အရမ်းတန်ခိုးကြီးတဲ့ အင်းတော်ကြီး၏ အံ့ဘွယ် ကိုးပါး

အရမ္းတန္ခိုးႀကီးတဲ့ အင္းေတာ္ႀကီး၏ အံ့ဘြယ္ ကိုးပါး

အင္းေတာ္ ႀကီးသည္ ျမန္မာ ျပည္တြင္ အႀကီးဆုံး အင္းျဖစ္သည္။ဥတၱရ ေစာျဖဴမင္း၏ ေပ်ာက္ဆုံး ေနေသာ ေ႐ႊၿမိဳ႕ေတာ္၏ တည္ ေနရာသည္ ျပည္ေထာင္စု ျမန္မာ နိုင္ငံေတာ္ (ကမာၻ႔) ေျမပုံအရ အေရွ႕ေလာင္ဂ်ီတြဒ္ (၉၆ံ ၂၃`ႏွင့္ ၉ရံ) ၾကားတြင္ လည္းေကာင္း၊ ေျမာက္လတၱီတြဒ္ (၂၅ံ ႏွင့္ ၂၆ံ) ၾကားတြင္ လည္းေကာင္း၊ ျမန္မာ နိုင္ငံ (အထက္) ေျမာက္ပိုင္း (ကခ်င္ ျပည္နယ္ မိုးညွင္းၿမိဳ႕နယ္) တြင္ တည္ရွိ ေနသည္။

၁ ။ အလ်ား ၈-တိုင္၊ အနံ ၄-တိုင္၊ က်ယ္ဝန္း ေသာေၾကာင့္ တပါး၊

၂​ ။အေနာဒတၳ အိုင္ကဲ့သို႔ အလြန္ ေရသန႔္ရွင္း ေသာေၾကာင့္ တပါး၊

၃ ။အလြန္ က်ယ္ဝန္းေသာ အင္းျဖစ္ ေသာ္လည္း အင္းထဲတြင္ ဆိုးဝါးေသာ မိေက်ာင္း စေသာ ငါးႀကီးတို႔ကို မဆိုးဝါး ရေအာင္ အင္းေတာ္ႀကီး အရွင္ ထိန္းသိမ္း ျခင္းေၾကာင့္ အံ့ဘြယ္ တပါး၊

၄ ။အင္းႀကီးထဲတြင္ မေတာ္တဆ လူတို႔က် ေသဆုံးရေသာ္လည္း အနာအဆာမရွိ ငါးႀကီး မ်ားလည္း မစားဘဲ ကမ္းစပ္ေရာက္ေအာ င္ လိူင္းပုတ္ခတ္ တင္ေပးျခင္း၊

၅ ။အင္းနားတြင္ ေ႐ႊက်င္ေသာ္ ေ႐ႊမ်ားရရွိျခင္း၊

၆ ။အမိုက္သရိုက္ မ်ားကို အင္းထဲတြင္ မရွိရေအာင္ ေန႕စဥ္ ညတိုင္း ကမ္းသို႔ အေရာက္ လွိုင္းပုတ္ခတ္ တင္ေပးျခင္း၊

၇ ။တစ္ႏွစ္ သုံးႀကိမ္က် သားမက္ေတာ္ နန႔္တိန္း အရွင္ႀကီးက ေယာကၡမေတာ္ အရွင္ႀကီးထံသို႔ ေရေျပာင္းျပန္ ဆန္တက္ ကန္ ေတာ့ျခင္း၊

၈ ။စစ္တိုက္ရာပါ ေခ်ာင္းမ်ားကို အင္းႀကီးထဲသို႔ သန႔္ရွင္းစြာ ဝင္ခြင့္ ျပဳျခင္း၊

၉ ။ႏွစ္စဥ္ ႏွစ္တိုင္း တန္ေဆာင္မုန္း လက စ၍ ျပာသိုလ အထိ အင္းထဲရွိ ငါးမ်ားကို အင္းေတာ္ႀကီး ေတာင္ပိုင္း အျခားအကြာ (၈) မိုင္ဘုရားႀကီး အထိ လြဲအိမ္ေတာင္ အရွင္ႀကီးက ေဆးခတ္သျဖင့္ ငါးမ်ားစြာ ေသျခင္း ဤသို႔ျဖင့္ အံ့ဘြယ္ ကိုးပါးတည္း၊

အင္းေတာ္ႀကီး အိုင္သည္ ေယဘုယ် ေခၚေဝၚ အဆိုျပဳ ၾကသည့္ အက်ယ္အဝန္း ပမာဏမွာ အလ်ား-၁၆မိုင္၊ အနံ-၈ မိုင္ ရွိသည္ဟု ဆိုသည္။ သို႔ရာတြင္ ျမန္မာ့ စြယ္စုံက်မ္း၌ အႀကီးဆုံးေသာ အင္းသည္ အလ်ား-၁၄မိုင္ ၊ အနံ-ရမိုင္ရွိေသာ အင္းသည္ မိုးေကာင္း ေခ်ာင္းဖ်ား ခံရာ၌ ရွိေပသည္ဟု ဆိုေလသည္။

မ်က္ေမွာက္ ကာလ အေတြးေခၚ ေျမာ္ျမင္ေရး (သမိုင္းေဗဒ ကို ဆန႔္က်င္၍) ယုတၱိေဗဒ ညာရွင္ တခ်ိဳ႕က ဆိုေလသည္။ သမိုင္း ဆိုသည္ အျငင္းပြားမႈ လမ္းေၾကာင္းကို ျဖတ္သန္းလာ စၿမဲျဖစ္ သည္။

ေျမဆီလြာ ျပတ္ေ႐ႊ႕ျခင္းေၾကာင့္ ေသာ္ လည္းေကာင္း၊ သဘာ၀ ေတာေတာင္ ေရေျမတို႔၏ ျဖစ္ပ်က္ ေျပာင္းလည္းျခင္းျဖင့္ လည္း ေကာင္း မည္တို႔ ပင္ျဖစ္ေစ ကာမူ ထူးဆန္း အံ့ၾသဖြယ္ရာမ်ား ျဖင့္ျပည့္စုံ ေနေသာ အင္းႀကီး။ထိုအင္းႀကီးသည္ အလယ္တြင္ ေ႐ႊမၪၥဴ ေစတီေတာ္ (ေရလယ္ဘုရား) တည္ထား ကိုးကြယ္ ၾကသည္။

ဤ ေ႐ႊမၪၥဴ ေစတီေတာ္ (ေရလယ္ဘုရား) သည္ ဥတၱရ ေစာျဖဴမင္း၏ ေပ်ာက္ဆုံး ေနေသာ ေ႐ႊၿမိဳ႕ေတာ္၏ တည္ေနရာ ျဖစ္သလို သွ်မ္းနီ လူမ်ိဳး “တိုင္းခမ္းတီး၊ တိုင္းလွ်ဲန္၊ တိုင္းကတူး၊ တိုင္းကနန္း တို႔၏ သမိုင္းဝင္ထင္ေပၚ ေက်ာ္ေစာ တန္းခိုးႀကီးေသာ ေစတီေတာ္ ဘုရား တဆူ ျဖစ္ေၾကာင္း တင္ျပ လိုက္ရ ပါသည္။ ျမန္မာ့အလင္း

unicode …

အရမ်းတန်ခိုးကြီးတဲ့ အင်းတော်ကြီး၏ အံ့ဘွယ် ကိုးပါး

အင်းတော် ကြီးသည် မြန်မာ ပြည်တွင် အကြီးဆုံး အင်းဖြစ်သည်။ဥတ္တရ စောဖြူမင်း၏ ပျောက်ဆုံး နေသော ရွှေမြို့တော်၏ တည် နေရာသည် ပြည်ထောင်စု မြန်မာ နိုင်ငံတော် (ကမ္ဘာ့) မြေပုံအရ အရှေ့လောင်ဂျီတွဒ် (၉၆ံ ၂၃`နှင့် ၉ရံ) ကြားတွင် လည်းကောင်း၊ မြောက်လတ္တီတွဒ် (၂၅ံ နှင့် ၂၆ံ) ကြားတွင် လည်းကောင်း၊ မြန်မာ နိုင်ငံ (အထက်) မြောက်ပိုင်း (ကချင် ပြည်နယ် မိုးညှင်းမြို့နယ်) တွင် တည်ရှိ နေသည်။

၁ ။ အလျား ၈-တိုင်၊ အနံ ၄-တိုင်၊ ကျယ်ဝန်း သောကြောင့် တပါး၊

၂​ ။အနောဒတ္ထ အိုင်ကဲ့သို့ အလွန် ရေသန့်ရှင်း သောကြောင့် တပါး၊

၃ ။အလွန် ကျယ်ဝန်းသော အင်းဖြစ် သော်လည်း အင်းထဲတွင် ဆိုးဝါးသော မိကျောင်း စသော ငါးကြီးတို့ကို မဆိုးဝါး ရအောင် အင်းတော်ကြီး အရှင် ထိန်းသိမ်း ခြင်းကြောင့် အံ့ဘွယ် တပါး၊

၄ ။အင်းကြီးထဲတွင် မတော်တဆ လူတို့ကျ သေဆုံးရသော်လည်း အနာအဆာမရှိ ငါးကြီး များလည်း မစားဘဲ ကမ်းစပ်ရောက်အော င် လိူင်းပုတ်ခတ် တင်ပေးခြင်း၊

၅ ။အင်းနားတွင် ရွှေကျင်သော် ရွှေများရရှိခြင်း၊

၆ ။အမိုက်သရိုက် များကို အင်းထဲတွင် မရှိရအောင် နေ့စဉ် ညတိုင်း ကမ်းသို့ အရောက် လှိုင်းပုတ်ခတ် တင်ပေးခြင်း၊

၇ ။တစ်နှစ် သုံးကြိမ်ကျ သားမက်တော် နန့်တိန်း အရှင်ကြီးက ယောက္ခမတော် အရှင်ကြီးထံသို့ ရေပြောင်းပြန် ဆန်တက် ကန် တော့ခြင်း၊

၈ ။စစ်တိုက်ရာပါ ချောင်းများကို အင်းကြီးထဲသို့ သန့်ရှင်းစွာ ဝင်ခွင့် ပြုခြင်း၊

၉ ။နှစ်စဉ် နှစ်တိုင်း တန်ဆောင်မုန်း လက စ၍ ပြာသိုလ အထိ အင်းထဲရှိ ငါးများကို အင်းတော်ကြီး တောင်ပိုင်း အခြားအကွာ (၈) မိုင်ဘုရားကြီး အထိ လွဲအိမ်တောင် အရှင်ကြီးက ဆေးခတ်သဖြင့် ငါးများစွာ သေခြင်း ဤသို့ဖြင့် အံ့ဘွယ် ကိုးပါးတည်း၊

အင်းတော်ကြီး အိုင်သည် ယေဘုယျ ခေါ်ဝေါ် အဆိုပြု ကြသည့် အကျယ်အဝန်း ပမာဏမှာ အလျား-၁၆မိုင်၊ အနံ-၈ မိုင် ရှိသည်ဟု ဆိုသည်။ သို့ရာတွင် မြန်မာ့ စွယ်စုံကျမ်း၌ အကြီးဆုံးသော အင်းသည် အလျား-၁၄မိုင် ၊ အနံ-ရမိုင်ရှိသော အင်းသည် မိုးကောင်း ချောင်းဖျား ခံရာ၌ ရှိပေသည်ဟု ဆိုလေသည်။

မျက်မှောက် ကာလ အတွေးခေါ် မြော်မြင်ရေး (သမိုင်းဗေဒ ကို ဆန့်ကျင်၍) ယုတ္တိဗေဒ ညာရှင် တချို့က ဆိုလေသည်။ သမိုင်း ဆိုသည် အငြင်းပွားမှု လမ်းကြောင်းကို ဖြတ်သန်းလာ စမြဲဖြစ် သည်။

မြေဆီလွာ ပြတ်ရွှေ့ခြင်းကြောင့် သော် လည်းကောင်း၊ သဘာ၀ တောတောင် ရေမြေတို့၏ ဖြစ်ပျက် ပြောင်းလည်းခြင်းဖြင့် လည်း ကောင်း မည်တို့ ပင်ဖြစ်စေ ကာမူ ထူးဆန်း အံ့သြဖွယ်ရာများ ဖြင့်ပြည့်စုံ နေသော အင်းကြီး။ထိုအင်းကြီးသည် အလယ်တွင် ရွှေမဉ္စူ စေတီတော် (ရေလယ်ဘုရား) တည်ထား ကိုးကွယ် ကြသည်။

ဤ ရွှေမဉ္စူ စေတီတော် (ရေလယ်ဘုရား) သည် ဥတ္တရ စောဖြူမင်း၏ ပျောက်ဆုံး နေသော ရွှေမြို့တော်၏ တည်နေရာ ဖြစ်သလို သျှမ်းနီ လူမျိုး “တိုင်းခမ်းတီး၊ တိုင်းလျှဲန်၊ တိုင်းကတူး၊ တိုင်းကနန်း တို့၏ သမိုင်းဝင်ထင်ပေါ် ကျော်စော တန်းခိုးကြီးသော စေတီတော် ဘုရား တဆူ ဖြစ်ကြောင်း တင်ပြ လိုက်ရ ပါသည် ။ မြန်မာ့အလင်း

Add a Comment

Your email address will not be published. Required fields are marked *