ကိုဗစ်ကာလ ပြီးဆုံးတဲ့အထိ သူပိုင်တိုက်ခန်းတွေက အိမ်ငှားတွေကို အခမဲ့ နေထိုင်ခွင့်ပေးလိုက်တဲ့ ဒိန်းဒေါင်
unicode …
ကိုဗစ်ကာလ ပြီးဆုံးတဲ့အထိ သူပိုင်တိုက်ခန်းတွေက အိမ်ငှားတွေကို အခမဲ့ နေထိုင်ခွင့်ပေးလိုက်တဲ့ ဒိန်းဒေါင်
ကိုဗစ်ကာလမှာ စီးပွားရေး အခြေအနေတွေ ကျဆင်းခက်ခဲနေပြီး စားဝတ်နေရေးကျပ်တည်းတာကို စာနာတာကြောင့် ကိုဗစ်ကာလပြီးဆုံးတဲ့ထိ သူပိုင် ရန်ကုန်က တိုက်ခန်းတွေကို ငှားရမ်းနေထိုင်သူတွေအနေနဲ့ အိမ်ငှားခတွေ ပေးရန်မလိုတော့ကြောင်း ဟာသသရုပ် ဆောင်လူရွှင်တော် ဒိန်းဒေါင်က ပြောပါတယ်။
အောက်တိုဘာ ၁၀ ရက်ကစပြီး ကိုဗစ် ကပ်ရောဂါကာလပြီးဆုံးတဲ့အထိ အိမ်ငှားခတွေကို မယူတော့ဘဲ မေတ္တာနဲ့ အခမဲ့ နေထိုင်ခွင့် ပေးမယ်လို့လည်း သူက ရှင်းပြပါတယ်။
ဒါ့အပြင် လူရွှင်တော် ဒိန်းဒေါင်ဟာ ဒီကာလမှာ ရန်ကုန်မြို့တွင်း ဘုန်းတော်ကြီးကျောင်း၊ သီလရင်ကျောင်းတွေ အပါအဝင် ကိုဗစ်ကြောင့် စားဝတ်နေရေး ကျပ်တည်းနေတဲ့ အခြေခံလူတန်းစားတွေအတွက် စားနပ်ရိက္ခာတွေကို တခြား အလှူရှင်တွေရဲ့ ပံ့ပိုးကူညီမှုနဲ့အတူ လှူဒါန်း ပံ့ပိုးလျက်ရှိပါတယ်။source:Dane Daung