မင်းသာကြီးရန်အောင်က ဝေဠုကျော်ရဲ့ပရဟိတ အလုပ်တွေအတွက်သိန်း(၂၀)ကျော်လှူဒါန်း ပေးခဲ့

ဝေဠုကျော်ရဲ့ပရဟိတအလုပ်တွေအတွက်သိန်း(၂၀)ကျော်လှူဒါန်း ပေးခဲ့တဲ့ ရန်အောင်

ပရိသတ်ကြီးရေ အကယ်ဒမီများရှင် ရန်အောင်ကတော့ လွန်ခဲ့တဲ့ရက်ပိုင်းက ပရိသတ်ကြီးနဲ့အတူ ပရဟိတ အလှူလေးတစ်ခုပြုလုပ်ဖို့ စီစဉ်ခဲ့ပြီး ဒီနေ့မှာတော့ ဒီအလှူလေး အထမြောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

အောက်တိုဘာ(၄) ရက်နေ့မှစတင်ကာ OK $ application နဲ့ပူးပေါင်းပြီး လုပ်မယ့် အလှူလေးမှာ သူနဲ့အတူ ပရိသတ်ကိုပါ ပါ ဝင်လှူဒါန်းပေးကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

Facebook Live လွှင့်ပြီး ပရိသတ်တွေနဲ့ ပျော်စရာစကားလေးတွေ ကျန်းမာရေး ဗဟုသုတရစရာတွေကို မျှဝေပေးခဲ့ပြီး အိုကေဒေါ်လာ လှူဒါန်းမှုအစီအစဉ်လေးကို အကောင်အထည်ဖော်ခဲ့ပါတယ်။

ဒီနေ့မှာတော့ ရန်အောင်ကို ချစ်ခင်အားပေးသူ ပရိသတ်ကြီး ထည့်ဝင်ခဲ့တဲ့ စုပေါင်း အလှူငွေ နှစ်ဆယ့်တစ်သိန်းကျော်ကို ဝေဠုကျော်ဖောင်ဒေးရှင်းမှာ လှူဒါန်းခဲ့ပြီ ဖြစ်ကြောင်း သတင်းကောင်းလေးကို မျှဝေလာပါတယ်။

အခုချိန်မှာ ကိုဗစ်ကာကွယ်ရေးအတွက် လိုအပ်နေတဲ့ PPE ဝတ် စုံနဲ့ အခြား ကာကွယ်ရေးပစ္စည်းတွေ အရေးတကြီး လိုအပ်နေတာကြောင့် ဝေဠုကျော် ဖောင်ဒေးရှင်းမှာ လှူဒါန်းခြင်းဖြစ်ကြောင်း မျှ ဝေဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် ဒီအလှူလေးကို လှူဒါန်းရခြင်း ကောင်းမှုကြောင့် (၃၁) ဘုံမှာ ကျင်လည်ကုန်သော လူ၊နတ်၊ဗြဟ္မာ၊ သတ္တဝါအပေါင်း မရမရှိ ရရှိပြီး အန္တရာယ်အမျိုးမျိုးမှ လွတ်ကင်းကြပါစေ ၊ ကပ်ရောဂါအမျိုးမျိုးမှ ကင်းဝေးကြပါစေ၊ရန်သူမျိုးငါးပါးမှ ကင်းလွတ်ကျော် လွှားနိုင်ကြပါစေ ဆိုပြီးတော့လည်း ဆုတောင်းမေတ္တာ ပို့သခဲ့ပါတ ယ်။

ပရိသတ်ကြီးရေ အခုလို ကိုဗစ် ကာကွယ်ရေးအတွက် ဦးဆောင်ပြီး အလှူလေး လုပ်ပေးခဲ့တဲ့ ရန်အောင်နဲ့ သူ့ရဲ့ပရိသတ်များအတွ က် သာဓု ခေါ်ပေးခဲ့ကြပါဦးနော်။Source – Yan Aung