ပွန်ပေမြို့က ရှေးဟောင်းပစ္စည်းတွေခိုးယူခဲ့ပြီးနောက် ကျိန်စာသင့်ခဲ့လို့ ပြန်ပို့ပေးခဲ့ရတဲ့ ကမ္ဘာလှည့်ခရီးသွားအမျိုးသမီး

ပွန်ပေမြို့က ရှေးဟောင်းပစ္စည်းတွေခိုးယူခဲ့ပြီးနောက် ကျိန်စာသင့်ခဲ့လို့ ပြန်ပို့ပေးခဲ့ရတဲ့ ကမ္ဘာလှည့်ခရီးသွားအမျိုးသမီး

ရှေးဟောင်းပွန်ပေမြို့က ရှေးဟောင်းပစ္စည်း အပိုင်းအစတွေကို တတိတိနဲ့ ခိုးယူနေခဲ့တဲ့ ကမ္ဘာလှည့်ခရီးသွား တစ်ဦးဟာ ကျိန်စာသင့်မှုတွေ ခံနေခဲ့ရပြီးနောက်မှာ အဆိုပါ ပစ္စည်းတွေကို ပြန်လည်ပေး အပ်သွားခဲ့တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၁၅ နှစ်ကစတင်ကာ ရှေးဟောင်းပစ္စည်းတွေကို ဖြည်းဖြ ည်းချင်းစီ ခိုးယူနေခဲ့တာလည်း ဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီးသွားတစ်ဦးဖြစ်တဲ့ ကနေဒါ က အမျိုးသမီးဖြစ်ပြီး နစ်ကိုးလ်လို့ အမည်ရကာ ပါကင်ထုပ်ထားတဲ့ အုပ်ကြွပ်ပန်းချီကားနှစ်ချပ်၊ ပွန်ပီမြို့က ခရီးသွား အေးဂျင့်တစ်ဦးရဲ့ ကြွေထည် မြေထည် အပိုင်းအစတွေကို ပြန်လည် ပေးအပ်ခဲ့တာဖြစ်ပြီး ဝန်ခံစာတစ်စောင်လည်း ပါဝင်ခဲ့တယ်လို့ The Guardian သတင်းဌာနက ဖော်ပြခဲ့ပါတယ်

နစ်ကိုးလ်ဟာ သူမရဲ့အသက် ၂ဝ နှစ် ကျော်အတွင်းမှာ ပွန်ပီ ကို သွားရောက် လည်ပတ်ခဲ့တာလို့ သိရပါတယ်။ သူမဟာ အဲဒီကနေ ရှေးဟောင်းပစ္စည်းတွေကို ခိုးယူခဲ့ပြီးနောက်မှာ ကံဆိုးမိုးမှောင်ကျမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ဒါဟာ ခိုးယူခဲ့တာကြောင့်လို့ သူမက ယုံကြ ည်နေခဲ့ပါတယ်။

ရင်သားကင်ဆာခံစားရမှု နှစ်ကြိမ်အပါအဝင် ငွေကြေးပိုင်းဆိုင်ရာအခက်အခဲတွေနဲ့လည်း ရင်ဆိုင်ခဲ့ရတယ်လို့ သူမက ဖွင့်ဟခဲ့ပါတ ယ်။ “ကျေးဇူးပြုပြီး ဒါတွေကို ပြန်လည်ပို့ပေးလိုက်ပါတယ်၊ ဒါတွေက ကံဆိုးခြင်းတွေကို ယူဆောင်လာခဲ့တာပါ” လို့ သူမရဲ့ စာထဲမှာ ပါဝင်ခဲ့ပါတယ်။

ခိုးယူခဲ့စဉ်တုန်းက သူမဟာ သမိုင်းဝင်ပစ္စည်းအစိတ်အပိုင်းတွေကို လိုချင်မက်မောနေခဲ့တာဖြစ်ပြီး ဘယ်သူ့ဆီမှာမှ မရှိတဲ့အရာတွေကို လိုချင်ခဲ့မိတာလို့ ဝန်ခံခဲ့ပါတယ်။ဒါပေမယ့်လည်း ရှေးဟောင်း ပစ္စည်းတွေက ပျက်စီးခြင်းနဲ့ စပ်လျဉ်းတဲ့ စွမ်းအင်တွေအများကြီးရှိနေတယ်လို့ သူမက လက်ခံခဲ့ပါတယ်။

ပွန်ပီကတော့ အီတလီနိုင်ငံ၊ နေပယ်လ်မြို့တော်အနီးမှာတည်ရှိခဲ့တဲ့ မြို့ဟောင်းဖြစ်ပြီး မြို့လယ်ခေါင်မှာတော့ Vesuvius မီးတော င်ကြီး တည်ရှိနေခဲ့ပါတယ်။ အေဒီ ၇၉ ခုနှစ်က နောက်ဆုံးအကြိမ်ပေါက်ကွဲခဲ့တဲ့ မီးတောင်ကြောင့် ပွန်ပီမြို့ဟာ ချော်ရည်ပူတွေအော က်ကို ရောက်ခဲ့ရပြီး လူပေါင်းနှစ်ထောင်ကျော်အထိ သေဆုံးခဲ့ရတဲ့အထိ အဖြစ်ဆိုးခဲ့ရပါတယ်။

အီတလီရဲ့ ဆွဲဆောင်မှုအရှိဆုံး ရှေးဟောင်း ဒေသတစ်ခု ဖြစ်ပြီး ခရီးသွားတွေရဲ့ ခိုးယူမှုဒဏ်ကိုလည်း နှစ်ပေါင်းများစွာ ခံစားနေခဲ့ရပါတယ်။ နစ်ကိုးလ်က သူမရဲ့စာထဲမှာ ဒီအဖြစ်ကနေ သင်ခန်းစာယူမယ်လို့ ဆိုခဲ့ပြီး ဘုရားသခင်ဆီက ခွင့်လွှတ်မှုကို ရရှိချင်တယ်လို့လည်း ရေးသားခဲ့ပါသေးတယ်။

“အခုဆို ကျွန်မအသက်က ၃၆ နှစ်ရှိပါပြီ၊ ရင်သားကင်ဆာဝေဒနာကို နှစ်ကြိမ်တိုင်တိုင် ခံစားခဲ့ရပြီး နောက်ဆုံးအကြိမ် မှာတော့ ရင် သားနှစ်ခုလုံးကို ဖြတ်ထုတ်ခဲ့ရပါတယ်၊ ကျွန်မမိသားစုနဲ့ ကျွန်မကို ယ်တိုင်လည်း ငွေရေးကြေးရေး ပြသနာတွေ ကြုံတွေ့ခဲ့ရ ပါတယ်၊ ကျွန်မတို့က လူကောင်းတွေပါ၊ ဒီကျိန်စာဆိုးတွေကို ကျွန်မမိသား စု ဒါမှမဟုတ် ကလေးတွေအပေါ် မကျရောက်စေချင်ပါဘူး” လို့ နစ်ကိုးလ်က ရေးသားခဲ့ပါတယ်။

အခုလိုမျိုး နောင်တရမှုကို နစ်ကိုးလ်တစ်ဦးတည်း ကြုံတွေ့ခဲ့ရတာမဟုတ်သေးပါဘူး။ အခြားသော လူနှစ်ဦးဆီက ပြန်လည်ပေးပို့မှုတွေလည်းရှိနေခဲ့ပြီးတော့ ကနေဒါနိုင်ငံကပဲဖြစ်ကာ ကျောက်တုံးတချို့ကို ၂၀၀၅ ခုနှစ်အတွင်းက ခိုးယူခဲ့တာဖြစ်ပြီး ဝန်ခံစာနဲ့အတူ ပြန်လည်ပေးပို့ခဲ့တာဖြစ်ပါတယ်။

“မီးတောင်ပေါက်ကွဲမှုအတွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ သေကျေပျက်စီးမှုတွေ၊ နာကျင်ခံစားရမှုတွေကို ကျွန်တော်တို့ မတွေးတောခဲ့ကြဘဲနဲ့ သူတို့ကို ယူဆောင်သွားခဲ့မိပါတယ်၊ ဒီအတွက် စိတ်မကောင်းပါဘူး၊ ကျေးဇးပြုပြီး ကျွန်တော်တို့ရဲ့ မိုက်မဲတဲ့ရွေးချယ်မှုကို ခွင့်လွှ တ်ပေးကြပါ၊ သူတို့ရဲ့ ၀ိဉာဉ်တွေ ငြိမ်းချမ်းစွာနဲ့ အနားယူနိုင်ကြပါစေ” လို့ အဆိုပါစာအတွင်းမှာလည်း ရေးသားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ကာလတွေအတွင်းမှာ အဆိုပါရှေးဟောင်းဒေသကနေ ပစ္စည်းခိုးယူသွားမှုတွေ အများအပြားရှိခဲ့ပြီးနောက် ပြန်လည်ပေးပို့မှုတွေလည်း အများကြီးရှိခဲ့ပါတယ်။ အပြစ်ရှိကြောင်းဝန်ခံမှုတွေနဲ့အတူ ပေးပို့ခဲ့တာဖြစ်ပြီး တာဝန်ရှိသူတွေက အဆိုပါပစ္စည်းတွေနဲ့ အကြောင်းအရာ တွေကို ဖော်ပြဖို့ အတွက် ပြတိုက်တစ်ခုကို တည် ဆောက်ခဲ့ကြပါတယ်။

အချိန် အများစုမှာတော့ ခရီးသွားတွေဟာ ရှေးဟောင်းပစ္စည်းတွေကို အမှတ်တရအဖြစ် ယူဆောင်ခဲ့ကြပြီး တချို့ကတော့ အွန်လိုင်းကတဆင့် ပြန်လည်ရောင်းချခဲ့ကြပါတယ်။၂၀၁၅ ခုနှစ်အတွင်းကဆိုရင် အပျက်အစီးတွေ ကြားကနေ ယူလာခဲ့တဲ့ အုတ်ခဲ တစ်လုံးကို eBayကတဆင့် လေလံတင် ရောင်းချဖို့အတွက်ကို ကြော်ငြာခဲ့ကြောင်းလည်း တွေ့ရှိခဲ့ရပါတယ်။ credit: original uploader

Tags:

Add a Comment

Your email address will not be published. Required fields are marked *