ပြည်ပနိုင်ငံက ချီးမြှင့်တဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တဲ့ ပန်းရောင်ခြယ်

ပြည်ပနိုင်ငံကချီးမြှင့်တဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့တဲ့ ပန်းရောင်ခြယ်

အဆိုကောင်းရုံသာမဟုတ်ဘဲ သရုပ်ဆောင်တဲ့ နေရာမှာလည်း ထူး ချွန်သူကတော့ အဆိုတော် ဂရေဟမ်ရဲ့ သမီးချောလေး ပန်းရောင်ခြယ်ပဲ ဖြစ်ပါတယ်။ သူမဟာ ဂီတလောကမှတစ်ဆင့် သရုပ်ဆော င်ဘက်ကို ကူးပြောင်းခဲ့ရာမှာတွင်လည်း ပရိသတ်တွေ အားပေးမှုကို အထူးရရှိခဲ့တာပဲ ဖြစ်ပါတယ်။

သူမ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ” လိပ်ပြာ ” ဇာတ်လမ်းတွဲနဲ့လည်း ပြည်ပနိုင်ငံက ချီးမြှင့်တဲ့ အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြန်ပြီပဲ ဖြစ်ပါတယ်။

မကြာသေးခင် နာရီပိုင်းလောက်ကလည်း ပန်းရောင်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ အခုလိုပဲ ရေးသား ဝေမျှထားတာပဲ ဖြစ်ပါတ ယ်။ ” ဒီနှစ် Asian Academy Creative Awards အတွက် ပန်းရောင် Best Actress In A Leading Role (အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု) National Winner ဖြစ်ခွင့်ရတဲ့အတွက် အရမ်းပျော်ရွှင်မိပါတယ် ။

ဒီ အာရှ အနုပညာ တီထွင်ဖန်တီးမှု အကယ်ဒမီ ဆုချီးမြှင့်ပွဲ မှာ “လိပ်ပြာ” က 4 National Wins ရရှိထားပါတယ် – Best Drama Series, Best Cinematography, Best Theme Song နဲ့ Best Actress In A Leading Role ပါ။

တခြားသော အာရှနိုင်ငံမှ ရုပ်သံဇတ်လမ်းများနဲ့အတူ ပန်းရောင်တို့က အာရှမှာ အကောင်းဆုံး ဇတ်လမ်းတွဲဆု၊ အကောင်းဆုံးရုပ်ရှင်ဓါတ်ပုံဆု၊ အကောင်းဆုံး ရုပ်ရှင်ဇာတ်ဝင်တေးဆု နဲ့အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုတို့ကို မြန်မာနိုင်ငံ ကိုယ်စားပြုရင်း ဆ န်ကာတင် စာရင်းဝင်သွားပြီ ဖြစ်ပါတယ်။

ဆုပေးပွဲကိုဒီဇင်ဘာလမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ “လိပ်ပြာ” အဖွဲ့သားတွေနဲ့အတူ ဂုဏ်ယူရပါတယ် အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။ ဒါ ပန်းရောင်ရဲ့ ပထမဦးဆုံးရုပ်ရှင် နဲ့ ပထမဦးဆုံး nomination ပါ။

အများကြီးဆက်ကြိုးစားရပါဦးမယ် ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။ Source and Photo Crd- Pan Yaung Chel’s Facebook Page