ကိုဗစ်ပိုး ကူးစက်မှုကြောင့် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်၊ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီး ဘဝနတ်ထံ ပျံလွန်တော်မူ

ကိုဗစ်ပိုး ကူးစက်မှုကြောင့် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်၊ ရွှေ တိဂုံစေတီတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီး ဘဝနတ်ထံ ပျံလွန်တော်မူ

ကိုဗစ်ပိုး ကူးစက်မှုကြောင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ ရွှေတိ ဂုံစေတီတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီး ဆရာ တော်ဘဒ္ဒန္တခေမိန္ဒာစာရ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ (အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ) စတုဘုမ္မိက နိကာယဂဏနာယက (ငှက်တွင်း) အကျိုးတော်ဆောင် ယနေ့မနက်က ဘဝနတ်ထံ ပျံလွန်တော်မူသွားကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန် ကြီးဌာန (သာသနာရေး) ၊ ဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းကပြောသည်။

“ဆရာတော်ကြီး ဘဝနတ်ထံ ပျံလွန်တော်မူ သွားပါပြီ၊ အောက်တို ဘာ၇ ရက်နေ့က ကိုဗစ်ပိုးတွေ့ပါတယ်၊နောက် သင်္ဃန်းကျွန်းဆေး ရုံ၊နောက် ဧရာဝတီကုသရေးစင်တာကို အောက်တိုဘာ ၁၁ရက်နေ့ က ပြောင်းရွှေ့ ကုသပါတယ်၊ ဒီနေ့ မနက် ၅နာရီ ၅၅ မိနစ်တွင် ဘ ဝနတ်ထံ ပျံလွန်တော်မူသွားပါတယ်”ဟု ၎င်းကပြောသည်။

ဘဝနတ်ထံ ပျံလွန်တော်မူသွားသည့် ဆရာတော် ဘဒ္ဒန္တ ခေမိန္ဒာစာရ သည် သက်တော် (၆၉)၊ သိက္ခာ (၄၉)ဝါ ရှိပြီး ရန်ကုန် တိုင်း ဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အနော်ရထာလမ်းနှင့် ၅၃-လမ်းထောင့်၊စတုဘုမ္မိက ဗဟိုဌာနကျော င်းတိုက်၊ဦးစီးပဓာ နနာယက လည်းဖြစ်တော်မူသည်ဟု သိရသည်

ဆရာတော်ကြီးကို ယနေ့ ၁၅-၁၀-၂ဝ၂ဝ (ကြာသပတေးနေ့) နံန က် ၉း၄၉ အချိန်တွင် အန္တိမဈာပန သဂြိုဟ်ပြီးစီးသွားပြီဟုလည်း သိရှိရသည်။ အရှင်တေဇနိယ (မန်းတောင်ခြေ)က ဆရာတော်ကြီးနှင့် ပတ်သတ်ပြီး“ကျောင်းမှာ သီတင်းသုံးရင်း အသက်ရူရတာ မကောင်းလို့ ကားဒရိုင်ဘာနဲ့အတူ ဝေဘာဂီဆေးရုံမှာ သွားပြတယ်။

စစ်ဆေးကြည့်လိုက်တော့ ကိုဗစ်ပိုးရှိတာ တွေ့ရတယ်။ဒါနဲ့ကျောင်း တိုက်ကို လော့ဒေါင်းချ သံဃာ/ကျောင်းသားအားလုံးသက်ဆိုင်ရာသို့ ပြောင်းရွေ့ခဲ့ရတယ်။ သက်သာပြီ ပြန်ရတော့မယ်လို့ထင်နေမှ ဒီမနက်မှာ ပျံလွန်တော်မူသွားတယ် ။ ဒီဖြစ်စဉ်အားလုံးဟာရက်သ တ္တပတ် အတွင်းမှာဖြစ်သွားတယ်၊

ကိုဗစ် ရောဂန္တရကပ်ဆိုးကြောင့် အရွယ်မျိုးစုံ အဆင့်အတန်းမျိုးစုံ အသက် သေဆုံးခြင်းနဲ့ ကြုံရတယ်၊ ကပ်ရောဂါနှင့် ကြုံနေရတဲ့ အ ခါမှာတော့ ရာထူး အာ ဏာပါဝါ ဘယ်လောက်ကြီးကြီး ငွေကြေးဘယ်လောက် တတ်နိုင်တ တ်နိုင် လူမသိ/သူမသိ တိတ်တဆိတ် ပင်ဒဟေနိက္ခေပန အမှုပြုခဲ့ရတယ်၊

” ကော ဇညာ မရဏံ သုဝေ” ကပ်ရောဂါ ကာလအတွင်းမှာသွေး တိုး/ဆီးချိုအခြေခံရှိသူများ အထူးသတိထားတော်မူကြပါ ဘု ရား ဘဝသံသရာ ခရီးရှည်ကြီးမှာ ဘေးဘယာဝေးကွာ….ကျန်းမာချမ်းသာကြပါစေ…..”ဟု ဖေ့ဘုတ်စာမျက်နှာထက် မိန့်ကြားထား သည်ကို တွေ့ရသည်။ crd :MRTV

Tags: