မမှန်ရင် လျှာအဖြတ်ခံရဲပါတယ်ဆိုတဲ့ (2021) မှာဖြစ်လာမယ့် ကံဇာတာ ဗေဒင် ဟောစာတမ်းများ

မမှန်ရင် လျှာအဖြတ်ခံရဲပါတယ်ဆိုတဲ့ (2021) မှာဖြစ်လာမယ့် ကံဇာတာ ဗေဒင် ဟောစာတမ်းများ😁😁😁

(1) ဇန်နဝါရီ။ ဇန်နဝါရီလမှာ မွေးဖွားသူတွေကတော့ ထူးထူးခြားခြား တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို့ရဲ့မွေးနေ့ဟာ(၁) လပိုင်းအတွင်း ကျရောက်မှာ ဖြစ်ပါတယ်။ သူတို့ဟာ လမ်းလျှောက်ရင် ဘယ်တစ်လှမ်း၊ ညာတစ်လှမ်း လျှောက်ကြသူများ ဖြစ်ကြပြီး ရေများများသောက်ရင် သေးများများ ပေါက်တတ်တာကိုတော့ သတိထားပေးပါ …။

(2) ဖေဖော်ဝါရီ။ ဖေဖော်ဝါရီလမှာ မွေးဖွားသူတွေဟာ နှစ်တွေကြာလာတာနဲ့အမျှ အသက်တွေ ကြီးကြီးလာတတ်ပြီး ၂၀၂၁ အ တွင်းမှာတော့ထမင်းစားပြီးတိုင်း ဗိုက်မဆာတတ်ကြတဲ့ သူတွေဖြစ်ပါတယ်။ ဆောရန်၊ ရှောင်ရန်တွေကတော့ ကားလမ်းကူးရင် ဘယ်ကြည့်၊ညာကြည့်၊ ဘယ်ပြန်ကြည့်၊ ညာပြန်ကြည့် ပြီးရင်ကူးဆိုတဲ့ ယတြာလေးကို ပြုလုပ် ပေးနိုင်ပါတယ် …။

(3) မတ်။ မတ်လမှာ မွေးဖွားသူ တွေကတော့ မွေးလနာမည်နဲ့ တိုက်ဆိုင်စွာပဲ လမ်းလျှောက်ရင် မတ်တပ်အရင် ထရပ်ကြတဲ့ သူမျိုးဖြစ်ပါတယ်။သူတို့တွေဟာ နေပူထဲအထွက်များတာမျိုး၊ကမ်း ခြေပင်လယ်တွေမှာ ရေကူးတာမျိုးပြုလုပ်မိရင် အသားမဲတတ်တာမို့အသားမမဲချင်ရင်တော့ အဲ့ဒီအချက်တွေကို ရှောင်သင့်ပါတယ် …။

(4) ဧပြီ ။ ဧပြီလမှာ မွေးဖွားသူတွေဟာ အများအားဖြင့် ခေါင်းမှာဆံပင်ပေါက်တတ်ပြီး နားရွက်တွေဟာ ဘယ်တစ်ဖက်၊ ညာတ စ်ဖက်သာ ရှိကြပါတယ်။ရေသောက်များပါက ရှုရှုးပေါက်ရင် အ ဝေးကြီးရောက်တတ်တဲ့ လူစားမျိုးတွေပဲ ဖြစ်ပါတယ် …။

(5) မေ ။ မေလမှာ မွေးဖွားသူလို့ ဆိုခဲ့တဲ့အတိုင်းပဲ သူတို့တစ်ဦးခြင်းဆီမှာ ကိုယ်ပိုင်အမေတစ်ဦးဆီ ရှိကြပါတယ်။ ဘတ်စ်ကားစီးရင် အပေါက်ဝနားပိတ်မရပ်ပါနဲ့၊စပယ်ရာဟောက်တာကို ခံရတတ်သလို၊ တစ်ခါတစ်ရံမှာ အကြွေလည်း ပြန်အမ်းမခံရပါဘူးနော်။

(6) ဇွန် ။ ဇွန်လမှာ မွေးဖွားသူအားလုံးလိုလိုဟာ ဘယ်လောက်ပဲ ရာထူးကြီးကြီး အိမ်သာတတ်ရင် ဖင်လှန်တက်ကြရပါတယ်။ အိမ် သာတက်ပြီးဖင်မဆေးရင်တော့ ဖင်ဝဲပေါက်တတ် သလို၊ ကိစ္စပြီးရင် ရေလောင်းဖို့ မမေ့သင့်ပါဘူး …။

(7) ဇူလိုင် ။ ဇူလိုင်လမှာ မွေးဖွားသူတွေဟာ ငယ်ငယ်တုန်းကအိပ်ယာပေါ်မှာ ရှုရှုးပေါက်ချခဲ့ဖူးတဲ့ သူတွေဖြစ်ကြပါတယ်။ သူတို့ရဲ့သွေးတွေဟာ အနီရောင်ရှိပြီးသူတို့ကို အမှောင်ခန်းထဲ ထည့်ထားပါက မဲမဲမဲမဲသာ မြင်တွေ့ရမှာပဲဖြစ်ပါတယ် …။

(8) သြဂုတ် ။ သြဂုတ်လမှာ မွေးဖွားသူတွေကတော့ ဝေးဝေးပြေးရင်မောတတ်ပြီး ထိုင်နေပြန်တော့လည်း ခုံနဲ့ဖင်နဲ့ ကပ်နေတတ်ပါတယ်။သူတို့ရှာထား ဖွေထားသမျှ ငွေတွေဟာ သုံးလိုက်ရင် ကုန်ကုန်သွားတတ်တာမို့ စိတ်ညစ်ရတတ်ပါတယ်။ အဲ့တာတော့သတိ ထားပေးပါ …။

(9) စက်တင်ဘာ ။ အိပ်လိုက်တိုင်း မျက်စိမှိတ်မှိတ်သွားတာက စက်တင်ဘာ မွေးနေ့ရှင်တွေပါ။ ထမင်းတွေဟာ စားလိုက်တိုင်း ဗိုက်ထဲ ရောက်ရောက် သွားတတ်ပြီး ထမင်းတစ်ခါစားရုံနဲ့ မပြီးပဲ နောက်နေ့ကျ ထပ်စားရပြန်ပါတယ် …။

(10) အောက်တိုဘာ ။ အောက်တိုဘာလ မွေးနေ့ရှင်တွေနဲ့ ၁၀ လပိုင်း မွေးနေ့ရှင်တွေဟာ အတူတူပဲဆိုတာကို ပြောလိုက်ရင် မအံ့သြသွားပါနဲ့။အဲ့ဒါတစ်ကယ်ပါ။သူတို့ဟာ ငယ်ငယ်တုန်းက သေးသေးလေး ဖြစ်ကြပြီး ကြီးလာတော့ တဖြည်းဖြည်း ကြီးလာကြပါတယ် …။(ကိုယ်ခန္ဓာကိုပြောတာပါနော်)

(11) နိုဝင်ဘာ ။ နိုဝင်ဘာလ မွေးနေ့ရှင်တွေထဲက အမျိုးသားတွေဟာ ယောက်ျားလေးတွေဖြစ်ကြပြီး အမျိုးသမီးတွေကတော့ မိန်းကလေးတွေ ဖြစ်ကြပါတယ်။ယောက်ျားလေးတွေဟာ ကလေးမမွေးနိုင်ကြပဲ၊ မိန်းကလေးတွေသာ မွေးနိုင်ကြလေ့ ရှိပါတယ် …။

(12) ဒီဇင်ဘာ ။ နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလမှာ မွေးဖွားသူတွေ ဖြစ်ကြပြီးတစ်နှစ်မှ တစ်ခါမွေးနေ့လုပ်နိုင်ကြသူတွေပါ။ ပက်လက်အိပ်ရင် ကျောနဲ့မွေ့ယာကပ်နေတတ်ပြီး မှောက်ရပ်အိပ်ရင် ဗိုက်နဲ့မွေ့ယာကပ်နေမှာပဲ ဖြစ်ပါတယ်နော် …။

တနေ့တာပင်ပန်းစိတ်ညစ်မှုများ ကင်းဝေးပြီး ဘဝအမောတွေပြေကြပါစေရန် တင်ပြပေးလိုက်ပါတယ်။ ရယ်မောခြင်းဖြင့် ဘဝအ မောပြေနိုင်ကြပါစေ 😂😂😂 crd :မူရင်းတင်သူ

Tags: