သင့်ခန္ဓာကိုနဲ့ ရင်းပြီး ပိုက်ဆံရှာတဲ့ နည်းလမ်းများ

သင့်ခန္ဓာကို ရောင်းပြီး ပိုက်ဆံရှာတဲ့ နည်းလမ်းများ

သင့်ခန္ဓာကိုယ်ကို ဒါမှမဟုတ် သင့်အချိန်တွေကို ရောင်းပြီး ကျပ်သိန်းပေါင်းများစွာ ပိုက်ဆံရှာလို့ရတယ်ဆိုတာ သင်သိပါသလား။ မြန်မာနိုင်ငံမှာတော့ အရမ်းခေတ်မစားသေးပေမယ့် အနောက်နိုင်ငံတွေမှာ ခေတ်စားနေပါတယ်။ ဒါပေမယ့် သတိတော့ထားကြပါ။ ခုပြောပြမယ့်ဟာတွေက ထင်သလောက် လွယ်ကူတာတော့ မဟုတ်ပါဘူးနော်။လူတိုင်းလည်း လုပ်လို့ရတဲ့ အခွင့်အရေး မဟုတ်ပါဘူး။

ရက် ၆၀ ခုတင်ပေါ်မှာ ဆက်တိုက် လှဲနေခြင်း ($18500)

နာဆာက သူတို့ စမ်းသပ်မယ့် သုတေသနမှာ ပါဝင်ဖို့ ဆန္ဒရှိတဲ့ သူတွေကို ရက် ၆၀ ကြာလှဲပြီး စမ်းသပ်ဖို့ ရှိနေပါတယ်။ အဲ့အတွက်ကိုလည်း ဒေါ်လာ ၁၈,၅၀၀ ပေးသွားမှာဖြစ်ပါတယ်။၂ လအတွင်း မြန်မာငွေ သိန်း ၂၈၀ လောက်တော့ ရနိုင်မယ့် အလုပ်မျိုးပါပဲ။ ဒါပေမယ့် ထင်သလောက် မလွယ်ပါဘူး။

လုပ်ချင်တဲ့သူအနေနဲ့ ရက် ၆၀ လုံး ရေပြင်ညီအတိုင်း လှဲနေရပြီး အစာစားတာ အပါအဝင် ဆေးကြေတာတို့ အပေါ့အလေးသွားတာတို့တောင် ရေပြင်ညီအတိုင်း လှဲနေပြီး ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ ခုလိုသုသေတနလုပ်ရတဲ့ ရည်ရွယ်ချက်က အာကာသပေါ်မှာ ကမ္ဘာ့မြေကြီးဆွဲငင်အားလွတ်ပြီး အလေးချိန်မဲ့တဲ့အခါ လူ့ခန္ဓာကိုယ်က ဘယ်လိုပြောင်းလဲ တုန့်ပြန်သလဲဆိုတာ စမ်းသပ်ဖို့အတွက်ပဲဖြစ်ပါတယ်။

ဒီစမ်းသပ်မှုမှာ ပါဝင်ချင်တဲ့သူက အကြာကြီးလှဲလျောင်းနေရမှာဆိုတော့ တော်တော်စိတ်ခိုင်တဲ့သူမှ ရပါလိမ့်မယ်။ သင့်အနေနဲ့ ကံမကောင်းခဲ့ရင် ကြွက်သားလှုပ်ရှားမှုမရှိတော့ပဲ အကြောများသေကာ သင်ရလာတဲ့ ပိုက်ဆံနဲ့ ပြန်ကုသရဖို့ ရှိနေပါတယ်

မစင်ကို ရောင်းခြင်း ($ 50)

လူတွေမလိုလို့ စွန့်ပစ်တဲ့မစင်က တခြားသူ တစ်စုံတစ်ယောက်အ တွက် အရမ်း အသုံးဝင် နေလိမ့်မယ်လို့ မထင်မိကြဘူး မလား။ လျှောက်ပြောနေတာ မဟုတ်ပါဘူးနော်။ ဒါကတော့ အကြောင်း ရင်းရှိပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ဒီမစင်တွေကို C. Difficile (စီ ဒစ်ဖစ်ကလေ) ဆိုတဲ့ ရောဂါပိုးကဖြစ်လာတဲ့ လူကိုသေစေနိုင်တဲ့ အူမရောင်ရောဂါကို ကုသဖို့ပဲဖြစ်ပါတယ်။ ဒီရောဂါပိုးကြောင့် ဖြစ်လာတဲ့ အူမရောင်ရောဂါက ဆေးနဲ့ ကုသလို့လည်း မပျောက်တာကြော င့် လူရဲ့ မစင်ကို ဆေးထိုးကုသရတာပဲဖြစ်ပါတယ်။ ဒါပေမယ့် သ င့် မစင်ကိုမရောင်းခင် သင် အချက် ၂ ချက်ကိုတော့ သိထားဖို့ လိုပါတယ်နော်။

တစ်ချက်က သင့်အနေနဲ့ Cambridge (ကမ်းဘရစ်ခ်ျ) မြို့က ဒီ သုတေတန လုပ်ရာနေရာနဲ့ နီးရာမှာ နေဖို့တော့ လိုပါတယ်။ဒါမှ သင့်အနေနဲ့ တစ်ပတ်ကို အနည်းဆုံး ၃ ခါ သွား ရောက် မစင်လှူဒါန်းနိုင်မှာပဲဖြစ်ပါတယ်။ နောက်တစ်ချက်က သင့်အနေနဲ့ တော်ရုံ ကျန်းမာရုံနဲ့ မရပါဘူး။ အရမ်းကျန်းမာနေတဲ့ လူတစ်ယောက်ဖြစ်ဖို့တော့ လိုပါတယ်နော်။

ဝင်ငွေအနေနဲ့တော့ တစ်ခါလာ ရောင်းတိုင်း ဒေါ်လာ ၄၀ ပေးပြီး တစ်ပတ်ကို ၅ ခါလာရင်တော့ bonus အနေနဲ့ ဒေါ်လာ ၅၀ ထပ်ပေးတယ်လို့ သိရပါတယ်။ ဒါကြောင့် တစ်ပတ်ကို ဒေါ်လာ ၂၅၀ ရှာနိုင်မှာဖြစ်ပါတယ်နော်။

ဒါပေမယ့် အရမ်းကျန်းမာသန်စွမ်းနေတဲ့ လူမှ ရမှာဖြစ်ပါတယ်။ တချို့ ရွံံ့စရာကောင်းလို့ စကားပြောရင် တောင် ထည့်ပြောဖို့ မသင့်တော်တဲ့ အရာတွေက ဆေးပညာနယ်ပယ်မှာ တကယ်အသုံး ဝင်နေပြီး လူ့အသက်တွေကို ကယ်ဆယ်နေတာဖြစ်ပါတယ်။

သွေးရည်ကြည် ရောင်းခြင်း ($50)

သွေးရည်ကြည်ဆိုတာ လူတစ်ယောက်ရဲ့ သွေးထဲမှာ ပါဝင်မှု အ များဆုံးအရာပဲ ဖြစ်ပါတယ်။ သွေးရည်ကြည်က ရေဓာတ်အများဆုံးပါဝင်ပေမယ့် ပရိုတင်းဓာတ်ပေါကြွယ်ဝပြီး အင်ဇိုင်းဓာတ်တို့ ရောဂါကာကွယ်ပေးတဲ့ ပဋိပစ္စည်းတို့ ဆားဓာတ်တို့ ပါဝင်နေပါတ ယ်။

ဒီ ဝါကြည့်ကြည့် သွေးရည်ကြည်တွေက ဘယ်နေရာမှာ အသုံးဝင်သလဲဆိုတော့…. သွေးပိတ်ဆို့လေ့ရှိတဲ့ လူနာတို့ .. ကိုယ့်ရဲ့ ခုခံ အားစနစ်က ကိုယ့်ခန္ဓာကိုယ်ကို ပြန်တိုက်ခိုက်တဲ့အခါမျိုးတွေမှာ ကုသရာမှာ အသုံးဝင်ပါတယ်။

သွေးရည်ကြည်ကိုတော့ ပုံမှန်သွေးထုတ်ယူသလိုယူပြီး စက်တစ်ခုက သွေးရည်ကြည့်နဲ့ သွေးကို ခွဲထုတ်လိုက်ပြီး သွေးကိုတော့ လူ့ခန္ဓာကိုယ်ထဲ ပြန်ထည့်ပေးလိုက်ပါတယ်။ သွေးရည်ကြည်တစ်ခါရောင်းတိုင်း ဒေါ်လာ ၅၀ ဝန်းကျင်လောက် ပေးတယ်လို့ သိရပါတယ်။လူတစ်ယောက်ဟာ သွေးရည်ကြည်ကို တစ်လ တစ်ခါ လုံ ခြုံစိတ်ချစွာ လှူဒါန်းနိုင်ပါတယ်လို့ သိရပါတယ်။

အငှားကိုယ်ဝန်ဆောင်ခြင်း ($24,000-$45,000)

ဒါကတော့ အခြား လူရဲ့ ကိုယ်စား ကိုယ်ဝန်ဆောင်ပေးတာပဲဖြစ်ပါတယ်။မျိုးမအောင်တဲ့ စုံတွဲတွေတို့ LGBT စုံတွဲတွေတို့ ကျန်းမာ ရေးအရ ကိုယ်ဝန်ဆောင်ဖို့ အဆင်မပြေတဲ့ စုံတွဲတွေအတွက် အငှားကိုယ်ဝန်ဆောင်တာက အကောင်းဆုံး ဖြေရှင်းချက်ပဲ ဖြစ်ပါတ ယ်။ ပရိတ်သတ်တို့လည်း ကြားဖူးကြပြီးသား ဖြစ်ကြမှပါ။

နာမည်ကြီးဘောလုံးသမား ခရစ်စီယာနိုရော်နယ်ဒိုရဲ့ အမွှာကလေး နှစ်ယောက်ဖြစ်တဲ့ မတ်တီရိုနဲ့ အေဗာတို့ကိုလည်း အငှားကိုယ်ဝန်နဲ့ လွယ်ပြီးမွေးခဲ့တာပဲဖြစ်ပါတယ်။ သူများကိုယ်ဝန်ကို ကိုယ့်ရဲ့ ခန္ဓာ ကိုယ်စတေးပြီး လွယ်ပေးရတဲ့ ကိုးလ ကာလပတ်လုံးအတွက် ဝင် ငွေကလည်း မနည်းပါဘူး။

ဒါပေမယ့် ဒီလိုအငှားကိုယ်ဝန်တွေက တချို့နေရာတွေမှာ တရား ဝင် ခွင့်မပြုထားပါဘူး။ ထောင်ချတာ ဒါမှမဟုတ် ဒဏ်ကြေးပြင်း ပြင်းထန်ထန်ပေးဆောင်ရတာမျိုးတွေ ရှိပါတယ်။ အငှားကိုယ်ဝန် ဆောင်ပေးမယ့်သူတွေအနေနဲ့ ဒေါ်လာ ၂၄,၀၀၀ ကနေ ၄၅,၀၀၀ ထိရနိုင်ပါတယ်။

သုတ်ပိုးကို ရောင်းခြင်း ($35-$125)

ယောက်ကျားလေးတွေကို သုတ်ပိုးရောင်းရင် ၃၅ ဒေါ်လာကနေ ၁၂၅ ဒေါ်လာကြားပေးတယ်လို့ သိရပါတယ်။ သုတ်ပိုးရောင်းတာ လက်ခံတဲ့ ပရိုဂရမ် တော်တော်များများကတော့ လာရောင်းတဲ့သူတွေကို ၆ လ ဒါမှမဟုတ် တစ်နှစ်ကြာ ဆက်တိုက်လှူဒါန်းတာမျိုးကို လိုချင်ကြပါတယ်။ မန်ဟန်တန် ခရိုင်ရိုဘဏ်ရဲ့ ပြောပြချက်အ ရ တစ်လကို ဒေါ်လာ ၁၅၀၀ ထိပေးတယ်လို့ ဆိုပါတယ်။

များသောအားဖြင့်တော့ သုတ်ပိုးဝယ်တဲ့နေရာတော်တော်များများက လာရောင်းတဲ့သူတွေနဲ့ ပတ်သတ်ပြီး အရမ်းရွေးချယ်စီစစ်ကြပါတယ်။ ရောင်းချင်တဲ့ သူတိုင်း လာရောင်းလို့ မရပါဘူး။ကျန်းမာတယ်.. အရက်ရှည်တယ်.. ပညာတတ်တယ်.. အသက်ငယ်တဲ့သူတွေကို ရွေးချယ်လေ့ရှိကြပါတယ်။

ဒါပေမယ့် ရောင်းချင်တဲ့သူတွေအနေနဲ့ ထပ်သိထားရမှာက သင့်အနေနဲ့ အမည်မဖော်ပဲ ရောင်းလိုက်ပေမယ့် ခုလိုအရမ်း ခေတ်မှီလာချိန်မှာ DNA စစ်ဆေးပြီးတော့ သင့်နောက်ကို လာရောက်ရှာဖွေနိုင်ပါတယ်နော်။

မျိုးဥ ရောင်းခြင်း ($8000-$14,000)

မျိုးဥရောင်းတယ် ဆိုတာကတော့ မျိုးမအောင်တော့တဲ့ အမျိုးသ မီးတွေ အတွက် အခြားသူတစ်ယောက်ရဲ့ ကျန်းမာတဲ့ မျိုးဥကို ယူပြီးတော့ ကိုယ်ဝန်ဆောင်လာနိုင်အောင် လုပ်ပေးတာပဲဖြစ်ပါတယ် ။စမ်းသပ်စစ်ဆေးတာတွေကော အကုန်အပါအဝင် ကြာချိန် လေးပတ်လောက်တော့ အချိန်ပေးရတယ်လို့ သိရပါတယ်။

မျိုးဥထုတ်ယူချိန်ကတော့ မိနှစ် ၂၀ လောက်သာ ကြာပေမယ့် ပြန် လည် နာလန်ပြန်ထူလာဖို့တော့ ရက်တော်တော်ကြာ အချိန်ပေးရပါတယ်။ ထုတ်ယူပြီးသား မျိုးအောင်တဲ့ ဥကိုတော့ မျိုးမအောင်တဲ့ အမျိုးသမီးရဲ့ သားအိမ်ထည့်ပေးလိုက်တဲ့အခါမှာတော့ သားအိမ်က မျိုးဥတွေ ပိုမိုထုတ်လုတ်နိုင်လာမှာပဲ ဖြစ်ပါတယ်။

မျိုးဥရောင်းချင်ရင်တော့ အမျိုးသမီးတွေအနေနဲ့ ၂၁ နှစ်ကနေ ၃၅ နှစ်ကြားရှိဖို့တော့ လိုပါတယ်။ ဒါပေမယ့် မိန်းကလေးတွေအနေနဲ့ မျိုးဥရောင်းဖို့ စာရင်းပေးမသွင်းခင် အဲ့တာနဲ့ ပတ်သတ်တဲ့ အန္တ ရာယ်တွေကို သိထားဖို့တော့ လိုအပ်ပါတယ်။

ဖြစ်လာနိုင်တဲ့ အန္တရယ် တွေကတော့ သားအိမ်မှာ ကြွက်သားဖြ စ်ပေါ်မှု မူမမှန်ခြင်း ၊ခေါင်းမူးဝေခြင်း၊ရောဂါပိုးဝင်နိုင်ခြင်း၊ ကျော က်ကပ် ပျက်စီးနိုင်ခြင်း၊ အဆိုးဆုံးအနေနဲ့ အသက်ပါဆုံးရှုံးနိုင်ပါတယ်။သင့်အနေနဲ့ သင်ငှားပေးလိုက်တဲ့ မျိုးဥနဲ့မွေးလာတဲ့ ကလေးက သင့်ကို နောက်တစ်ချိန်မှာ လာရှာနိုင်တာကိုလည်း သတိတော့ ထားပေါ့နော်။

ဓာတ်ခွဲခန်းမှာ အစမ်းသပ်ခံခြင်း

ဒီဟာကတော့ လူတွေကို ဆေးဝါးအသစ်ထုတ်လုပ်တဲ့အခါမှာ စမ်းသတ်တဲ့အနေနဲ့ အသုံးပြုတာပဲ ဖြစ်ပါတယ် ။ ဥပမာ အနေနဲ့ သွေး တိုးတဲ့ ရောဂါကိုကုသဖို့ ဆေးဝါးအသစ်ကို စမ်းသပ်ရာမှာ သင့်အ နေနဲ့ အစမ်းသပ်ခံအဖြစ် ပါဝင်လို့ရပါတယ်။

ဒါကြောင့် ပါဝင် အစမ်းသပ်ခံမယ့်သူ အတွက် အန္တရာယ်တော့ရှိလာနိုင်ပါတယ်။အဲ့ဒီအတွက်ကိုလည်း အန္တရာယ်များလေလေ ပိုက် ဆံ ပိုရလေလေပဲဖြစ်ပါတယ်။သင့်အနေနဲ့ သတိထားရမှာက အဲ့လို့ စမ်းသပ်မှု ပြုလုပ်တဲ့ ပရိုဂရမ်တိုင်းကိုတော့ ယုံလို့ မဖြစ်ပါဘူး။

အစိုးရ ဒါမှမဟုတ် သတ်ဆိုင်ရာ အဖွဲ့အစည်း တွေက ထောက်ခံထားတဲ့ ပရိုဂရမ်တွေဖြစ်ဖို့တော့ လိုပါတယ်နော်။ မိမိရဲ့ ခန္ဓာကိုယ်ကို ရောင်းချပြီး ပိုက်ဆံရှာလို့ရတဲ့ နည်းလမ်းတွေထဲက တချို့ဟာတွေက ဟာသဆန်နေပြီး တချို့ဟာတွေက အန္တရယ်အရမ်းများနေတာ တွေ့ရမှာဖြစ်ပါတယ်။

ပိုက်ဆံအများအပြားရပေမယ့်လည်း တခြားတစ်ဖက်မှာ အသက်အန္တရာယ် ထိခိုက်လာတဲ့ထိတောင် ဖြစ်လာစေနိုင်ပါတယ်။ ပရိတ်သတ်တို့အနေနဲ့ကော ဘယ်နည်းလမ်းနဲ့ ရောင်းချချင်သလဲဆိုတာလည်း ပြောပြပေးသွားကြပါအုံး။Credit – shwenyanshin

Tags:

Add a Comment

Your email address will not be published. Required fields are marked *