မြန်မာပြည်က ဗန်ဒါပင်တွေ ရွှေဖြစ်ပြီ ဗန်ဒါသီးစေ့ အကြောင်းသိကောင်းစရာ

မြန်မာပြည်က ဗန်ဒါပင်တွေ ရွှေဖြစ်ပြီ ဗန်ဒါသီးစေ့ အကြောင်းသိကောင်းစရာ

မြန်မာပြည်မှာ ဗန်ဒါပင် (ဗန်ဒါသီး) လို့ အလွယ် ခေါ်လေ့ရှိတာကြောင့်၊“ဗာဒံပင်” ဆိုတဲ့ သူ့မူလအမည် ပျောက်ကွယ်နေပါတယ်။အင်္ဂလိပ်အမည်ကတော့ Indian Almond ပါတဲ့။

ဗာဒံစေ့နဲ့ ပတ်သက်ပြီး လူနဲ့တည့်တယ်၊ ကျန်းမာရေးကောင်းတ ယ်၊ အသားအရေကို ကောင်းစေတယ် စတဲ့အခြေခံ ဗဟုသုတလောက်တော့ လူတိုင်းသိကြမှာပါ။ သို့သော် ဗာဒံစေ့နဲ့ပတ်သက်ပြီး၊ ကျန်းမာရေး အကျိုးကျေးဇူးတွေ ဘယ်လောက်တောင် မျာ ပြားတယ် ဆိုတာသိနိုင်ကြပါစေရန် မျှဝေရေးသားလိုက်ရပါတယ်။

ဗာဒံပင်က အကြီးမြန်ပြီး၊အရွက်တွေ ကလည်းတဆင့်ပြီးတဆင့် အတက်မြန်တာကြောင့် မြန်မာနိုင်ငံမှာ အရိပ်ရအပင်အဖြစ် စိုက် ပျိုးလေ့ရှိကြပါတယ်။ အပင်ကိုပေါပေါများများမြင်တွေ့နေရတာရယ်၊ အပင်အောက်မှာ ကလေးငယ်အချို့ကြွေကျလာတဲ့ အသီးကိုအုတ်နီခဲအကျိုးဖြင့် ထုခွဲစားနေကြတာရယ်ကြောင့် အရိပ်ရပင်မှရတဲ့ အစေ့ရဲ့ကျန်းမာရေးတန်ဖိုးကို သတိမမူမိကြပါဘူး။ယနေ့ နိုင်ငံတကာမှာတော့ ဗာဒံစေ့နဲ့ ၎င်းမှရတဲ့အဆီကို တန်ဖိုးထား စားသုံးနေကြပါပြီ။

ဗဟုသုတအနေဖြင့် မျှဝေရပါလျှင် ဂရိနိုင်ငံရဲ့ မင်္ဂလာဆောင်တွေမှာ ဗာဒံစေ့ကို “wedding sweets” အဖြစ် အထူးတလည် ဧည့်ခံနေကြပါတယ်။အီရန်နိုင်ငံမှာတော့ NewYear ပါတီပွဲတို့လို ထူးထူးခြားခြားနှစ်ပတ်လည် ဧည့်ခံပွဲတွေမှာပင်လယ်မှ ဆားဖြ င့်အငံဖောက်ထားတဲ့ ဗာဒံစေ့ လှော်နဲ့ ဧည့်ခံလေ့ရှိပါတယ်တဲ့။

မော်ရော့ကိုနိုင်ငံရဲ့ အရေးကြီးအခမ်းအနား များမှာဗာဒံစေ့မှုန့်ရောထားတဲ့ နွားနို့က မပါလျှင်မပြီးပြန်ပါဘူးpasanda-style (ခေါ်) အိန္ဒိရိုးရာဟင်းလျာမှာလည်း ဗာဒံစေ့ကိုဟင်းခတ် အမယ်အဖြစ် ထဲ့ချက်ပေးရပါတယ်တဲ့။

ဗာဒံစေ့က အေးမြစေတဲ့အစွမ်း သတ္တိရှိတာကြောင့်လည်း ပူပြင်းခြောက်သွေ့တဲ့ ပါကစ္စတန်နိုင်ငံရဲ့နွေရာသီများမှာ ဗာဒံစေ့နဲ့ဖော် စပ်ထားတဲ့ Almond sherbet ဖျော်ရည်ကို summer drink အဖြစ် အထူးတလည် သောက်သုံးကြတယ်လို့ သိရပါတယ်။

ကမ္ဘာ့အသိအမှတ်ပြု USDA ရဲ့ ဓာတ်ခွဲ စမ်းသပ်ချက်များအ ရ ၁ဝဝ-ဂရမ်အလေးချိန်ရှိတဲ့ဗာဒံစေ့ထဲမှာ၊ လူသားတို့ကျန်းမာ ရေး ကိုကောင်းကျိုးဖြစ်စေတဲ့ ခွန်အား ၅၇၆ ကယ်လိုရီ၊ ကစီဓာ တ် ၂၁.၆၉ ဂရမ်၊ ကော်ဓာတ် ဝ.၇၄ ဂရမ်၊ သကြား ၃.၈၉ ဂရမ်၊ ချေဖျက်လွယ်သောအမျှင်ဓာတ် ၁၂.၂ဝဂရမ်၊ အဆီဓာတ် ၄၉.၄၂ ဂရမ်၊ ပရိုတင်း ၂၁.၂၂ ဂရမ်၊ လိုင်စင်း ဝ.၅၈ဝရမ်၊ရေဓာတ် ၄.၇ ဂရမ်၊ ဗီတာမင်အေ ၁ IU၊ သီအာမင်(ခေါ်) ဗီတာမင်ဘီ(၁) ၁၈ %၊ ရီဘိုဖလာဗင်(ခေါ်)ဗီတာမင်ဘီ(၂) ၈၅%၊ င်္နအာစင်း (ခေါ်) ဗီတာမင်ဘီ(၃) ၂၃%၊ဗီတာမင်ဘီ(၅) ၉%၊ ဗီတာမင်ဘီ(၆) ၁၁ %၊ ဖောလိပ်(ခေါ်) ဗီတာမင်ဘီ(၉) ၁၃%၊ချိုလင်း ၁၁%၊ ဗီတာ မင်အီး ၁၇၅%၊ ကယ်လ်စီယမ် ၂၆%၊ သံဓာတ် ၂၉%၊ မဂ္ဂနီစီယမ် ၇၅%၊ မဂ္ဂနီးစ် ၁ဝ၉%၊ ဖော့စဖရက် ၆၉%၊ ပိုတက်စီယမ် ၁၅% နဲ့ ဇင့် ၃၂% တို့ အသီးသီး ပါရှိကြပါတယ်။

ဒါကြောင့်လည်း ဗာဒံစေ့တွေဟာ အသားအရေနုကို ပြန်လည်ပျိုစေကာ၊မှတ်ဉာဏ်စွမ်းအားများလည်း ကောင်းစေလို့ကျား/မ အ ရွယ်(၃)ပါးအားလုံး စားသုံးပေးကြရန် USDA က အကြံပြုထားပါတယ်။ အူသိမ်၊ အူမများနဲ့ အတွင်းပိုင်းအကျဆုံး အူများအား လုံးကိုသန့်စေပါတယ်။

လူတစ်ယောက်ရဲ့အသားအရေဟာ သူစားသုံးလိုက်သောအစာချေဖျက် အင်္ဂါအဖွဲ့အစည်းရဲ့အလုပ်လုပ်နိုင်စွမ်းအားနဲ့ တိုက်ရိုက်အ ချိုးကျနေပါတယ်။ အစာချေဖျက် အင်္ဂါများအားနည်းလာတဲ့အခါဝမ်းချုပ်ခြင်းကိုဖြစ်စေပြီး၊ဝက်ခြံစို/ဝက်ခြံခြောက် တွေပေါက်လာစေပါတော့တယ်။

ဗာဒံစေ့ကို မှန်မှန်စားပေးခြင်းဖြင့် အစာအိမ်ထဲရှိ အကျိုးပြု ဗက် တီးရီးယားများကို လှုံ့ဆော်ပေးတာကြောင့် အစာ ချေဖျက်မှုကိုအားပေးကာ၊ ဝမ်းပုပ်များသက်စေပြီး၊ အစာချေအင်္ဂါ အဖွဲ့အစည်းသန့်စင်သွားတာကြောင့်၊အသားအရေတွေလည်း မညစ်ညမ်းတော့ပါဘူး။

ဗီတာမင်အီး ရရှိရာအရင်းအမြစ်ကိုပြပါဆိုရင် ဗာဒံစေ့ကိုသာ လက်ညှိးထိုးလိုက်ပါ။ ဝက်ခြံစို/ဝက်ခြံခြောက်/ဆားဝက်ခြံ အမျိုးမျိုးနဲ့မျက်နှာပေါ်ရှိအမည်းစက်များ၊ အမာရွတ်များအတွက် ဘယ် လိုပင် မိတ်ကပ် ကောင်းကောင်းလိမ်းပါသော်လဲ မပျောက်နိုင်တဲ့အခါ စိတ်ညစ်ရပြီး၊ငွေကြေးတတ်နိုင်သူများလည်း အရေပြားအ ထူးကု ဆရာဝန်တွေနဲ့ပြသကြည့်ကြရာ၊ဆရာဝန်တိုင်းက အသား အရေကောင်းစေဖို့ ဗီတာမင်အီးဆေးတောင့်လေးတွေ တိုက်ကျွေးလေ့ရှိပါတယ်။

အဲဒီဗီတာမင်အီး ဆေးတောင့်တွေနဲ့ဗီတာမင်အီးဓာတ်ပါတဲ့ ဆေးတွေအားလုံးကို Alpha-Tocopherol ဓာတ် ပစ္စည်းနဲ့ဖော် စပ်ထားတာကြောင့် အသားအရေကို ကြည်လင်ဝင်းမွတ်တောက်ပလာစေပါတယ်။ ဗာဒံစေ့ဟာ ဗီတာမင်အီး ကြွယ်ဝရာအရင်းအမြစ်ဖြစ်တာကြောင့် ဝက်ခြံပေါက်သူတွေသာမက၊ အရေပြားရောဂါရှိ သူများလည်း မဖြစ်မနေစားသင့်ပါတယ်။ အရွယ်နုပျိုဆေးသဖွယ် အားကိုးထိုက်ပါတယ်။

ဗာဒံစေ့ကို မှန်မှန်စားတဲ့အပြင်၊ ဗာဒံစေ့ဆီနဲ့ပါမျက်နှာကို အသာ အယာနှိပ်နယ်ပေးခြင်းဖြင့် အရွယ်မတိုင်မီ မျက်နှာအရေးကြောင်းတွေမဖြစ်စေတော့ပါဘူး။အသားအရေလည်း ပိုညက်ညောလာပါတယ်။ မျက်ကွင်းညိုသူတွေ မျက်လုံးအောက်တဝိုက် ဗာဒံဆီမှန်မှန် လိမ်းပေးခြင်းဖြင့် ရက်အနည်းငယ်အတွင်း မျက်ကွင်းညိုများသိသိသာသာ လျော့ပါးသွားစေပါတယ်။

(မျက်လုံးထဲ ဆီမဝင်အောင် ဂရုစိုက်လိမ်းပါ) နှလုံးအတွက် သူ ငယ်ချင်းကောင်းလို့ဆိုရမှာပါဘဲ။ အရိုးရှင်းဆုံးပြောရရင် ဗာဒံစေ့က နှလုံးရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။ ဗာဒံစေ့ထဲမှာပါတဲ့ အမျှင်ဓာတ်တွေဟာ ခန္ဓာကိုယ်က အစားအစာထဲမှာ ပါလာတဲ့ပြင်ပအဆီတွေစုပ်ယူခြင်းကို ပိတ်ပင်ဟန့်တားပေးပါတယ်။

ဒါ့ပြင်ဗာဒံစေ့ထဲမှာ ဗီတာမင်အီး၊ပြည့်ဝဆီများ၊မဂ္ဂနီစီယမ်နဲ့ ခန္ဓာ ကိုယ်အကျိုးပြု ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ အလုံအလောက်ပါဝင်နေတာမို့နှလုံးသွေးလည်ပတ် စီးဆင်းမှုအားကောင်းစေပါတ ယ်။ ဒါတင်မကသေးပါဘူး။

သွေးထဲရှိ ကိုလက်စထရောပမာဏကို ချပေးတာကြောင့် နှလုံးကျမ္မာလာစေပါတယ်။မှတ်ဉာဏ်နဲ့ ကိုယ်ခံစွမ်းအားတွေတိုးပွားစေပါတယ်။ အယ်လ်ဇိုင်းမား(ခေါ်) ဦးနှောက် ဇရာကြိုရောဂါ သက်သာဆေးများ၊ကိုယ်ခံစွမ်းအား ကောင်းဆေးနဲ့ မှတ်ဉာဏ်ကောင်းဆေးတွေကို ရီဘိုဖလာဗင်၊မဂ္ဂနီစီယမ်ဓာတ်တွေနဲ့ ဖော်စပ်ထားခြင်းဖြ စ်ပါတယ်။

အဲဒီဓာတ်တွေ အလုံအလောက်ပါတဲ့ ဗာဒံစေ့ကိုစားပေး ခြင်းဖြင့် တစ်နေကုန်လန်းဆန်းလာစေပါတယ်။ အယ်လ်ဇိုင်းမားဝေဒနာရှင်များ ဗာဒံစေ့ကိုဖြည့်စွက်စာအားဆေးအဖြစ် မဖြစ် မနေ စားပေးသင့်ပါတယ်။ ဝဖြိုးခြင်း ကိုတားဆီးပေးပါတယ်။

ဗီတာမင်၊ သတ္တုဓာတ်၊ကစီဓာတ်တွေနဲ့ အာဟာရသိဒ္ဓိ ပြည့်ဝတဲ့ဗာဒံစေ့ကိုစားလိုက်တဲ့အခါ၊ နောက်ထပ် အစာစားချင်စိတ်ကို ချိုးနှိမ်ပေးတာမို့ အချိန်တော်တော်ကြာအောင် အဆာခံနိုင်သွားပါတယ်တဲ့။ ဒါ့ပြင် ဗာဒံစေ့ထဲမှာပါရှိဗီတာမင်၊ သတ္တုဓာတ်၊ကစီဓာတ်တွေနဲ့ အာဟာရသိဒ္ဓိပြည့်ဝတဲ့ဗာဒံစေ့ကိုစားလိုက်တဲ့အခါ၊ နောက်ထပ်အစာစားချင်စိတ်ကို ချိုးနှိမ်ပေးတာမို့ အချိန်တော်တော်ကြာအော င် အဆာခံနိုင်သွားပါတယ်တဲ့။

ဒါ့ပြင် ဗာဒံစေ့ထဲမှာပါရှိတဲ့ အကျိုးပြုပြည့်ဝဆီများကဗိုက်ခေါက်အဆီများကိုချပေးနိုင်တာကြောင့် ဝဖြိုးသူများနဲ့အဆီတွေအိတွဲကျသူများ ဗာဒံစေ့ကို စားပေးကြပါလို့ USDA ကအကြံပြုထားပါတယ်။ Credit