မီးမီးခဲ ကင် ဆာ ရောဂါ ဝေဒနာ ဖြင့် ကွယ် လွန် သွားပါပြီ

အဆိုတော် “မီးမီးခဲ” ကင်ဆာဝေဒနာ ဖြင့် ကွယ်လွန် သွားပါပြီ

အဆိုတော် “မီးမီးခဲ”ဟာ ပြည်ပမှာ နေထိုင်ပြီး ကင်ဆာ ဝေဒနာ ကို နှစ်ပေါင်း များစွာ ခံစား နေရသူ တစ်ယောက် ဖြစ်ပါတယ် ။

ယနေ့ အောက်တိုဘာ ၁၆ ရက်နေ့မှာ မီးမီးခဲ ကင်ဆာဝေဒနာ ခံစား နေရတဲ့ အဆိုတော် မီးမီးခဲ / Naw Khu Mu Paw

(အသက် ၃၇ ) ဟာ ဒီကနေ့ ၊ အောက်တိုဘာလ (၁၆) ရက်နေ့ ၊ သြစတြေးလျ အချိန် ည (၉) နာရီ (၃၁) မိနစ်တွင် ၊ သူမနေထိုင်ရာ သြစတြေးလျ နိုင်ငံ၊ Sydney မြို့မှာ ခရစ်တော် ၌ အိပ် ပျော် သွားခဲ့ပြီလို့ သိရ ပါတယ် ။

မီးမီးခဲ အတွက် ကောင်းရာ သုဂတိလားပါစေကြောင်း အဆိုတော် ထူးအယ်လင်း လူမူ ကွန်ယက်မှာ တင်ထားခဲ့တာ ဖြစ်ပါတယ် ။source : Htoo El Lynn

မီးမီးခဲ ရဲ့ ပရိသတ်ကြီး လည်း အဆိုပါ သတင်း အတွက် အထူးစိတ်မကောင်း ဖြစ်ရပါတယ် ။

အနုပညာ ကြယ် တစ်ပွင့် ကြွေ လွှင့်သွား လို့ အထူး စိတ်မကောင်း ဖြစ်ရ ပါတယ် ။ ကောင်းရာ သုဂတိ လားပါစေ ။

Add a Comment

Your email address will not be published. Required fields are marked *