ဖားကန့် ဝှေခါမှော်က တွေ့သည့် ကျောက်စိမ်းအရိုင်းတုံးကြီးကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းမည်ဟုဆို

ဖားကန့် ဝှေခါမှော်က တွေ့သည့် ကျောက်စိမ်းအရိုင်းတုံးကြီးကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းမည်ဟုဆို

ဖားကန့် ဝှေခါမှော်က တွေ့သည့် ကျောက်စိမ်း အရိုင်းတုံးကြီးကို နိုင်ငံတော်ပိုင် အဖြစ် သိမ်းမည်ဟုဆို ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါမှော်ရွာရှိ သက်တမ်းကုန် လုပ်ကွက် တစ်ခု ကနေ အောက်တိုဘာ (၁၂) ရက် ညပိုင်းက အရွယ် အစားကြီးမားတဲ့ ကျောက်စိမ်း အရိုင်းတုံးကြီးကို တွေ့ရှိခဲ့ပြီး နိုင်ငံ တော်ပိုင်အဖြစ် သိမ်းယူ သွားမှာဖြစ်တယ်လို့ လုံးခင်း ကျောက်စိမ်း တူးဖော်ရေးဌာန လက်ထောက်အထွေထွေ မန်နေဂျာ ဦးသန်းထွန်း ကပြောပါတယ်။

“မနေ့ည ၁ နာရီလောက်မှာတွေ့တာပါ။ ဒီနေ့မနက်ကြမှ သယ်ဖို့ပြုဖို့ လမ်းကြောင်းစီစဉ် တာတွေလုပ်နေတာပါ။ ကျောက်စိမ်းရိုင်းရဲ့တန်ချိန် တန်ဖိုးက ကျွန်တော်တို့ ကျောက်စိမ်းရုံးရောက်မှ သိရမှာပါ။ ဒီမှာ အရည်အသွေးကို ကြည့်ပြီး တန်ဖိုးဖြတ်တဲ့ အဖွဲ့တွေက တန်ဖိုး ဖြတ်မယ်။အလေးချိန်တန်ချိန် ချိန်တာတွေ လုပ်ရမှာပေါ့” လို့ ဦးသန်းထွန်းက ဆိုပါတယ်။

ဝှေခါမှော်မှာ တရားမဝင် ကျောက်စိမ်း ခိုးတူးဖော်နေသူတွေ ရှိပြီး အုပ်ချုပ်ရေးအဖွဲ့တွေ ၊ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကျောက်စိမ်း တူးဖော်ရေးဌာန တာဝန်ရှိသူတွေက ခိုးတူးသူတွေကို လိုက်လံတားဆီးတာ၊ သက်တမ်းကုန်နဲ့ သက်တမ်းကျန် လုပ်ကွက်တွေအတွင်း ဝင်ရောက်တာ မပြုဖို့ ကွင်းဆင်း စစ်ဆေးချိန်မှာ အခုလို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

ဝှေခါကျေးရွာ တာဝန်ခံ ဦးကျော်မင်းကတော့ အဲဒီကျောက်စိမ်းအရိုင်းတုံးကြီးဟာ ခန့်မှန်းတန်ချိန် (၈၀၀)လောက်ရှိပြီး ကျောက်စိမ်းမျိုးမမှန်ဘူးလို့ဆိုပါတယ်။ သတင်း/ဓာတ်ပုံ-ကိုတာ(ဖားကန့်) crd:One News Myanmar