မောရိယမန်းဆေးနဲ့ ဆရာခိုဆေးတို့အား မကောင်းပုတ်ချပြောဆိုသော ဆရာဝန်မကို တရားစွဲတော့မည်
unicode
မောရိယမန်းဆေးနဲ့ ဆရာခိုဆေးတို့အား မကောင်းပုတ်ချပြောဆိုသော ဒေါက်တာ မြဝတ်ရည်ကို တရားစွဲတော့မည်
အများပြည်သူ သုံးစွဲနေသော တိုင်းရင်းဆေးထဲမှ မောရိယမန်းဆေးနှင့် ဆရာခိုဆေးအား မကောင်းပုတ်ချသော ဒေါက်တာမြဝတ်ရည်ကို တရားစွဲတော့မည်လို့ ဆရာခိုဘက်က ကြေညာလိုက် ပါပြီ။
ဆရာခိုတိုင်းရင်းဆေးကတော့ “တိုင်းရင်းဆေး လောကတွင် လွန် ခဲ့သော နှစ်ပေါင်း(၅၀)ကျော်၊(၁၀၀)ကျော် ရှိခဲ့ပြီ ဖြစ်သည့် အစဉ် အလာကြီးမားခဲ့ပြီး ထင်ပေါ်ကျော်ကြား လူသိများ၍ လက္ခံဝယ် ယူသုံးစွဲမှု ရရှိနေသည့် ဆေးတိုက်ကြီး နှစ်ခုမှ ထုတ်လုပ်ဖြန့်ချီနေသည့် တိုင်းရင်းဆေးများအား(ဆရာဝန်မ)တစ်ဦးက အထင်သေ ပုတ်ခတ်စော်ကားကာ “Live” လွှင့်ပြောကြားခဲ့မှု အပေါ် အရေး ယူနိုင်ရန် ဆောင်ရွက်နေကြောင်း (သား)ဆရာခိုသုံးစွဲသူ မိဘပြည်သူများ ထံသို့ ပြန်ကြားအပ်ပါသည်။ အစာဝ၊အနာကင်း၊ဘယာရှင်း ကြပါစေ” ဆိုပြီးတင်ထားတာပဲဖြစ်ပါတယ်။
ဒေါက်တာမြဝတ်ရည် ဘက်တော့ လူမှုကွန်ယက်ကနေ “Bad review ဆိုတာရှိရင် ပြောကြတဲ့လူကို တရားစွဲလား။ခွဲစိတ်ဆရာဝန်တစ်ယောက်က COVID ကာလကြီးထဲ COVID ကူးနိုင်ချေ အန္တရာယ်များရတဲ့ကြားထဲ တောက်လျှောက် ဒီလိုမျိုး လူနာတွေအတွက် အန္တရာယ်မဖြစ်အောင် ကျန်းမာရေးပညာပေးနေတာကို By name တပ်ပြောလို့ အသရေ ဖျက်တယ်တဲ့။
ဆရာခိုက အသရေဖျက်တယ်ဆိုတာ မဟုတ်မမှန်လုပ်ကြံပြောတာပါ။လူနာတွေ အားလုံးရဲ့ ဆေးမှတ်တမ်းတွေ ပြုစုထားပါတယ်။ ဆေးတစ်မျိုးရဲ့ အာနိသင် ဘယ်ရောဂါမှာ ဘယ်လိုပျောက်ကင်းကြောင်း ဘာဆိုးကျိုးတွေရှိကြောင်း လူပေါင်းများစွာကို စမ်းသပ်ထားကြာင်းတွေတော့ သက်သေခံရပါလိမ့်မယ်” ဆိုပြီးပြောထားပါတယ်။ယခုလို အဆုံးထိဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအ ထူးပင် ကျေးဇူးတင်ပါသည် ကောင်းသော နေ့လေးဖြစ်ပါစေ။source: ဆရာခို
Tags: