အနုပညာရှင်တွေကို ငွေနဲ့ပေါက်ပြီး ပျော်ပါးတာမျိုးတွေရှိနေတယ်လို့ ဖွင့်ဟလာတဲ့ အလှမယ် ထက်ထက်ထွန်း
unicode
အနုပညာရှင်တွေကို ငွေနဲ့ပေါက်ပြီး ပျော်ပါးတာမျိုးတွေရှိနေတယ်လို့ ဖွင့်ဟလာတဲ့ အလှမယ် ထက်ထက်ထွန်း
ထက်ထက်ထွန်းကတော့ လူသိများထင်ရှားတဲ့ အလှမယ်တစ်ဦးဖြ စ်သလို ရုပ်ရှင် သရုပ်ဆောင် တစ်ဦးအဖြစ်လည်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူတစ်ဦးဖြစ်ပါတယ်။
ခုရက်ပိုင်းမီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ ထက်ထက်ထွန်း လက်ရှိ ကိုဗစ်ကာလမှာ အနုပညာရှင်တွေကို ငွေနဲ့ပေါက်ပြီး ပျော်ပါးဖို့က မ်းလှမ်းခံရတာတွေ ရှိနေတယ်ဆိုတဲ့ အကြောင်း ဖွင့်ပြေပြလာခဲ့တာဖြစ်ပါတယ်။
ထက်ထက်ထွန်းက “ဒါကအခုမှ မဟုတ်ပါဘူး…ဟိုးအရင်ကတ ည်းကလည်း ဒီလိုငွေနဲ့ပေါက်ပြီး ကမ်းလှမ်းတာမျိုးတွေ ဒါမှမဟု တ်လည်း ဟိုက ငွေနဲ့ မပေါက်ရင်တောင်မှ ကိုယ်က အပေါက်ခံချ င်လို့ တိုးဝင်တာမျိုးတွေ ဒါက ခေတ်အဆက်ဆက်မှာရှိခဲ့တာကြီးပဲပေါ့နော်
အခုကတော့ အဲ့လိုအတွေးမျိုးမရှိတဲ့သူတွေတောင်မှ အဲ့လိုအတွေးတွေဖြစ်လာစေတဲ့ အကြပ်အတည်းကာလကြီးထဲမှာဆိုတော့ ဒါမျိုးကရှိနေမှာပါပဲ အဓိကကတော့ ကိုယ့်စိတ်ပဲပေါ့နော် ကိုယ့်ကိုကိုယ်ဘယ်လောက် Limit ထားထားလဲဆိုတဲ့ အပေါ်ပဲ မူတည်ပါတယ် ရှိတဲ့သူတွေကတော့ သူတို့ရှိတဲ့အရာကိုအသုံးပြုပြီးတော့ ဝယ်ယူဖို့ရယူဖို့ ကြိုးစားကြမှာပဲပေါ့။
ဒါကတော့ သဘာဝပဲဖြစ်တဲ့အတွက် သူတို့ကိုလည်း အပြစ်မတင်ချင်ပါဘူး အလကားလည်းမုဒိမ်းကျင့် အဓမ္မယူတာလည်းမဟုတ်ဘူးပေါ့နော် တန်ရာတန်ကြေးတစ်ခုသတ်မှတ်ပြီးတော့ မေးတဲ့အခါမှာ တစ်ဖက်က သဘောတူညီချက်ရမှသာ ရယူတာဖြစ်တဲ့အတွက်ကြောင့် ရယူလိုတဲ့ သူတွေတော့ ထက်ကတော့ အပြစ်မတင်ချင်ဘူး အားလုံးကတော့ သူ့ဘဝနဲ့သူ့ကံရောင်းသူဝယ်သူအကျိုးတည့်နေတာလို့ပဲ မြင်ချင်ပါတယ်။
အဲ့လိုတွေထက်စာလို့ရှိရင် သက်ငယ်မုဒိန်းတို့ အလိုမတူပဲမုဒိမ်းကျင့်တာတို့ကို ပိုရွံတယ် အနုပညာရှင် ဆိုတာက နဂိုတည်းက အမြဲ တမ်းပြင်ဆင်နေရပြီး အကုန်အကျများနေတဲ့သူတွေဖြစ်တဲ့အတွက် ငွေကြေးတတ်နိုင်တဲ့သူတွေရဲ့ ပစ်မှတ်ဖြစ်နေတာပေါ့ ဒီမှာမှ လိုအ ပ်နေတဲ့ ခံယူချက် မခိုင်မာတဲ့ အနုပညာရှင်မိန်းကလေးတွေက ခံ ယူချက်နဲ့ စိတ်ဓာတ်မခိုင်မာတဲ့အခါ သူတို့ အတွက်အခွင့်အရေးပိုများတာပေါ့ ” လို့ပြောလာခဲ့တာပါ။
ပရိသတ်ကြီးရေ ထက်ထက်ထွန်းကတော့ အနုပညာရှင်တွေကို ငွေပေးပြီး ပျော်ပါးဖို့ ကြံစည်မှုတွေရှိနေတဲ့ အကြောင်း ဖွင့်ဟာခဲ့တာပဲဖြစ်ပါတယ်နော်။ လူမှုကွန်ယက်မှာ ရေပန်းစားနေတာကြောင့်တ င်ဆက်ပေးလိုက်ရ ပါတယ်နော်။သာယာျော်ရွှင်တဲ့ နေ့ရက်လေးဖြစ်ပါ စေလို့ဆုတောင်းပေးလိုက်ပါတယ်။source: Htet Htet Tun