Stay at Home ထုတ် ပြန်ထားချိန်မှာ Project K အဖွဲ့အား ရန်ကုန် လေဆိပ်မှာ အမျိုးသားရေး သမားတွေ ကန့်ကွက်ရှုံ့ချနေ

ရန်ကုန်မှာ Stay at Home ထုတ်ပြန်ထားချိန် Project K အဖွဲ့ကို ရန်ကုန်လေဆိပ်မှာ အမျိုးသားရေးသမားတွေ ဆန္ဒပြ

ရန်ကုန်မှာ ကိုကိုကျွန်းမြို့နယ်က လွဲလို့ ကျန်တဲ့မြို့နယ်တွေအား လုံးကို Stay at Home ထုတ်ပြန်ထားချိန် ဒီနေ့ညပိုင်းမှာပဲ အ မျိုးသားရေး တက်ကြွ လှုပ်ရှားသူများမှ ရန်ကုန် လေဆိပ်ရှေ့မှာ ဆန္ဒထုတ်ဖော်မှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

သူတို့တွေဟာ ရွှေတိဂုံဘုရားပုံကို LED ကြမ်းပြင်မှာ ဖော်ပြပြီး ကပြဖျော်ဖြေခဲ့တယ်ဆိုတဲ့ Project -K အဖွဲ့ကို ရန်ကုန်လေဆိ ပ်မှာ စုရုံး ဆန္ဒထုတ်ဖော် နေကြပါတယ်။

“သူတို့တွေကို ဥပဒေပြုတဲ့ လူတွေက သက်ဆိုင်ရာ ဥပဒေတွေနဲ့အ ရေးယူဖို့ လိုပါတယ်။ အရေးမယူဘူးဆိုရင် တခြားလူတွေကလိုက်လုပ်တော့မှာ၊ အရေးမယူဘူး ဆိုရင်တော့ ဥပဒေပြုတဲ့ သူတွေက တ ရားခံတွေ ဖြစ်ပါလိမ့်မယ်”လို့ မျိူးချစ် ရဟန်းတော်များသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် အရှင်ပညာဝံသက ပြောပါတယ်။

အခုချိန်မှာတော့ Project-K အဖွဲ့ဟာ ရန်ကုန် အပြည်ပြည်ဆို င်ရာ လေဆိပ်ကို ရောက်ရှိနေပြီး ထွက်ခွာဖို့ ပြင်ဆင်နေတယ်လို့လ ည်း ကနဦး သတင်းတွေအရ သိရပါတယ်။

ကိုရီးယားနိုင်ငံမှာ ကျင်းပတဲ့Asia Song Festival 2020 ကိုသွားဖျော်ဖြေတဲ့ Project-K အဖွဲ့ဟာ ကြမ်းပြင်မှာ ရွှေတိဂုံဘုရားပုံ ထားထားတာနဲ့ ပတ်သက်လို့ သူတို့ အနေနဲ့ မသိလိုက်ကြောင်းနဲ့ ပွဲစီစဉ်သူတွေ ဘက်ကလုပ်တာ ဖြစ်တဲ့အကြောင်း ဖြေရှင်းထားပါတယ်။ Ref ; O Media

Tags:

Add a Comment

Your email address will not be published. Required fields are marked *