ကားသမားဘဝတွေကလဲ အန္တရာယ်များလိုက်တာ…ပေ ၈၀ အနက်ရှိသော လမ်းအောက်ကျသွားတဲ့ လွယ်ဂျာလမ်းက ကားတစ်စီး
|ကားသမားဘဝတွေကလဲ အန္တရာယ်များလိုက်တာ…ပေ ၈၀ အနက်ရှိသော လမ်းအောက်ကျသွားတဲ့ လွယ်ဂျာလမ်းက ကားတစ်စီး
unicode လွယ်ဂျယ်လမ်း၌ ဘရိတ်ပေါက်ပြီး မော်တော်ယာဉ်တစ်စီး အောက်သို့ ပြုတ်ကျမှုဖြစ်ပွား
ကချင်ပြည်နယ်၊မိုးမောက်မြို့နယ်တွင် တရုတ်နိုင်ငံသို့ တင် ပို့မည့် ငှက်ပျောသီးတင်မော်တော်ယာဉ်တစ်စီး ဘရိတ်ပေါက်ပြီး လမ်းဘေးထိုးကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၂၄ ရက် နံနက် ၁၀ နာရီခန့်က ကျော်မြင့် အောင်(၂၅)နှစ်၊သုံးမိုင်ကွက်သစ်၊ဗန်းမော်မြို့နေသူ မောင်းနှင် လာသည့် KCN-2B/—- (၁၂)ဘီးမော်တော်ယာဉ်သည်
မိုးမောက် မြို့နယ်၊ ကျောက်စခန်းကျေးရွာအထွက် ဗန်းမော်-မိုးမောက်- လွယ်ဂျယ်သွားကားလမ်း ၊ မိုင်တိုင်အမှတ်(5KM)၊ ခန့်မှန်းမြေ ပုံအညွှန်း(LG-375812)နေရာအရောက်၌ ဘရိတ်ပေါက်ပြီး
ပေ (၈၀)ခန့်အနက်ရှိသော လမ်းအောက်သို့ ပြုတ်ကျခဲ့ပြီး ၎င်းမော် တော်ယာဉ် ဦးခေါင်းပိုင်းနှင့်ကိုယ်ထည်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် တို့တွင်
ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ဗန်းမော်ပြည် သူ့ဆေးရုံကြီးသို့တင်ပို့ခဲ့ရကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်ပြီး မိုးမောက်မြို့မရဲစခန်းက အမှုဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။ လေးစားစွာဖြင့် ဗန်းမော်ပွင့်သစ် အားခရက်ဒစ်ပေးပါတယ် ခင်ဗျာ