စိတ်ဝင်စားဖွယ် အကြောင်းအရာများနှင့် ကမ္ဘာ့ဒုတိယ အသေးငယ်ဆုံးနိုင်ငံ မိုနာကို အကြောင်း

စိတ်ဝင်စားဖွယ် အကြောင်းအရာများနှင့် ကမ္ဘာ့ဒုတိယ အသေးငယ်ဆုံးနိုင်ငံ မိုနာကို အကြောင်း

စိတ်ဝင်စားဖွယ် အကြောင်းအရာများနှင့် ကမ္ဘာ့ဒုတိယ အသေးငယ်ဆုံးနိုင်ငံ မိုနာကိုနိုင်ငံ၏ တရားဝင်အမည်မှာ မိုနာကို ပဒေသ ရာဇ် နိုင်ငံတော်ဖြစ်ပြီး ပြင်သစ်နိုင်ငံ အရှေ့ တောင်ပိုင်း မြေထဲပင်လယ်ကမ်းရိုးတန်းရှိ ပြင်သစ် ရီဗီးရီးယားဒေသတွင် တည်ရှိသ ည်။

ကမ္ဘာပေါ်တွင် ဗာတီကန်စီးတီးပြီးလျှင် ဒုတိယအသေးဆုံး နိုင်ငံဖြစ်သည်။ မိုနာကို နိုင်ငံသည် အရှေ့၊ အနောက် ၊ မြောက် အရပ်မျက်နှာ ၃ ခုတွင် ပြင်သစ်နိုင်ငံနှင့် ထိစပ်လျှက်ရှိပြီး တောင်ဘက်တွင် မြေထဲပင်လယ်ရှိ နေသည်။

၎င်း၏ အလယ်ဗဟိုသည် အီတလီနိုင်ငံမှ ၁၆ ကီလိုမီတာ (၉.၉ မိုင်) ကွာဝေးသည်။ နိုင်ငံအကျယ် ဧရိယာ စတုရန်း ကီလိုမီတာ ၂.၁ (ဝ.၈၁ စတုရန်းမိုင်) မျှသာ ရှိသော်လည်း ၂၀၁၈ ခုနှစ် လူ ဦးရေမှာ ၃၈၃၀၀ ရှိသည်။

၁ စတုရန်းမိုင်နှင့်တွက်လျှင် နေထိုင်သူပေါင်း ၄သောင်းကျော်ရှိပြီး ကမ္ဘာ့နိုင်ငံများထဲတွင် လူဦးရေ သိပ်သည်းဆအများဆုံး နိုင်ငံဖြ စ်သည်။နေထိုင်သူ အားလုံးနီးပါးမှာ ရိုမန်ကတ်သလစ် ဘာသာဝင်များဖြစ်ပြီး ဂျူးဘာသာ နှင့် အစ္စလာမ်ဘာသာ ကိုးကွယ်သူ အန ည်းငယ်ရှိသည်။

ရုံးသုံးဘာသာ စကားအဖြစ် ပြင်သစ် ဘာသာစကားကို အသုံးပြုသည်။ မိုနာကိုတွင် မူလက ရှေးဟောင်းလူမျိုးစု တစုဖြစ်သည့် Ligures တို့ နေထိုင်ခဲ့ကြပြီး ဘီစီ ၆ ရာစုတွင် ဂရိတို့၏ လက် အောက်သို့ ကျရောက်ခဲ့သည်။ ဂရိတို့ထံမှတဆင့် ရောမအင်ပါယာ အောက်ရောက်သွားခဲ့သည်။

ဂျာမန်ဘုရင်တဖြစ်လဲ ရောမ သာသနာစောင့်နိုင်ငံ၏ ဧကရာဇ်ဘု ရင် ဖြစ်သူ ပထမ အော့တိုသည် မိုနာကိုနိုင်ငံကို နှစ်ပေါင်းများစွာ အုပ်စိုးခဲ့၍ ၁၂၉၇ ခုနှစ်မှစ၍ မိုနာကိုသည် ဂျီနိုအာမင်းဆက် လ က်အောက်သို့ ရောက်ရှိခဲ့သည်။

နှစ်ပေါင်းများစွာ ဂျီနိုအာ Grimaldi မိသားစုမှ အုပ်ချုပ်ခဲ့ပြီး ပြင်သစ်တော်လှန်ရေးကာလတွင် ပြင်သစ်လက်အောက် ရောက်သွားခဲ့သည်။၁၈၁၅ ခုနှစ်တွင် ဆာဒင်းနီးယားနိုင်ငံ၏ စောင့်ရှော က်ခံနယ်အဖြစ်လည်းကောင်း၊ ၁၈၆၁ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၏ စောင့်ရှောက်ခံနယ်အဖြစ် လည်းကောင်း တည်ရှိခဲ့သည်။

ယခုအခါ မိုနာကိုနိုင်ငံကို ၁၉၁၁ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ နယ်စားမင်းသားက အုပ်ချုပ်လျက်ရှိသည်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်စစ်တပ်များသည် မိုနာကိုနိုင်ငံကို သိမ်း ပိုက်ခဲ့ကြ သည်။မင်းသား ဒုတိယလူဝီသည် မိုနာကိုနိုင်ငံကို ၁၉၂၂ ခုနှစ်မှ ၁၉၄၉ ခုနှစ် အထိ အုပ်ချုပ်သည်။

လူဝီမင်းသားက ကွယ်လွန်ပြီးနောက် မြေးတော် တတိယ ရေနယာမင်းသားက မိုနာကိုနိုင်ငံကို ဆက်လက်၍ အုပ်ချုပ်ခဲ့သည်။ လက် ရှိအုပ်ချုပ်သူမှာ တတိယ ရေနယာမင်းသား၏ သားတော် ဒုတိယအဲလ်ဘတ် မင်းသားဖြစ်သည်။ဥပဒေပြု ရေး အာဏာသည် နယ်စားမင်းသားနှင့် အဖွဲ့ဝင် ၁၈ ဦး ပါဝင်သော အမျိုးသားကောင်စီ၌ တည်ရှိလေသည်။

လူထုက ထိုအမျိုးသားကောင်စီ အဖွဲ့ဝင်များကို လေးနှစ်တစ်ကြိမ် ရွေးကောက်တင်မြောက်ကြရသည်။ တပြည်ထောင်ပါလီမန် စည်း မျဉ်းခံ ဘုရင်စနစ်ကိုကျင့်သုံးပြီး လက်ရှိနိုင်ငံဝန်ကြီးမှာPierre Dartout ဖြစ်သည်။

မိုနာကိုတွင် ၁၇ ရာစုခန့်မှစ၍ နိုင်ငံစစ်တပ်မရှိတော့ပဲ မင်းသားကို ကာကွယ်ပေးရသည့် အသေးစားစစ်တပ်လေး ၂ ခုသာရှိသည်။ နို င်ငံတော် လုံခြုံရေးကိုမူ ပြင်သစ်က တာဝန်ယူပေးထားသည်။

တို င်းပြည်တွင်းအတွက်မူ အင်အား ၅၀၀ ခန့်ရှိသော ရဲတပ်ဖွဲ့ကိုထားရှိပြီး လူဦးရေ ၃ သောင်းကျော်ကို နိုင်နင်းစွာ ထိမ်းသိမ်းနိုင် သည်။အဓိက စီးပွားရေး လုပ်ငန်းများအဖြစ် ဘဏ်လုပ်ငန်း ၊ အာ မခံ ၊ဆောက်လုပ်ရေး ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ဆောင်မှု ၊ အသေးစား စက်မှုလုပ်ငန်းများကို လုပ်ကိုင်ကြသည်။

လူတစ်ဦး ပျမ်းမျှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၁၅၇၀၀ ရှိသဖြင့် ကမ္ဘာပေါ်တွင် လူတစ်ဦးချင်း စုစုပေါင်း ဝင်ငွေ အများဆုံးနိုင်ငံ တနိုင်ငံဖြစ်သည်။၂၀၁၄ ခုနှစ်စာရင်းအရ မိုနာကိုလူဦးရေ၏ ၃၀% မှာ မီလျံနာများဖြစ်ကြသည်။

ဥရောပတွင် အခွန်ကင်းလွတ်ခွင့်ရသည့် နိုင်ငံအနည်းငယ်သာရှိရာ ထိုအထဲတွင် မိုနာကိုနိုင်ငံလည်း ပါဝင်သည်။ ငွေကြေးစနစ်အဖြစ် ဥရောပနိုင်ငံ အများစုတွင် သုံးစွဲသည့် ယူရို ကိုသာ သုံးစွဲသည်။

ကမ္ဘာပေါ်တွင် လူတစ်ဦးချင်း ပျမ်းမျှ သက်တမ်း အရှည်ဆုံး နိုင်ငံဖြစ်ပြီး လူတစ်ဦး၏ ပျမ်းမျှသက်တမ်းမှာ ၈၉.၅ နှစ် မျှ ရှိသည်။ ဒုတိယနေရာမှလိုက်နေသော ဂျပန်ထက်ပင် ၅နှစ်နီးပါး သက်တမ်းပိုရှည်သည်။

အလုပ်လက်မဲ့ ရာခိုင်နှုန်းမှာလည်း အနည်းဆုံးဖြစ်သည်။ဟာကျူလီဆိပ်ကမ်းကို တည်ဆောက်ပြီးချိန်တွင် မိုနာကို၏ စုစုပေါင်း ဧရိယာ ၂.၀၅ စတုရန်းကီလိုမီတာ (ဝ.၇၉ စတုရန်းမိုင်) ဖြစ်လာခဲ့သည်။ မြေထဲပင်လယ်တွင် မြေဖို့၍ မြေနေရာအသစ်ကိုရယူခြင်း ဖြစ်သည်။

မိုနာကိုနိုင်ငံရှိ မြို့များသည် မြေထဲပင်လယ်ကို မျက်နှာမူ လျက် တောင်ကုန်းပေါ်တွင် တည်ရှိသဖြင့် အလွန်သာယာ ပေသည်။မြို့ တော်မှာ မိုနာကိုမြို့ဖြစ်ပြီး ထင်ရှားသည့် နယ်မြေနှစ်ခုမှာ လာကွန်ဒါမင်းမြို့နှင့် မွန်တီကာလို မြို့များဖြစ်သည်။

ကမ္ဘာကျော် လောင်းတမ်းကစားဝိုင်းများရှိသော မွန်တီကာလိုသည်ထင်ရှားလေသည် ။ မွန်တီကာလို ကာစီနိုသည် ဂျိမ်းစ်ဘွန်း ဇာတ် ကားများတွင် ၃ ကြိမ်တိုင် ပါဝင်ခဲ့သည်။ နှစ်စဉ် နိုင်ငံခြားမှ ဧည့်သည့်ပေါင်း မြောက်မြားစွာ မိုနာကိုနိုင်ငံသို့ အပန်းဖြေ လာရောက်လည်ပတ်လေ့ရှိကြ ၏။

မိုနာကိုမှ ပြင်သစ်နိုင်ငံရှိ နီးစ်မြို့သို့ ခေတ်မီမော်တော်ကား လမ်းကောင်း ဖောက်လုပ်ထားသည်။ မိုနာကိုနိုင်ငံတွင် ရေငန်သက်ရှိလောကနှင့်ဆိုင်သော နာမည်ကျော် ပြတိုက်ရှိ၏။

နိုင်ငံသေးငယ်သော်လည်း မြင့်မားသောပညာရေး အဆင့်အတန်းကို ပိုင်ဆိုင်ထားပြီး မိုနာကို နိုင်ငံတကာ တက္ကသိုလ် ၊ Rainier III ဂီတအကယ်ဒမီ နှင့် မင်းသမီး ဂရေဇ့်ဆေးရုံဝန်းရှိ သူနာပြုကျောင်း တို့မှာထင်ရှားသည်။ မိုနာကို၏ အရွယ်ရောက်ပြီးသူ စာ တတ်မြောက်မှုနှုန်းမှာ ၉၉% ဖြစ်သည်။

မိုနာကို နိုင်ငံသားတို့သည် များသောအား ဖြင့် ဟိုတယ်နှင့် စား သောက်ဆိုင်တို့၌ လုပ်ကိုင်ကြသည်။ မိုနာကိုနိုင်ငံသည် ကစားဝိုင်းများမှ ဝင်ငွေအမြောက်အမြား ရရှိလေသည်။ ကစားသူများမှာ နို င်ငံခြားသားများသာဖြစ်ပြီး နိုင်ငံသားများကိုမူ ထိုကစားဝိုင်းမျာ ၌ ဝင်ရောက်ကစားခွင့် မပြုချေ။

ခရီးသွားများလာလေ့ရှိသည့် မိုနာကို၏ အဓိကနောက်ထပ်နေရာနှစ်ခုမှာ Alps တောင်တန်းနှင့် မင်ဒီတေးရီးယန်းပင်လယ် ဒေသတို့ဖြစ်သည်။ မိုနာကိုမင်ဒီးတေးရီးယန်းဒေသသည် ရာသီဥတုအ လွန်သာယာသော ဒေသဖြစ်ပြီး တစ်နှစ်တွင် ရက်ပေါင်း ၃၀၀ခန့် နေသာလေ့ရှိသည်။

မိုနာကို ဖော်မြူလာဝမ်း Grand Prix ကားပြိုင်ပွဲသည် ကမ္ဘာပေါ်တွင် အကျော်ကြားဆုံးကားပြိုင်ပွဲတစ်ခုဖြစ်ပြီး မိုနာကိုလမ်းမများပေါ်တွင် မောင်းနှင်ယှဉ်ပြိုင်လေ့ရှိသည်။မိုနာကို၏ အကြီးဆုံးဘောလုံးအသင်းဖြစ်သည့် AS Monaco အသင်းသည် ပြင်သစ်လိဂ် ၁ တွင်ပါဝင်ယှဉ်ပြိုင်နေသည့်အသင်းဖြစ်သည်။

မိုနာကိုအလံမှာ အင်ဒိုနီးရှားအလံနှင့် အတူတူဖြစ်ပြီး ကွာခြားချက်မှာ အင်ဒိုးနီးရှားအလံက အလျားအနည်းငယ် ပိုရှည်ခြင်းဖြစ်သည် အလံတွင်ပါဝင်သည့် အဖြူရောင်နှင့် အနီရောင်တို့မှာ မိုနာကိုကို ၁၄ ရာစုကတည်းက အုပ်ချုပ်ခဲ့သည့် ဂျီနိုအာ Grimaldi မိ သားစု၏ ရိုးရာ အရောင်ဖြစ်သည်။

အနီရောင်သည် လတ်ဆတ်သော လူ့ခန္ဓာကိုယ်ကို ကိုယ်စားပြုပြီး ၊ အဖြူရောင်သည် သန့်စင်သော စိတ်ဝိညာဉ်ကို ကိုယ်စားပြုသည် ဟုလည်း ဆိုကြသည်။ မိုနာကို၏ အထိမ်းအမှတ်တိရစ္ဆာန်မှာ စွန်တမျိုးဖြစ်သည့် Crested Caracara ဖြစ်သည်။

အချမ်းသာဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်သော်လည်း မိုနာကိုတွင် လေဆိ ပ်မရှိပဲ အနီးဆုံးလေဆိပ်မှာ ၁၄ မိုင်ခန့် အကွာအဝေးတွင်ရှိသည့် ပြင်သစ်၏ice Côte d’Azur လေဆိပ်သာဖြစ်သည်။ လေ ဆိပ်မရှိသော်လည်း ရဟတ်ယာဉ်ကွင်းကြီးရှိပြီး မိနစ် ၂၀တွင် အ နည်းဆုံး တစ်စီးကျ အဆင်း အတက်လုပ်လေ့ရှိသည်။

ဟယ်ရီကော်ပတာဖြင့် ပြင်သစ်လေဆိပ်ကို သွားလျှင် ၇မိနစ်သာ ကြာမြင့်မည် ဖြစ်သည်။ မိုနာကိုသည် ကမ္ဘာပေါ်တွင်လုံခြုံမှုအရှိဆုံးနိုင်ငံစာရင်းတွင်လည်း ထိပ်ဆုံးစာရင်းမှ ရပ်တည်လေ့ရှိသည်။ နိုင်ငံမှာကျဉ်းလွန်းလှသဖြင့် တစ်နိုင်ငံလုံးကိုဖြတ်၍ သာမန်လူတစ်ယောက် လမ်းလျှောက်လျှင် ၁နာရီခန့်သာ ကြာမြင့်မည်ဖြစ်သည်။ ခရက်ဒစ် ; သုတဇုန်