နတ်တွေရဲ့ စောင့်ရှောက်တာ ခံရဖို့

နတ် တွေ ရဲ့ စောင့် ရှောက် တာ ခံ ရ ဖို့

ရဟန္တာ ရှင်သာရိပုတြာရဲ့ တပည့်ကိုရင်လေး တစ်ပါးဟာ တရားထိုင်ပြီး ကျင့်ကြံ၊ အားထုတ်နေတုန်း အနာဂါမ်ဖြစ်ပြီး ရဟန္တာ ဖြစ်ခါနီးမှာ ရှင်သာရိပုတြာက အပြင်ကနေ ဆွမ်းခံပြီး ကျောင်းကို ပြန်လာခဲ့တာနဲ့ ကြုံတယ်။

အရှင်သာရိပုတြာ ကျောင်းထဲကိုဝင်လိုက်တာနဲ့ ကိုရင်လေးနဲ့ တွေ့ ဆုံ စကားပြောရင် ကိုရင်လေးဟာ သမာဓိပျက်ပြီး ရဟန္တာ မဖြစ်နိုင်တော့ဘူး။

ဘုရားရှင်က ဒါကို သိတော်မူတယ်။ဒါကြောင့် ဘုရားရှင်ဟာ အ ရှင်သာရိပုတြာ မဝင်နိုင်အောင် ကျောင်းတံခါးဝကနေ စောင့်ပြီး စကားပြောဆိုပြီး အချိန်ကို ဆွဲထားခဲ့တယ်။

ဘုရားရှင်ရဲ့အကြံတော်ကို သိတော့ သိကြားမင်းကလည်း ကိုရင်လေး တိတ်ဆိတ်စွာနဲ့ တရားကျင့်နိုင်ဖို့ အတွက် ခြင်္သေ့ အယောင် ဆောင်ပြီး ကျောင်းနားကနေ အခြားတိရစ္ဆာန်တွေ မလာနိုင်အောင် စောင့်ပေးတယ်။

နောက်ပြီး မွန်းတည့်ချိန် ရောက်ခါနီးတဲ့ အတွက် ကိုရင်လေး ရဟ န္တာဖြစ်ပြီး ဆွမ်းမစားရမှာစိုးလို့ နေနတ်သားကလည်း နေလုံးကို ဖမ်းဆုပ်ပြီး မွန်းမလွဲသွားအောင် တားထားတယ်။

ဘုရားရှင်က ကိုရင်လေး ရဟန္တာ ဖြစ်သွားတော့မှ အရှင်သာရိပုတြာကို သင့် တပည့်လေးကို ဆွမ်းသွားကျွေးလိုက်ဦး၊ ဆာနေပြီ ဆိုပြီး ကျောင်းထဲကို ဝင်စေတယ်။ ကိုရင်လေးလည်း ဆွမ်းစားတယ်၊

ဆွမ်းစား ပြီးတော့မှနေနတ်သားကလည်း နေကို လွှတ်ပေးလိုက်တယ်။နေက ချက်ချင်းကြီး မွန်းလွဲသွားတဲ့အတွက် အခြားရဟန်းတွေက မေးလျှောက်တော့မှ ဘုရားရှင်က အဲဒီ ဇာတ်ကြောင်းကို ဟောတော်မူပြီး သူတော်ကောင်းအလုပ်ကို လုပ်လျှင် နတ်တွေ မကူညီ၍ မရကြောင်း ဟောကြားတော် မူခဲ့ပါတယ်။

တကယ်တော့ နတ်ပြည်၊ နတ်လောကမှာ နတ်သဘင် အစည်းဝေးတွေ ကျင်းပတယ်ဆိုတာ လူ့ပြည်ကတရားအားထုတ်တဲ့ သူတော် ကောင်းတွေ၊ သာသနာတော်အတွက် ပေးဆပ် နေသူတွေကို ကာကွယ်ဖို့၊ စောင့်ရှောက်ဖို့ အတွက် အထက် နတ်မင်းကြီးတွေ ကနေ အောက်နတ်တွေ အထိ အဆင့်ဆင့် ခွဲတမ်းချ၊ တာဝန်ပေးခြင်းတွေကို ဆောင်ရွက်တာ ပါပဲ။

တရားကျင့်နေသူ (သို့မဟုတ်) သာသနာတော် အတွက် ပေးဆပ်နေသူတွေဟာ ဒုက္ခ ရောက်နေပြီဆိုရင် နီးစပ်ရာ နတ်တွေက မိမိ နိုင်သလောက် ကူညီရတယ်။

မကူညီရင် အနီးနားက အောက်နတ်တွေဟာ အထက်နတ်မင်းကြီးတွေရဲ့ ဒဏ်ခတ်၊ အပြစ်ပေးခြင်းကို ခံရတယ်။

ဒါကြောင့် သူတို့တွေဟာ သူတော်ကောင်းတွေကို ဥပေက္ခာ ပြုလို့ မရဘူး။ သူတော်ကောင်းတွေ ဘာလိုလည်းဆိုတာ ကူညီပေးဖို့ အမြဲ စောင့်ကြည့်နေရတယ်။

ဒီကိစ္စကို တောထဲမှာ တရားကျင့်နေတဲ့ ဆရာတော်တွေကို လေ့ လာကြည့်ရင်လည်း သိနိုင်ပါတယ်။ ဆရာတော်ကြီးအချို့ဆိုရင် စိတ်ထဲမှာ ဘာမှကို မကြံရဲပါလား လို့တောင် မှတ်တမ်းတွေမှာ တွေ့ရပါတယ်။

ရဟန္တာ ဝေဘူဆရာတော်ဘုရားကြီး ဆိုရင် ဒို့များ စမ်းကြည့်တာ မှန်တယ်ဗျာတဲ့။သစ်ပင်ရှိရင် ဆွမ်းရှိတာပဲ လို့ သစ်ပင်တွေအောက် ဆွမ်းခံတာ ဆွမ်းရကြောင်း စမ်းသပ်ပြီး မိန့်ဆိုဘူးတယ်။

ဒါ့ကြောင့် ရဟန်းဆိုရင်လည်း ဝိနည်း၊ သိက္ခာပုဒ်တွေကို စောင့်ထိမ်းနိုင်မယ်၊ လူဆိုရင်လည်း ငါးပါးသီလကို စောင့်ထိမ်းနိုင်မယ် ဆိုရင် နတ်တွေက စောင့်ရှောက်ဖို့ အမြဲတမ်း စောင့်ကြည့်ပြီး ကူ ညီပေးနေရတယ် ဆိုတာ အသေအချာ ပါပဲ။ crd-ဦးမြင့်ခိုင်

Add a Comment

Your email address will not be published. Required fields are marked *