သနပ်ခါး ကြိုက်တဲ့ မိန်းခလေး တွေ သိထားသင့်တဲ့ ဗဟုသုတ လေးပါ

သနပ်ခါး ကြိုက်တဲ့ မိန်းခလေးတွေ အတွက် သိထားသင့်တဲ့ ဗဟုသုတ လေးပါ

မေမေ ပြောပြတဲ့ ပျိုမေ တို့အကြိုက် သနပ်ခါး ကျောက်ပျဉ် သန ပ်ခါး ကျောက်ပြင် အသစ်ဆို ရေလေးဆေးလိုက်ပြီး သနပ်ခါးတုံးသွေးထည့်လိုက်တာပဲ အဲသလို လုပ်လို့မရပါဘူး။

ကျောက်သား အစစ်ကို ထွင်းထားတဲ့ ကျောက်ပျဉ် ဖြစ်ဖြစ် ဘိလ ပ် မြေ လိုမျိုးကို ပုံပြု့ထားတဲ့ ကျောက်ပျဉ်ဖြစ်ဖြစ် ပထမဦးဆုံး အ သုံးမပြု့ခင်မှာ ဝယ်လာတဲ့ ကျောက်ပျဉ်ကို ရေစင်စင်ဆေးပြီး ကျောက်ပျဉ်ကို ရေပုန်းထဲကို ထည့်ပြီး ရေနဲ့တစ်ည စိမ်ထားပါ။

နောက်တစ်ရက်မှာ နနွန်းတက်နဲ့ ဆီ+ဆားနဲ့ကို သွေးပြီး တစ်နေကု န်နေလှမ်းထားရပါတယ် ဆီခြောက်တော့မှ သနပ်ခါးကျောက်ပျဉ်ကို ရေထပ်ဆေးပြီးမှ မိမိကြိုက်နှစ်သက်ရာ သနပ်ခါးတုံး ကိုသွေးရပါတယ်။

ထွက်လာတဲ့ သနပ်ခါး ကလေးတွေက ညက်နေပြီး တနေကုန်ပါးပြင်ပေါ် အရာထင်နေပါတယ်တဲ့ကဲ ကျောက်ပျဉ်အသစ်ကို ဘယ် လို အသုံးပြု့ရသလဲဆိုတာ သိသွားပြီပေါ့။

မေမေပြောပြတယ် ကျောက်ပျဉ် ပေါ်သနပ်ခါး သွေးတာ လေ့ကျ င့်ခန်း တစ်ခုလုပ်တာနဲ့ တူတူပဲတဲ့ ဒါပေမဲ့ ကြမ်းပြင်ပေါ် ချသွေးရတာမဟုတ်ပဲ မိမိခါးအလည်လောက် အမြင့်ရှိတဲ့နေရာမှာ ထားပြီးသွေးရမယ်တဲ့။

သနပ်ခါးကို အားစိုက်သွေးနေရတော့ လေ့ကျင့်ခန်း လုပ်နေတယ်လို့မထင်ရပေမယ့် နှစ်နဲ့ချီပြီး နေ့စဉ်သွေးနေရတော့ လက်မောင်းကြွက်သွားတွေက ပိုပြီးသန်မာတယ် ပျော့ပြီးရွဲကျခြင်းမျိုး မဖြစ်ဘူးတဲ့ ဘယ်ညာတော့ လှည့်သွေးပေါ့တဲ့ ငရုပ်သီးထောင်း တာလဲအတူတူပဲတဲ့ ခေါင်းလေ့ကျင့်ခန်းကတော့ ရေအိုး ရွက်တာပါတဲ့ မေမေ အမေ(အဖွား)ပြောပြတာလို့ပြောတယ်။ မိုးမခ