါတယ် ။credit:original uploader