နောက်ကျောတက် ဇက်ကြောတက် လက်ပြင်ငုတ် အုံး လွဲနေတဲ့သူများအတွက် နာရီပိုင်းအတွင်းသက်သာ ပျောက်ကင်းစေတဲ့နည်း

နောက်ကျောတက် ဇက်ကြောတက် လက်ပြင်ငုတ် အုံးလွဲနေသူ များ အတွက် နာရီပိုင်း အတွင်း ပျောက်တဲ့နည်း

နောက်ကျောတက် ဇက်ကြောတက် လက်ပြင်ငုတ် အုံးလွဲနေသူ များ အတွက် နာရီပိုင်း အတွင်း ပျောက်တဲ့ နည်းလေးပါ။

အဆင့် (၁) ခြေစုံ ရပ် ခါးကို မတ်မတ်ထား လက်နှစ်ဖက်ကို နဖူးပေါ်တင် ခေါင်းကို နောက်လှန်နိုင်သလောက် လှန် ဖိထားပါ။ ခါးမပါသွား ပါစေနဲ့။ ၁၀ စက္ကန့်ရေပြီး ပြည့်ရင် ဖြည်းဖြည်း လွှတ်ပါ။

အဆင့် (၂) ခြေစုံရပ် ခါး ကို မတ်မတ်ထား လက်နှစ်ဖက်ကို နော က်စေ့မှာ ကပ်ပြီး ခေါင်းကို ရှေ့ဖိနိုင်သလောက် ဖိပါ ။ ခါးကုန်းမသွားပါစေနဲ့။ ၁၀ စက္ကန့်ရေပြီး ပြည့်ရင် ဖြည်းဖြည်း လွှတ်ပါ။

အဆင့် (၃)ခြေစုံရပ် ခါး ကို မတ်မတ်ထား ဘယ်ဘက်လက်ကို ခါးထောက်ထားပြီး ညာဘက်လက်က ဦးခေါင်း ကို အပေါ်ကနေ ညာဘက်ပါနိုင်သလောက် ဆွဲဖိထားပါ။ ခါးမပါစေနဲ့။ ၁၀ စက္ကန့်ရေပြီး ပြည့်ရင် ဖြည်းဖြည်း လွှတ်ပါ။

အဆင့် (၄)ခြေစုံရပ် ခါး ကို မတ်မတ်ထား ညာဘက်လက်ကို ခါးထောက်ထားပြီး ဘယ်ဘက်လက်က ဦးခေါင်းကို အပေါ်ကနေ ဘ ယ်ဘက်ပါနိုင်သလောက် ဆွဲဖိထားပါ။ ခါးမပါစေနဲ့။ ၁၀ စက္ကန့်ရေပြီး ပြည့်ရင် ဖြည်းဖြည်း လွှတ်ပါ။

အဆင့် (၅)ခြေစုံရပ် ခါးကို မတ်မတ်ထား ဘယ်ဘက်လက် ကိုခါးထောက်ထားပြီး ညာဘက်လက်က မေးစေ့ကို ဘယ်ဘက်ပုခုံးနဲ့ ထိနိုင်သလောက်ထိ တွန်းလှည့်ထားပါ။ဘယ်ဘက်ပုခုံးက ရှေ့ကို တိုးမလာပါစေနဲ့ မေးစေ့ကပဲပုခုံးပေါ် ရောက်နိုင်သလောက် ရောက်အောင် လှည့်တင်ထားပါ ။ စက္ကန့်ရေပြီး ပြည့်ရင် ဖြည်းဖြည်း လွှ တ်ပါ။

အဆင့် (၆)ခြေစုံရပ် ခါး ကို မတ်မတ်ထား ညာဘက်လက်ကို ခါးထောက်ထားပြီး ဘယ်ဘက်လက် က မေးစေ့ကို ညာဘက် ပုခုံးနဲ့ ထိနိုင်သလောက်ထိ တွန်းလှည့်ထားပါ။ ညာဘက်ပုခုံးက ရှေ့ကို တိုးမလာ ပါစေနဲ့ မေးစေ့ကပဲ ပုခုံးပေါ် ရောက်နိုင်သလောက် ရော က်အောင် လှည့်တင် ထားပါ ။ စက္ကန့်ရေပြီး ပြည့်ရင် ဖြည်းဖြည်း လွှတ်ပါ။

ဒီနည်းအတိုင်း အကြိမ်ရေ အကန့်အသတ် မရှိ နားနားပြီး လုပ်ပေးပါ။ များများလုပ်ပေးနိုင်လေ မြန်မြန် ပျောက်ကင်းလေပါ ။ ကိုယ် တိုင် လက်တွေ့ ပျောက်ကင်းသွားလို့ ပြန်လည်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်။ credit

Tags: