ဒေါ်အောင်ဆန်းစုကြည် စီးခဲ့သော လှည်းယာဉ်ကို NLD ပါတီရံပုံငွေအတွက် လေလံပစ်၍ရောင်းချသွားမည်

ဒေါ်အောင်ဆန်းစုကြည်စီးခဲ့သော လှည်းယာဉ်ကို NLD ပါတီရံပုံငွေအတွက် လေလံပစ်၍ရောင်းချသွားမည်

လွန်ခဲ့သော ၁၉၈၈ ခုနှစ်က မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့သို့ စည်းရုံးရေး ဆင်းခဲ့စဉ် ဒေါ်အောင်ဆန်းစုကြည် စီးခဲ့သော လှည်းယာဉ်ကို လေလံပစ်၍ရောင်းချရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။

၁၉၈၈ ခုနှစ်နှင့်၁၉၉၇ ခုနှစ်များက နှစ်ကြိမ်တိုင် စည်းရုံးရေးဆင်း ခဲ့သော ဒေါ်အောင်ဆန်းစုကြည်ကို ပခုက္ကူ-ရေစကြိုမှ မြင်းခြံမြို့သို့ ရေကြောင်းခရီးဖြင့်လာခဲ့စဉ်တွင် မြင်းခြံမြို့၏ဆိပ်ကမ်းမှ မြို့ တွင်းသို့ ဝင်ရောက်ရန် အတွက် မြင်းခြံမြို့အနီးရှိ လေးအိမ်တန်းကျေး ရွာ၌နေထိုင်သော ဦးကျော်မြင့် ပိုင်ဆိုင်သည့် အဆိုပါလှည်း ယာဉ်ဖြင့် လူထုက ကြိုဆို ပို့ဆောင် ပေးခဲ့ကြခြင်းဖြစ် ကြောင်းသိရသည်။

“လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်လောက်က ဒေါ်အောင်ဆန်းစုကြည် ဟာ စည်းရုံးရေး ဆင်းလာဖို့အတွက် ပခုက္ကူ-ရေစကြိုကနေ ပြီးတော့ ကျွ န်တော်တို့ မြင်းခြံမြို့ရောက်ဖို့ရာဝတီမြစ်ကို ကျော်မှရတာပေါ့ ရေ ကြောင်းနဲ့ရောက်လာတဲ့ ဒေါ်စုကို ကျွန်တော်တို့မြို့ လူထုကနေ အခုလေလံပစ်မယ့် ဦးကျော်မြင့်ပိုင် လှည်းယာဉ်နဲ့ သွားကြိုခဲ့တာပေါ့။

ဘာလို့လဲဆိုရင် မြင်းခြံမြို့နဲ့ မြစ်ဆိပ်ကမ်းနဲ့က ၇ မိုင်ကွာတယ်။ သဲ သောင်ပြင်ကြီးလည်း ရှိနေတဲ့အခါကျတော့ ကားလည်းသွားမရတာကြောင့် လှည်းယာဉ်နဲ့ကြိုရတာပါ။” ဟု မြင်းခြံမြို့ NLD ပါတီဝင် ဦးဌေးမြင့်မောင်က ပြောသည်။

အဆိုပါလှည်းယာဉ်ကို လာမည့်အောက်တိုဘာ ၁၆ ရက်၌ မြင်းခြံမြို့ NLD ပါတီအောင်နိုင်ရေးဝန်းရံထောက်ခံပွဲ၌ လေလံပစ်သွားမည်ဖြစ်သည့်အတွက် အသေးစိတ်စီစဉ်ဆောင်ရွက်လျက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

“လာမယ့် အောက်တိုဘာ ၁၆ ရက်မှာပြုလုပ်မယ့် NLD ပါတီအောင်နိုင်ရေး လူထု စည်းရုံးရေးဝန်းရံပွဲမှာ လေလံပစ်ဖို့ပါ။ ကြမ်း ခင်းဈေး သတ်မှတ်ဖို့နဲ့ အွန်လိုင်းကနေလည်း ဘယ်လိုလေလံပစ်ဆောင်ရွက်ရမလဲဆိုတဲ့ အသေးစိတ်တွေကို တိုင်ပင်ညှိနှိုင်းဆောင် ရွက်နေကြရဆဲပါ” ဟု မြင်းခြံမြို့ NLDပါတီနာယက ဦးဌေးဝင်းက ပြောသည်။

လက်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် စီးခဲ့စဉ်အချိန်မှ ယခုအချိန်အထိသက်တမ်းနှစ် ၃၀ ကျော်ပြီ ဖြစ်သော အ ဆို ပါလှည်းယာဉ်မှာ ပျက်စီးမှုအနည်းငယ် ရှိသော်လည်း ပြင်ဆင်မွမ်းမံထားပြီး ပိုင်ရှင် ဦးကျော်မြင့်နေထိုင်ရာ မြင်းခြံမြို့အနီးလေးအိမ်တန်းကျေးရွာ၌ ထိန်းသိမ်းထားရှိကြောင်း သိရသည်။ခရက်ဒစ် အကုန်သိ