ဘာမြူဒါ တြိဂံ နယ်မြေဝန်းကျင်က ပဟေဠိ သဖွယ်တည်ရှိနေသည့် ဥမင်လိုဏ်ခေါင်းကြီး
unicode
ဘာမြူဒါတြိဂံနယ်မြေဝန်းကျင်က ပဟေဠိသဖွယ်တည်ရှိနေသည့် ဥမင်လိုဏ်ခေါင်းကြီး
စပိန်နိုင်ငံနဲ့ ပိုတူရီကန် (Puerto Rican) နိုင်ငံကြား ရေမျက် နှာပြင်အောက်(၅)မိုင်အနက်တွင် ဥမင် လှိုဏ်ခေါင်းကြီး တစ်ခုကို မကြာမီက သိပ္ပံပညာရှင်များ ရှာဖွေ တွေ့ရှိခဲ့ကြပါတယ်။
ထို လှိုဏ်ခေါင်းဟာ ပိုတူရီကန်နိုင်ငံ အနောက်ဘက် ကမ်းရိုးတန်း မာယာဂွတ်ဇ်မြို့ အနီးကနေ ပင်လယ်ရေအောက်သို့ ငုပ်လျှိုးပြီး စပိန်နိုင်ငံ မြောက်ပိုင်း တောင်တန်းများသို့ ထိုးဖောက် တည်ဆောက်ထားတာကို တွေ့ရပါတယ်။
မိုင်(၃ဝဝဝ) အရှည်ရှိပြီး အကျယ် ကိုယ်(၃ဝ) အမြင့် ကိုက်(၂ဝ) ရှိပါတယ်။လိုဏ်ခေါင်း နံရံများဟာ မှန်မျက်နှာပြင်လို ချောမွေ့နေပြီး ရာဘာတုံးလို နူးညံ့ပျော့အိနေတယ်လို့ သိရပါတယ်။သဘာအ လျောက် ဖြစ်ပေါ်နေတာ မဟုတ်ဘဲ အသိဉာဏ်ရှိသော သက်ရှိတို့က တည်ဆောက် ထားတာလို့ သိရပါတယ်။
ဥမင်ထဲမှာ လျှပ်စီးမီးများ တပ်ဆင်လို့ မရပေမယ့် စီးဝါရောင်အ လင်းများ ဖြာထွက် နေပါတယ်။ ဥမင်လိုဏ်ခေါင်းဟာ ရေမျက်နှာ ပြင် အောက်(၅) မိုင်မှ (၁ဝ)မိုင် အနက်တွင်ရှိပေမယ့် အသက်ရှုကိရိယာမပါပဲ အသက်ရှုနိုင်တာဟာ အံ့သြစရာကောင်းတဲ့ အချက်ပါပဲ။
သိပ္ပံပညာရှင် အင်ဂျင်နီယာတစ်ယောက်က ထိုလိုဏ်ခေါင်းကို လွန် ခဲ့သောနှစ်ပေါင်း (၄ဝဝဝဝ) လောက်က ယခုခေတ်တွင် မရှိသေးတဲ့ ပစ္စည်းများနဲ့ တည်ဆောက်ထားတာဖြစ်နိုင်တယ်လို့ ဆိုပါတယ် ခိုင်မာ ကြံ့ခိုင်ပြီး အလွန်ပြင်းတဲ့ ငလျင်ဒဏ်ကိုတောင် ခံနိုင်ရည်ရှိကာ တွန့်လိမ် ကောက်ကွေးနိုင်စွမ်း ရှိတယ်တဲ့။
ထိုဥမင်ကို ရှေးခေတ်က လူတွေများ တည်ဆောက်ခဲ့သလား…၊ အာကာသ ဂြိုလ်သားများ တည်ဆောက်ခဲ့လား ဆိုပြီး သုတေသီတွေက ယူဆခဲ့ကြပါတယ်။ ခုထိတော့ ဘယ်သူမှ အဖြေမထုတ်နိုင်ခဲ့ပါဘူး။source:dailynews
Tags: