ရွှေတိဂုံ စေတီတော်၏ ပုံရိပ်ကိုနင်း၍ ဖျော်ဖြေ တင်ဆက် ခဲ့သည့် Project K အဖွဲ့၏ ဖျော်ဖြေမှုကို ဝေဖန်ခံနေရ

ရွှေတိဂုံစေတီတော်၏ ပုံရိပ်ကိုနင်း၍ ဖျော်ဖြေတင်ဆက်ခဲ့သည့် Project K အဖွဲ့၏ဖျော်ဖြေမှု ဝေဖန်ခံနေရ

Asia Song Festival 2020 တွင် ပါဝင်ဖျော်ဖြေထားသ ည့် Project K အဖွဲ့၏ ရွှေတိဂုံစေတီတော်ပုံရိပ်ကို နင်း၍ဖျော် ဖြေတင်ဆက်ထားမှုသည် လူမှုကွန်ရက် အသုံးပြုသူများအကြားတွင် ဝေဖန်ခံနေရသည်။

Project K အဖွဲ့က Asia Song Festival 2020 တွင် ပါဝင် ဖျော်ဖြေထားသော ဗွီဒီယိုဖိုင်ကို အောက်တိုဘာ ၁၀ ရက်တွ င် ၎င်းတို့၏ Facebook Page မှ ပြန်လည်ဖော်ပြခဲ့ပြီး အဆို ပါ ဗွီဒီယိုဖိုင်တွင် ၎င်းတို့ ကပြဖျော်ဖြေနေ သည့် Stage စင်၏ ကြမ်းပြင်ပေါ်တွင် ရွှေတိဂုံစေတီတော်၏ ပုံရိပ် ပါဝင်ခဲ့သည်။

ထိုသို့ ရွှေတိဂုံစေတီတော်၏ ပုံရိပ်ပေါ်တွင် နင်း၍ ကပြဖျော်ဖြေခဲ့သည့် Project K ၏ ဖျော်ဖြေမှုပုံစံအား လူမှုကွန်ရက် အသုံး ပြုသူများက ဝေဖန်ခဲ့ကြပြီး အထူးသဖြင့် အဆိုပါ ဗွီဒီယိုဖိုင် တင်ထားသည့် ပို့စ်အောက်တွင် ပြင်းထန်သော မှတ်ချက်များကိုလည်း ရေးသားဝေဖန်ခဲ့ကြသည်။

“စေတနာ တူသော အကျိုးပေးပါစေ။ ရွှေတိဂုံဘုရားကို ချနင်းတာ ဗုဒ္ဓဘာသာ ကိုးကွယ်သူတွေကို စိန်ခေါ်လိုက်တာပဲ။ အကုသို လ် အကျိုးပေးပါလိမ့်မယ်”ဟု Facebook အသုံးပြုသူတစ်ဦးက အဆိုပါ ပို့စ်အောက်တွင် မှတ်ချက် ရေးသားထားသည်။

“ဗုဒ္ဓဘာသာတွေဟာသံဃာတွေကို ဆွမ်းလောင်းရင်တောင် သံဃာရဲ့အရိပ် မနင်းမိအောင် နေကြ၊ ပြုကြတယ်။ မြတ်စွာဘုရားရဲ့ ဓာ တ်တော်မွေတော်တွေရှိတဲ့ စေတီရဲ့အရိပ်ဆို ပိုမထိ မနင်းမိအောင် နေကြရမှာပဲ။ အခုဟာက ဘုရားအရိပ်တောင် မဟုတ်ဘူး ပုံရိပ်စစ် စစ်။ ဒါကို နာရမှန်း ကန့်ကွက်ရမှန်း မသိ ဖြစ်နေကြတာ မရှက်တ တ်ကြဘူးလား။ ဒီထက်လည်း ပိုမပြောချင်ဘူး ပြိုင်ရိုင်းရမှာမျိုး ဖြစ်နေလို့”ဟုလည်း Facebook အသုံးပြုသူတစ်ဦးက အဆို ပါ ပို့စ်အောက်တွင် မှတ်ချက်ရေးသားခဲ့သည်။

“ညီလေးတို့ရဲ့ ကြိုးစားမှုနဲ့ အောင်မြင်မှုကို အားပေးပါတယ်။ ဒါ ပေမဲ့ကွာ ကိုယ့်လူမျိုးရဲ့ အထွတ်အမြတ်ထားရာ ဘုရားစေတီရဲ့ ပုံရိပ်ကို စတိတ်အောက်ခြေမှာထားပြီး ခြေနဲ့နင်းပြီး ကခုန်နေတာတော့ မဖြစ်သင့်ဘူးကွာ။

Korea က လူတွေက မသိနားမလည်လို့ လုပ်ထားတယ်ဆိုရင် တောင် ညီလေးတို့က ပြောပြရမှာ။ အခုတော့ကွာ ကိုယ့်အောင်မြ င်မှု တစ်ခုတည်းကြည့်ပြီး မလုပ်သင့်တာတွေ လုပ်သွားတယ်ကွာ။ စတိတ်က အပေါ်ကပုံတွေ အလင်းပြန်တာပါလို့တော့ မပြောကြပါနဲ့ အသိသာကြီးပါကွာ”ဟုလည်း Facebook အသုံးပြုသူတစ်ဦးက မှတ်ချက်ပြု ရေးသားခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အောက်တိုဘာ ၁၁ ရက်တွင် Project K အဖွဲ့က ၎င်းတို့၏ Facebook Page မှတစ် ဆင့် ပြန်လည်တောင်းပန်ခဲ့သည်။ Asia Song Festival 2020 ပွဲတွင် ဖျော်ဖြေစဉ်က ရွှေတိဂုံစေတီတော် ပုံရိပ်ကို အော က် LED တွင် ပြနေသည်ကို ဖျော်ဖြေပြီးမှ သိခဲ့ရခြင်းဖြစ်ပြီး LED တွင် ထည့်သွင်းပြသမည့် ဗွီဒီယိုများကို Asia Song Festival 2020 ပွဲကသာ စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့၏ တောင်းပန်ချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။

“ပထမတစ်ကြိမ် Rehearsal မှာ LED မထိုးသေးပါဘူး။ ဒုတိယအကြိမ် Rehearsal ဖျော်ဖြေရတဲ့အချိန်မှာမှ LED တွေ ပါလာတာပါ။ အောက်မှာ LED တွေ လင်းနေမှန်းတော့ သိပေမဲ့ Rehearsal ကနေတဲ့အချိန် ဘာပုံရိပ်မှန်း သေသေချာ ချာ  မသိခဲ့ပါဘူး”ဟု Project K အဖွဲ့၏ တောင်းပန်စာတွင် ဖော်ပြခဲ့သည်။

၎င်းတို့အားလုံးသည် ဗုဒ္ဓဘာသာဝင်များသာဖြစ်ကြောင်း၊ အောက် ခြေတွင် ယခုကဲ့သို့ ရှိနေမည်ကို သိပါက ၎င်းတို့အနေဖြင့် ထည့်သွ င်းခိုင်းမည် မဟုတ်ကြောင်း၊ အောက်ခြေ LED တွင် ရွှေတိဂုံ စေ တီတော့ ပုံရိပ် ပါနေသည်ကို ဖျော်ဖြေပွဲပြီးမှသာ သိရှိရခြင်းဖြစ် ကြောင်းလည်း Project K၏တောင်းပန်စာတွင် ဖော်ပြခဲ့သည်

အကောင်းဆုံး ကြိုးစားခဲ့သော်လည်း ယခုကဲ့သို့ လွှဲချော်မှုဖြစ်ပွားခဲ့ခြင်းအတွက် စိတ်မကောင်းဖြစ်ရကြောင်း၊ အားလုံးကို အနူးအ ညွတ် တောင်းပန်ကြောင်း Project K ၏ Facebook Page တွင် ဖော်ပြခဲ့သည်။

အာဆီယံ-ကိုးရီးယား ထိပ်သီး အစည်းအဝေးနှင့် မဲခေါင်-ကိုးရီးယား ထိပ်သီးအစည်းအဝေး တက်ရောက်ရန် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာအတွင်းက ကိုးရီးယားနိုင်ငံသို့ ရောက်ရှိခဲ့ပြီး အဆိုပါ ခရီးစဉ်တွင် Project K အဖွဲ့ကို ကိုးရီးယားနိုင်ငံတွင် လေ့ကျင့်သင်ကြားပေ ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တောင်ကိုးရီးယား သမ္မတ မွန်းဂျေအင်းကို ပြောကြားခဲ့ဖူးသည်။credit: Eleven Media Group

Tags: