မွေးရပ်မြေကို(၆၅)နှစ်ပြည့်မွေးနေ့မှာ အိမ်ခြေပေါင်း (၃၃၃၉)ကို သိန်းပေါင်း(၁၆၀၀)ကျော် လှူဒါန်းမည်
unicode …
မွေးရပ်မြေ ကို (၆၅)နှစ်ပြည့်မွေးနေ့မှာ အိမ်ခြေပေါင်း (၃၃၃၉) အိမ်ကို သိန်းပေါင်း (၁၆၀၀)ကျော် လှူဒါန်းမည်
မအူပင်မြို့နယ် ထနီးကျေးရွာ ဇာတိဖွား ယခုလာမည့် 9.10. 2020 နေ့ ၁၃၈၂ ခုနှစ် တော်သလင်းလပြည့်ကျော် ၈ ရက်နေ့သ ည် သီဟသုဓမ္မမဏိဇောတဝရ ဦးအောင်သန်းစိန် (65)နှစ်ပြည့်မွေးနေ့ဖြစ်ကြောင်း သိရပါသည်။
နှစ်စဉ် မိမိနေထိုင်ခဲ့သော မအူပင်မြို့နယ် ထနီးကျေးရွာရှိ အိမ်ခြေပေါင်း (၃၀၀၀) ကျော်တို့အား ဆန်နှင့်ငွေများ လှူဒါန်းခဲ့ရာ ယခုနှစ်တွင် အခြေအနေရ ငွေသားကြီးပဲ လှူဒါန်းမည် ဖြစ်သည်။
အိမ်ခြေပေါင်း (၃၃၃၉) အိမ်အား တစ်အိမ်လျှင် ၅၀၀၀၀ကျပ် ဖြင့် သိန်းပေါင်း ၁၆၆၉၅၀၀၀၀ ကျပ် (တစ်ထောင့် ခြောက်ရာ ခြောက်ဆယ် ကိုးသိန်း ငါးသောင်း) ကျပ်တိတိကို လှူဒါန်းပေးသွားမည်ဖြစ်ပါကြောင်း သိရပါသည်။
ယခုအချိန်မှာ ကိုဗစ် ရောဂါကြောင့် ယခင် နှစ်များထက် စားဝတ် နေရေးများ ခက်ခဲ့ ကျပ်တည်းနေကြမည်ဟု ထင်မြင်ယူဆ၍ ကျေး ရွာသူ ကျေးရွာသားများအား စေတနာ သုံးတန်ပြဌာန်း၍ လှူဒါန်းပေး လိုက်ပါကြောင်း ဓမ္မ မိတ်ဆွေ သူတော်စင် အပေါင်းတို့ သာဓု ခေါ်ဆိုနိုင် ကြစေရန် တင်ပြပေး လိုက်ပါသည်။crd-မအူပင်ကျော်လွှား
Tags:
Add a Comment
Your email address will not be published. Required fields are marked *