ပရဟိတမင်းသားကြီး ဝေဠုကျော်နဲ့ ဆုံတုန်းလေး ထမင်းကြော် ကိစ္စနဲ့ ပက်သတ်ပြီး စနောက်ခဲ့တဲ့ ကျော်ကျော်









unicode

ပရဟိတမင်းသားကြီး ဝေဠုကျော်နဲ့ ဆုံတုန်းလေး ထမင်းကြော်ကိစ္စနဲ့ပက်သတ်ပြီး မရ,ရအောင် စနောက်ခဲ့တဲ့ ကျော်ကျော်

သရုပ်ဆောင် ကျော်ကျော်ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ အရေးပါတဲ့ ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

ကျော်ကျော်ကတော့ ရုပ်ရှင်ဇာတ်ကားတွေမှာ ဒုတိယ မင်း သား၊ ဇာတ်ပို့ တစ်ယောက် အဖြစ် သရုပ်ဆောင်တာ များပေမယ့် သူ့ရဲ့ အောင်မြင်မှုကတော့ နာ မည်ကြီး ထိပ်တန်း သရုပ်ဆောင်တွေနဲ့တောင်ယှဉ်လို့ ရနိုင်တာပဲ ဖြစ်ပါတယ်။

ပျော်ပျော်နေ တတ် ပြီး ဟန်ဆောင်မှုတွေကင်းတဲ့ ကျော်ကျော်က ပရိသတ်တွေကြားမှာတော့ ကောင်းသတင်း တွေနဲ့ ထင်ရှားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

သဘောမနောကောင်းသလို အလှူအတန်းမှာလည်း လက်မနှေးတဲ့ ကျော်ကျော်ကတော့ အောက်တိုဘာလ (၁၀) ရက်နေ့မှာတော့ သူ ငယ်ချင်း ဆုမြတ်နိုးဦးနဲ့အတူတူ ပရဟိတမင်းသားကြီးဝေဠုကျော်ဆီကို မြိတ် ကတ်ကြေးကိုက်များ ပို့ပေးပြီး လှူဒါန်းမှုများ ပြုလုပ်ခဲ့ပါတယ်။

ကျော် ကျော်ကတော့ သူ့ရဲ့ထုံးစံ စနောက်တတ်တဲ့ အကျင့်အတိုင်း မင်းသားကြီးဝေဠုကျော်ကို “ထမင်းကြော်သွားပေးတာ အန္တရာ ယ်ကင်းအောင် ဆေးအရင်ဖြန်းနေတဲ့ ကိုဝေ”ဆိုပြီး ထမင်း ကြော်ကိစ္စနဲ့ စနောက်ခဲ့သေးတာပဲ ဖြစ်ပါတယ်။

ကျော်ကျော်ကတော့ မြိတ် ကတ်ကြေးကိုက်တွေ ပို့ပေးတာတောင် ဝေဠုကျော်ကို ထမင်းကြော် ဆိုပြီး စနောက်ခဲ့သေးတာပဲ ဖြစ်ပါတယ်။ဝေဠုကျော်ကတော့ ကျော်ကျော့်ရဲ့ စနောက်မှုကို အပြစ်မြ င်ဗွေယူမယ် မထင်ပါဘူးနော်။

ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး လည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါ တယ်။Source: Kyaw Naing Oo ‘s fb