သမီးကိုအောင်မြင်စေချင်လို့ နေ့တိုင်းခေါက်ဆွဲခြောက်ထုပ်ကိုသာစားပြီး ကြိုးစားရုန်းကန်ပေးခဲ့တဲ့ သန့်ရှင်းရေးဝန်ထမ်းဖခင်








“ကျွန်တော့်သမီး ကျွမ်းဘားကို စလုပ်ကတည်းက ဈေးသိပ်မကြီးတဲ့ ခေါက်ဆွဲနဲ့ ဘန်းမုန့်ပေါင်း စားဖို့ ကျွန်တော်ရွေးချယ်ခဲ့ပါတယ် ကျွန်တော်ဟာ အရည်အချင်း ပြည့်ဝတဲ့ လူတစ်ယောက် မဟုတ်တဲ့အပြင် ကျွန်တော့်သမီးကိုလည်း ချမ်းသာတဲ့ မိသားစုဘဝကို မပေးနိုင်ခဲ့ပါဘူး၊ဒါပေမယ့် သူ့ပညာရေးကောင်းဖို့အတွက် ခါးသီးတဲ့နာကျင်မှုကို ခံချင်တယ်” ဟု Hou ကဆိုပါတယ်။


Unicode

သမီးကိုအောင်မြင်စေချင်လို့ နေ့တိုင်းခေါက်ဆွဲခြောက်ထုပ်ကိုသာစားပြီး ကြိုးစားရုန်းကန်ပေးခဲ့တဲ့ သန့်ရှင်းရေးဝန်ထမ်းဖခင်

တရုတ်နိုင်ငံရှိ လမ်းပေါ် သန့်ရှင်းရေးသမား တစ်ဦးဟာ သူ့ရဲ့သမီး အိမ်မက် အကောင်အထည် ဖော်နိုင်ရန် အတွက် လွန်ခဲ့တဲ့ခုနစ်နှစ်အတွင်း သူရဲ့အစားအစာများကို ကိုယ်ကျိုးစွန့်ခဲ့ပြီး ခေါက်ဆွဲနှင့်ဘန်းမုန့်ပေါင်းများကိုသာ စားသုံးခဲ့ပါတယ်။

အသက် ၄၉ နှစ် ရှိပြီ ဖြစ်တဲ့ Hou Yanwei ဟာ သူ့သမီး Xinxinရဲ့ ရည်မှန်းချက် အကြောင်းကို Tencent တွင်တင်ထားတဲ့ ဗီဒီယိုအင်တာဗျူးတစ်ခု မှာပြောခဲ့ပါတယ်။ ကျွန်တော်ရဲ့အကြီးမားဆုံးအိပ်မက်ကတော့ ကျွန်တော်သမီးဟာ နိုင်ငံကိုယ်စားပြုအသင်းတွင် ပါဝင်ကစားနိုင်ရမယ် လို့ပြောထားပါတယ်။

လွန်ခဲ့တဲ့နှစ်အနည်းငယ်တွင် ဇနီးဖြစ်သူ နှင့် ကွာရှင်းခဲ့ပြီးနောက် Xinxin လို့ခေါ်တဲ့ ၁၁နှစ်အရွယ် သမီးနှင့်အတူ တစ်လမှယွမ် ၃၀၀ သာကုန်ကျတဲ့တိုက်ခန်းငယ်တစ်ခုမှာ ယခုထိနေထိုင်နေကြပါတယ်။ ၄နှစ်အရွယ်သာရှိတုန်းက Xinxinဟာ Wuhan ရုပ် ပိုင်းဆိုင်ရာပညာရေးဌာနမှာ ပညာသင်ယူနေချိန် ပထမဆုံး အကြိ မ် သူမဟာ အားကစားမှာ စိတ်အားထက်သန်ကြောင်းကို သိခဲ့ရပါတယ်။

Chutain Metropolis Daily ရဲ့အဆိုအရ ကျွမ်းဘားလေ့ကျင့်ရေးသမားရဲ့ဖခင်ဟာ သူ့ကလေးကိုတစ်နေ့မှာ နိုင်ငံကို ယ်စားပြုအသင်းမှာ ပါဝင်ခိုင်းလိမ့်မယ်လို့ ဆိုထားပါတယ်။

XinXin ဟာ လေကျင့်ရေးကောင်းတဲ့ အားကစားသမား တစ်ဦး ဖြစ်အောင် ဈေးကြီးပေး တက်ရတဲ့ သင်တန်းတွေကို တက်ကာ ကြိုးစား လေ့ကျင့်ရပါတယ်။ဒါကြောင့် လေ့ကျင့်ချိန်အတွင်း က လေးရဲ့ နှစ်စဉ် သင်တန်းကြေးမှာ ၁၄၀၀၀ ယွမ်အထိရှိပြီး နေ့စဉ်ကုန်ကျစရိတ်မှာတော့ တစ်နှစ် ၃၀၀၀ ယွမ် အထိရှိနေပါတယ်။

ကံမကောင်းစွာဖြင့် Hou ရဲ့တစ်လစာဝင်ငွေမှာ ယွမ် ၂၀၀၀ ဝန်း ကျင်သာရရှိတာကြောင့် Hou ဟာ သူ့ရဲ့ ကိုယ်ပိုင် အသုံးစရိတ်ကို လျော့ချရန်ရွေးချယ်ပြီး မိမိရဲ့ လိုအပ်ချက်များအတွက် တစ်ရက်ကို ယွမ်၁၀ ထပ်မကျော်အောင် အသုံးပြုခဲ့ကြောင်း ထုတ်ဖော်ပြောပြထားပါတယ်။

“ကျွန်တော့်သမီး ကျွမ်းဘားကို စလုပ်ကတည်းက ဈေးသိပ်မကြီးတဲ့ ခေါက်ဆွဲနဲ့ ဘန်းမုန့်ပေါင်း စားဖို့ ကျွန်တော်ရွေးချယ်ခဲ့ပါတယ် ကျွန်တော်ဟာ အရည်အချင်း ပြည့်ဝတဲ့ လူတစ်ယောက် မဟုတ်တဲ့အပြင် ကျွန်တော့်သမီးကိုလည်း ချမ်းသာတဲ့ မိသားစုဘဝကို မပေးနိူင်ခဲ့ပါဘူး၊ဒါပေမယ့် သူ့ပညာရေ းကောင်းဖို့အတွက် ခါးသီးတဲ့နာကျင်မှုကို ခံချင်တယ်” ဟု Hou ကဆိုပါတယ်။

အနည်းဆုံးတော့ သူ့ရဲ့ စွန့်လွှတ် အနစ်နာခံမှုတွေက သမီးဖြစ်သူရဲ့ ဘဝကို သူ့ရဲ့ဘဝထက် ပိုမို ကောင်းမွန်လာ စေနိုင်တယ်လို့လဲ ဆိုထားပါတယ်။

Tags: