ဘီယာမှ ရရှိနိုင်တဲ့ အံ့ဖွယ်ကောင်းကျိုး (၁၀)မျိုး
unicode
ဘီယာမှ ရရှိနိုင်တဲ့ အံ့ဖွယ်ကောင်းကျိုး (၁၀)မျိုး
ဘီယာသောက်တာကြောင့် အပြစ်ရှိတယ် လို့ ကိုယ့်ကိုယ်ကို ခံစားနေရပါသလား ? မခံစားပါနှင့် ။ဘီယာကို သင့်တင့်မျှတစွာ သော က်သုံးခြင်းဟာ သင့်အတွက် အံ့သြဖွယ်ရာ ကျန်းမာခြင်း ကျေးဇူးများကို ပေးနိုင်ကြောင်း ဖော်ပြပေးချင်ပါတယ်။
(၁) နှလုံးရောဂါ အန္တရာယ်ကို လျှော့ချပေးနိုင်ခြင်း
နေ့စဉ် ဘီယာ အစိတ်သားလောက် သောက်သုံးပေးပါက နှလုံး ရောဂါ ဖြစ်ပွားမည့်အန္တရာယ်ကို ၃၁% လျော့ကျစေတာ သိပါသလား?
ဘီယာမှာပါဝင်တဲ့phenolsလို့ခေါ်တဲ့ antioxidants တွေက ကာကွယ်မှုကိုပြုလုပ်ပေးနိုင်တာပဲ ဖြစ်ပါတယ်။ ဆန့်ကျင် ဘ က်အနေဖြင့် ပမာဏ လွန်ကဲ သောက်သုံးခြင်းက နှလုံးရောဂါ အ န္တရာယ်ဖြစ်နိုင်ကြောင်း သတိပြုပါ ။
(၂) Alzheimer ရောဂါ မှ ကာကွယ်ပေးနိုင်ခြင်း
ဘီယာရဲ့ သိသာထင်ရှားတဲ့ ကောင်းကျိုး တစ်ခုကတော့ အယ်လ်ဇိုင်းမား ခေါ် ဦးဗနှာက်နှင့် အာရုံကြော ချို့တဲ မှုကြောင့်မှတ်ညဏ်များ ချို့ယွင်းနိုင်သော ရောဂါကို ၂၃% ကာကွယ်ပေးနိုင်ကြောင်း Loyola Universty Chicago Stritch School မှ ယူဆ ထုတ်ပြန်ထားပါတယ်။ ဘီယာရှိ silicon content က ခန္ဓာကိုယ်မှ တဆင့် ဦးဏှောက်ထဲသို့ အယ်ဇိုင်းမားကို ဖြစ်ပေါ်စေနိုင်တဲ့အလူမီနီယမ်မြောက်မြားစွာဝင်ရောက်မှုကို ကာကွယ်ပေးနိုင်ပါတယ် ။
(၃) ဆီးချိုရောဂါကို တားဆီးပေးနိုင်ခြင်း
သက်လတ်ပိုင်း အမျိုးသား ၃၈၀၀၀ အား Harvard မှ လေ့ လာချက်အရ သင့်တင့်သော ဘီယာ ပမာဏက ဆီးချိုရောဂါ ကို ၂၅ % ကာကွယ်ပေးနိုင်ကြောင်း ဖော်ပြထားပါတယ် ။ ဘီယာမှအယ်ကိုဟောသည် insulin ကို ထိန်ချုပ်ပေးနိုင်ပါတယ် ။
(၄) ဆီးကျောက်တည်ခြင်းမှ ကာကွယ်ပေးနိုင်ခြင်းFinland မှ လေ့လာချက်အရ ဘီယာဟာ ကျောက်ကပ် ကျောက်တည်ခြင်းကို ၄၀%တောင်လျော့ကျစေနိုင်ပါတယ် ။ ဘီယာမှာ ၉၃% ခန့်ပါဝင်သော ရေပမာဏက ကိုယ်တါင်း အဆိပ်အတောက်များကိုကောင်း မွန်စွာ စွန့်ထုတ်ပေးနိုင်ပါတယ်။
(၅)ကင်ဆာရောဂါအန္တရာယ်ကို လျော့ကျစေနိုင်ခြင်းဘီယာတွင် xanthohumol လို့ခေါ်တဲ့antioxodents ပါဝင်တာကြောင့် ကင်ဆာရောဂါဖြစ်ပွားနိုင်မှုကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ် ။ ကင်ဆာဖြစ်စေနိုင်တဲ့ enzymes ကိုလည်း တား ဆီး ဖယ်ရှား ပေးနိုင်ပါတယ် ။ အမျိုးသားများတွင် ဆီးကျိတ်ကင် ဆာ ၊ အမျိုးသမီးများတွင် ရင်သားကင်ဆာ ကဲ့သို့သော ကင်ဆာများကို ကာကါယ်ပေးနိုင်ပါတယ်။
(၆) ကိုလက်စထရော ပမာဏကို လျော့နည်းစေခြင်း
ကိုလက်စထရောပမာဏကို ဖြတ်တောက်ချင်ပါသလား ? ဘီယာ ထုတ်လုပ်တဲ့မုယောစပါးမှာbeta-glucansခေါ် အမျှင်ဓာတ် ပေါကြွယ်ဝသဖြင့် ထိရောက်စါာလျော့ကျစေနိုင်မျာ ဖြစ်ပါတယ်။
(၇) သွေးတိုးရောဂါကို ထိန်းချုပ်ပေးနိုင်ခြင်း
ဘီယာဟာ သွေးပေါင်ချိန် ပမာဏကို ထိန်းချုပ်ပေးနိုင်တယ် ဆိုတဲ့အချက်ကထူးဆန်းနေပါတယ်။ Harvard မှ လေ့လာမှုအရ အ သက်၂၅ နှစ်ကနေ ၄၀ အရွယ် အမျိုးသမီးတွေမှာ ဝိုင်နှင့် အခြား အယ်ကိုဟော အမျိုးအစား သောက်သူများထက် ဘီယာ အနည်း အကျဉ်း သောက်းပေးသူတွေက သွေးတိုးတဲ့လက္ခဏာများလျော့ နည်းနေကြောင်း သိရပါတယ်။
(၈) အရိုးများကို သန်မာစေခြင်း
ဘီယာမှာပါတဲ့Silicon ပမာဏအလိုက် အရိုးများကို သိပ်ဆ ည်းဆ ပိုမိုကောင်းမွန်စေပြပီးပိုမိုသန်မာ ကြံ့ခိုင်စေတာ ကြောင့် အလွယ်တကူ အရိုးကျိုးခြင်း အရိုးပွခြင်းများကို နည်းပါးစေမှာဖြစ်ပါတယ် ။
(9) ဗောက်များကို ကုသနိုင်ခြင်း
စိတ်ဝင်စားစရာကောင်းတဲ့အခြား ဘီယာကောင်းကျိုး တစ်ခုက တော့ ဗောက်များကိုကုသပျောက်ကင်းစေတာပဲ ဖြစ်ပါတယ်။ ဘီ ယာ ထုတ်လုပ်တဲ့အခါအသုံးပြုတဲ့တစေး နှင့် ဗီတာမင်ဘီတွေက ဗောက်များကို သဘာဝအလိုက် ကုသပေးနိုင်ပါတယ် ။တစ်ပါတ်လျှင် ၂ကြိမ်ကနေ ၃ ကြိမ်ထိ ဦးရေပြားကိုဘီယာနှင့် ပေါင်းတင် ခေါင်းလျှော်ပေးပါက ဆံသား နူးညံ့တောက်ပစေရုံမက ဗောက်များကို သက်သာပျောက်ကင်းစေပါတယ်။
(၁၀) လေဖြတ်ခြင်းမှ ကာကွယ်ပေးနိုင်ခြင်း
American Stroke Association မှ လေ့လာတင်ပြချက်အရ ဘီယာကို သင့်တင်မျှသောက်သုံးပါက ၅၀% လျော့ကျစေနိုင်ပါတယ် ။ Harvard မှ လေ့လာချက်မှ နှလုံး ၊ ဦးဏှောက်ထဲသို့ စီးဝင်သော သွေးကြောများကို ပိတ်မိစေနိုင်တဲ့ သွေးခဲင ယ်လေးများ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
သတိပြုရန် _ အံသြဖွယ် ကောင်းကျိုးများသည် ဘီယာ ပမာဏကို သင့်တင့်မျှတစွာသောက်သုံးမှသာ ရရှိနိုင်မှာ ဖြစ်ပါတယ်။ credit:dailycinews
Tags: