ဒီနေရာ(၇)ခုမှာ တစ်နေရာလောက် မှဲ့ပါတဲ့သူဆို လုံး၀လက်လွှတ်မခံပါနဲ့
unicode. . .
ဒီနေရာ(၇)ခုမှာ တစ်နေရာလောက် မှဲ့ပါတဲ့သူဆို လုံး၀ လက်လွှတ်မခံပါနဲ့
မှဲ့ နဲ့ပတ်သက်ပြီး အယူအဆ အမျိုးမျိုးရှိ တတ်ကြပါတယ်။ မှဲ့ တစ်ခုစီတိုင်းမှာ ဘဝနဲ့ ပတ်သက်ပြီး ဖုံးကွယ်ထားတဲ့ မက်ဆေ့ချ် တစ်ခုစီ ရှိပါတယ်လို့ မှဲ့ပညာရှင်တွေက ဆိုထားကြပါတယ် ။
ခန္ဓာကိုယ်ရဲ့ နေရာအမျိုးမျိုးမှာ မှဲ့တွေရှိနိုင်ပြီး အခုဖော်ပြပေးမယ့် နေရာတွေမှာရှိတဲ့ မှဲ့တွေကတော့ ကံကောင်းခြင်းနဲ့ စည်းစိမ်ဥစ္စာ ကြွယ်ဝခြင်းကို ပေးနိုင်ပါတယ်တဲ့ ။
နှုတ်ခမ်းအပေါ်ဘက်မှာ ရှိတဲ့ မှဲ့။ ။အရမ်းကို ကောင်းတဲ့မှဲ့ တစ်မျိုးဖြစ်ပြီး ရွယ်တူတန်းတူတွေထက် ငွေကြေး၊ အောင်မြင်မှု ပိုမိုရရှိတတ်တဲ့မှဲ့လို့ ဆိုနိုင်ပါတယ် ။ ဒီလိုမှဲ့ပိုင်ရှင်တွေက ခေါင်းနည်းနည်းမာတဲ့ သဘာဝရှိပေမဲ့ ဘာပဲလုပ်လုပ် အရမ်းကို မြန်မြန်ဆန်ဆန် အောင်မြင်တတ်တဲ့ သူတွေ ဖြစ်ပါတယ် ။
နှာခေါင်းပေါ်မှာရှိတဲ့ မှဲ့။ ။နှာခေါင်းရဲ့တစ်ဘက်တစ်ချက် မှာမှဲ့ရှိနေမယ် ဆိုရင် သေချာပေါက်ချမ်းသာ မယ်ဆိုတဲ့ လက္ခဏာဖြစ်ပါတယ် ။ ဒါပေမယ့် အောင်မြင်မှုနဲ့ ငွေကြေးနှစ်ခုစလုံးက အသက် ၃၀ နောက်ပိုင်း ဒါမှမဟုတ် အိမ်ထောင်ကျပြီးမှသာ ရရှိတတ်ပါတယ် ။
ညာဘက်ပါးပြင်ပေါ်က မှဲ့။ ။ညာဘက်ပါးပေါ်မှာ ထင်ရှားပြီး ပြတ် သားတိကျတဲ့ မှဲ့တစ်လုံး ရှိမယ်ဆိုရင် အိမ်ထောင်ပြုပြီး နောက်မှာ အရမ်းကို ချမ်းသာကြွယ်ဝ လာမယ်လို့ သိနိုင်ပါတယ်တဲ့ ။
မျက်ခုံး/မျက်လုံးနှစ်ခုကြားက မှဲ့။ ။မျက်ခုံးနှစ်ခုကြားမှာဖြစ်ဖြစ်၊ မျက်လုံးနှစ်လုံးကြား မှာဖြစ်ဖြစ် မှဲ့တစ်လုံး ရှိမယ်ဆိုရင် ချမ်းသာပြီး ဘဝတစ်ခုကို သာသာယာယာနဲ့ အခြေချ နိုင်မယ့် သူတစ်ဦးဖြစ် ပါလိမ့်မယ် ။ ဘဝမှာ တောင့်တစရာမလို ဘဲ ငွေကြေးပြည့်ပြည့် စုံစုံနဲ့ နေရတတ် ပါတယ်နော် ။
ခါးက မှဲ့။ ။ခါးရဲ့ဘေး တစ်ဖက် တစ်ချက်မှာ ရှိတဲ့ မှဲ့က ကံကေ ာင်းခြင်းရော ကံဆိုးခြင်းရော နှစ်မျိုးစလုံး ဖြစ်စေနိုင်ပါတယ်။ ဥစ္စာပစ္စည်း ပြည့်စုံကြွယ်ဝပြီး ကြီးပွားတိုးတက်မှာ ဖြစ်ပေမဲ့ ဘဝရဲ့အချိန်တော်တော် များများမှာ ဝမ်းနည်းစရာ၊ စိတ်မချမ်းမြေ့စရာတွေကြုံရမှာ ဖြစ်ပါတယ် ။
ညာဘက်လက်ဝါးပြင်က မှဲ့။ ။ညာဘက်လက်ဝါးပြင်မှာ မှဲ့ရှိရင် ဘ ဝမှာ အောင်မြင်မှုနဲ့ ကြွယ်ဝမှုနှစ်မျိုးလုံး ရနိုင်ပါတယ်။ ဒါပေမဲ့ ကံ ကောင်းမယ့်အချိန် က လက်ဝါးပြင်ပေါ်က မှဲ့ရဲ့ တည်နေရာအပေါ်မှာမူတည်ပါတယ် ။ မှဲ့က လက်ဝါးရဲ့ အပေါ်ပိုင်းမှာ ရှိနေမယ်ဆိုရင်ငယ် ရွယ် တဲ့အချိန်ကစပြီး အောင်မြင် ပြည့်စုံမှာဖြစ်ပြီး လက် ဝါးရဲ့ အောက်ပိုင်းမှာ ရှိမယ်ဆိုရင် အသက်ရလာတဲ့ အချိန်မှာမှ စ ည်းစိမ်ဥစ္စာနဲ့ အောင်မြင်မှုတွေ ရရှိနိုင်မှာပဲ ဖြစ်ပါတယ် ။
ရင်ဘတ်ပေါ်မှာရှိတဲ့ မှဲ့။ ။ရင်ဘတ်ရဲ့ ညာဘက်အခြမ်းမှာ ရှိတဲ့မှဲ့က စည်းစိမ်ဥစ္စာ အများအပြားပိုင်ဆိုင်စေပြီး ဘဝကို အေးအေးချမ်းချမ်း ပျော်ပျော် ရွှင်ရွှင် ဖြတ်သန်း နိုင်ခြင်းကို ပြသတဲ့ မှဲ့ ဖြစ်ပါတယ် ။
မေးစေ့ပေါ်မှာရှိတဲ့ မှဲ့။ ။မေးစေ့ပေါ်မှာရှိတဲ့ မှဲ့က စည်းစိမ်ဥစ္စာနဲ့ ပ တ်သက်ရင် ကံကောင်းခြင်းကို ပြပေမဲ့ လူမှုဆက်ဆံရေးနဲ့ ပတ် သက်ရင် အားနည်းပြီး အထီးကျန်နေ ရတတ်တဲ့ သူတွေလည်း ဖြ စ်ပါတယ်နော် ။credit : Sunthit
Add a Comment
Your email address will not be published. Required fields are marked *