ရှေးဟောင်းပစ္စည်းများထွက်တယ်ဆိုပြီး မင်းဘူး က လယ်မြေထဲ လူအများလာရောက်တူးဖော်နေ
|ေရွးေဟာင္းပစၥည္းထြက္တယ္ဆိုၿပီး မင္းဘူးလယ္ေျမထဲ လူအမ်ားလာေရာက္တူးေဖာ္
မင္းဘူးၿမိဳ႕နယ္ ေခ်ာင္းေကာက္႐ြာ၊ မင္းဘူး- မင္းလွ ကားလမ္းေဘး၊ ဧရာဝတီျမစ္ကမ္း အနီးက လယ္ကြက္ေတြထဲမွာ ပ်ဴေခတ္သခၤ်ိဳင္း လို႔ယူဆရတဲ့ ေနရာကို အနီးဝန္းက်င္႐ြာေတြက ေဒသခံေတြက လာေရာက္ တူးေဖာ္ကာ ပုတီးေစ့၊ အိုးခြက္၊လွံတံ၊ ဓား အ စရွိတာေတြကို ရယူခဲ့ၾကပါတယ္။
ေအာက္တိုဘာလ ၆ ရက္ေန႕ကတည္းကစၿပီး လူအုပ္စုလိုက္ အဲဒီလိုလာေရာက္ တူးေဖာ္ေနၾကတာလို႔ အဲဒီလယ္ေျမပိုင္ရွင္ကေျပာပါတယ္။
ဒီေန႕ ေအာက္တိုဘာ ၁၀ရက္ မနက္ပိုင္းမွာေတာ့ အဲဒီ႐ြာကို မေကြး တိုင္း ေရွးေဟာင္း သုေတသနဌာနက အရာရွိေတြ ေရာက္ရွိကာ မွ တ္တမ္းရယူ စီစစ္မႈေတြကို ျပဳလုပ္ေနပါတယ္။
အခု တူးေဖာ္ေနတဲ့ ေနရာ အရပ္က ေျပာေနသလို ပ်ဴေရွးေဟာင္းသခၤ်ိဳင္း ေနရာေဟာင္း ဟုတ္မဟုတ္နဲ႕ ဘယ္လို ဆက္လက္လုပ္ ေဆာင္ဖို႔ ရွိတယ္ဆိုတာကို စီစစ္ ေဆာင္႐ြက္ေနတယ္လို႔ မေကြးတို င္းေရွးေဟာင္းသုေတသနဌာနရဲ႕ ဦးစီးအရာရွိဦးရဲလြင္က ေျပာပါတယ္။ Credit : BBC
unicode
ရှေးဟောင်းပစ္စည်းထွက်တယ်ဆိုပြီး မင်းဘူးလယ်မြေထဲ လူအများလာရောက်တူးဖော်
မင်းဘူးမြို့နယ် ချောင်းကောက်ရွာ၊ မင်းဘူး- မင်းလှ ကားလမ်းဘေး၊ ဧရာဝတီမြစ်ကမ်း အနီးက လယ်ကွက်တွေထဲမှာ ပျူခေတ်သင်္ချိုင်း လို့ယူဆရတဲ့ နေရာကို အနီးဝန်းကျင်ရွာတွေက ဒေသခံတွေက လာရောက် တူးဖော်ကာ ပုတီးစေ့၊ အိုးခွက်၊လှံတံ၊ ဓား အ စရှိတာတွေကို ရယူခဲ့ကြပါတယ်။
အောက်တိုဘာလ ၆ ရက်နေ့ကတည်းကစပြီး လူအုပ်စုလိုက် အဲဒီလိုလာရောက် တူးဖော်နေကြတာလို့ အဲဒီလယ်မြေပိုင်ရှင်ကပြောပါတယ်။
ဒီနေ့ အောက်တိုဘာ ၁၀ရက် မနက်ပိုင်းမှာတော့ အဲဒီရွာကို မကွေး တိုင်း ရှေးဟောင်း သုတေသနဌာနက အရာရှိတွေ ရောက်ရှိကာ မှ တ်တမ်းရယူ စီစစ်မှုတွေကို ပြုလုပ်နေပါတယ်။
အခု တူးဖော်နေတဲ့ နေရာ အရပ်က ပြောနေသလို ပျူရှေးဟောင်းသင်္ချိုင်း နေရာဟောင်း ဟုတ်မဟုတ်နဲ့ ဘယ်လို ဆက်လက်လုပ် ဆောင်ဖို့ ရှိတယ်ဆိုတာကို စီစစ် ဆောင်ရွက်နေတယ်လို့ မကွေးတို င်းရှေးဟောင်းသုတေသနဌာနရဲ့ ဦးစီးအရာရှိဦးရဲလွင်က ပြောပါတယ်။ Credit : BBC