ဟာသသရုပ်ဆောင် ဒိန်းဒေါင်နဲ့အတူ လူ့အသက် (၂)ချောင်းကိုကယ်တင်ခဲ့တဲ့ နေတိုး

ဟာသသရုပ်ဆောင် ဒိန်းဒေါင်နဲ့အတူ လူ့အသက် (၂)ချောင်းကိုကယ်တင်ခဲ့တဲ့ နေတိုး

ပရိသတ်တွေချစ်ရတဲ့ ဟာသ သရုပ်ဆောင် လူရွှင်တော် ဒိန်းဒေါင်ကတော့ Covid-19 ကာလမှာ သူ့ရဲ့ ချွန်တွန်း ပရဟိတအဖွဲ့တွေနဲ့အတူ အလှူအတန်းတွေ ဆက်တိုက်ဆိုသလိုလုပ်ဆောင်နေခဲ့ပါတယ် ။

ချွန်တွန်းပရဟိတကို လာရောက် လှူဒါန်းကြတဲ့ အလှူငွေတွေနဲ့ လို အပ်နေတဲ့ နေရာတွေ ကူညီလှူဒါန်းခဲ့ပြီး ဆင်းရဲတဲ့ သက်ကြီး ဘိုး ဘွား တွေကိုလည်း အိမ်တိုင်ရာရောက် လိုက်လံလှူဒါန်းမှုတွေပြုလု ပ်ခဲ့ပါတယ် ။

လတ်တလောမှာလည်း ဒိန်းဒေါင်က သူ့ရဲ့ ချွန်တွန်းပရဟိတအဖွဲ့နဲ့အတူ ကျန်းမာရေး မကောင်းပေမယ့် ဆေးကုသစရိတ်မတတ်နိုင်တဲ့ ရောဂါဝေဒနာ ခံစားနေရသူတွေကို အိမ်တိုင်ရာရောက် ဆေးကုသစရိတ်တွေလှူဒါန်းခဲ့သလို ဆေးရုံတက်ရမယ့် လူနာတွေအတွက်လည်း ဆေးရုံစရိတ်တွေ လိုက်လံထောက်ပံ့ပေးခဲ့ပါတယ် ။

အောက်တိုဘာလ (၁၃)ရက်နေ့မှာတော့ သရုပ်ဆောင် အကယ်ဒမီနေတိုး ဟာ ချွန်တွန်း ပရဟိတ အလှူရှင်များနဲ့ အတူ အသက် (၂) ချောင်းကို ကယ်တင်လိုက်တဲ့ အကြောင်းကို ဒိန်းဒေါင်က သူ့ရဲ့လူ မှုကွန်ရက် စာမျက်နှာထက်ကနေ ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။

ကိုဗစ်ကာလမှာ အလုပ်မရှိတော့တဲ့အတွက် ကလေးမီးဖွား စရိတ်တွေကို အိမ်စရိတ်အဖြစ်သုံးရင်း ကလေးမွေးဖို့အခက်ခဲဖြစ်နေတဲ့ ကိုယ်ဝန်သည်တစ်ယောက်အတွက် နေတိုးက ငွေကျပ် (၅) သိန်းလှူဒါန်းခဲ့တာဖြစ်ပြီး ချွန်တွန်းပရဟိတ ကိုလာရောက်လှူဒါန်းတဲ့အ လှူရှင်တွေနဲ့ စုပေါင်းပြီး ကလေးရော လူကြီးရော အသက် (၂) ချောင်းကို ကယ်တင်လိုက်နိုင်တာပဲ ဖြစ်ပါတယ် ။

ကိုနေတိုးနဲ့ ဒိန်းဒေါင်တို့ပရဟိတအသင်းလည်း ဒီထက်မက လှူနိုင်တန်းနိုင်တဲ့ သူတွေဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။Source : Dain Daung

Add a Comment

Your email address will not be published. Required fields are marked *