unicode . . .
အလွန်နှာဘူးကျတဲ့ သရဲမတစ်ကောင်ကြောင့် စိတ်ညစ်ခဲ့ရကြောင်း ဖွင့်ဟခဲ့တဲ့အမျိုးသား
အိုင်ယာလန်က နာမည်ကြီး အစီအစဉ်တင်ဆက်သူ Graham Norton (၅၇)နှစ်ကတော့ Talk Show တစ်ခုမှာ အလွန်ထူးဆန်းတဲ့ ဝန်ခံမှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။
Norton ဟာ အစီအစဉ်တင်ဆက်သူ လောကမှာ သြဇာတိက္ကမကြီးတဲ့ လူတစ်ယောက်ဖြစ်ပေမယ့် အခုသူ့ရဲ့ ဝန်ခံမှုဟာ ဖြစ်ကောဖြစ်နိုင်ပါ့မလားဆိုတဲ့ ဒွိဟစိတ်တွေကို ပေးစွမ်းခဲ့တာပါ။ သူဟာ သရဲမတစ်ကောင်နဲ့ ပတ်သက်ခဲ့ပါတယ်တဲ့။
အဆိုပါ သရဲမဟာ Norton အရင်နေထိုင်ခဲ့တဲ့အိမ်နဲ့ အိမ်ချင်းကပ်မှာ မှီခိုနေထိုင်တယ်လို့ Norton က ဆိုပါတယ်။ သူ တစ်ညမှာ ကိုယ်တည်းဗလာကျင်းနဲ့ အိပ်ချိန်ဆို သရဲမ ရောက်လာပြီး၊ သူကို ဟိုကိုင်သည်ပွတ် လုပ်ကာ ကျီစယ်ခဲ့ကြောင်း ဆိုပါတယ်။
သူဟာ ဒီထူးဆန်းလွန်းတဲ့အတွေ့အကြုံကို လန်ဒန်က Brixton  ရပ်ကွက်မှာ အိမ်ငှားနေစဉ်က ကြုံခဲ့ရတာပါတဲ့။Norton က သူရဲ့အတွေ့အကြုံကို ပြန်လည်ပြောပြရာမှာကျွန်တော် Brixton မှာ ပြီးခဲ့တဲ့နှစ်လောက်က အခန်းငှားနေစဉ်ကပေါ့ … သိပ်ကို ပူလွန်းတဲ့ ညတစ်ညမှာ … ကျွန်တော့်အိမ်ရှင် ကောင်လေးကလည်း အိမ်မှာ ရှိမနေဘူး … ဒီတော့ ကျွန်တော် တစ်ယောက်တည်းပေါ့
ညသန်းခေါင်မှာ ကျွန်တော့်ရဲ့ မတော်တရော်နေရာကို တစ်ယောက် ယောက် ကိုင်လိုက်တယ်လို့ ခံစားမိပြီး ကျွန်တော် လန့်နိုးတယ်” ခြေရင်းမှာ အမျိုးသမီးတစ်ယောက် …ကျွန်တော်ထင်တာက အိ မ်နီးနားချင်းအိမ်က အမျိုးသမီးလို့ ထင်တာ …
သူမမှာ သော့အပိုတွေ ရှိတယ်လေ …စိတ်ထဲမှာ တစ်မျိုးမျိုးခံစားရပြီး ဟယ်လိုလို့ နှုတ်ဆက်လိုက်တယ် … ဘာမှ ပြန်မဖြေဘူးဗျ ဒီအမျိုးသမီး အိပ်ထလမ်းလျှောက် (Sleep Walking) ဖြစ်နေပုံရတယ်လို့ တွေးမိတယ် …
ကျွန်တော့်မှာ ဘာမှဝတ်မထားတော့ သဘက်တစ်ထည်နဲ့ အမြန်ဖုံးလိုက်ရတယ် …သူမလည်း ရှက်နေလိမ့်မယ်လို့ တွေးမိတာပေါ့ … အဲဒီနောက် သူမ တံခါးဆီကို ရွေ့သွားတယ် … တံခါးနဲ့ ကုလား ထိုင်ကြားမှာ လေဟာနယ် ဘာမှမရှိဘူး …
အဲဒီမှာ ဘာမှမရှိတဲ့နေရာမှာ သူမက ထိုင်ချလိုက်တယ် … ကု လားထိုင်ပေါ်မှာ ထိုင်တာမဟုတ်ဘူး … လေဟာနယ်ပေါ်မှာ ထိုင်တာ … လေပေါ်မှာ ပျံနေသလိုမျိုး … လေပေါ်မှာ ထိုင်နေသလိုမျိုး
အဲဒီက လှေကားတက်တွေမှာ သရဲတွေရှိတယ်ကြားဖူးတော့ လန့်သွားတာပေါ့ ဒါပေမယ့် အိမ်ချင်းကပ် အမျိုးသမီး ဖြစ်နိုင်တယ်လို့ပဲ တွေးခဲ့တာ … နောက်ရက်မှာ သိရသလောက် အိမ်ချင်းကပ် အ မျိုးသမီးက အတော်နေမကောင်းလို့ ဒေါက်တာခေါ်ကုနေရသတဲ့ … ဘယ်မှ မသွားနိုင်မလာနိုင် ဖြစ်နေတာတဲ့ လို့ ပြောပါတယ်။
ဒီလိုကိုယ်တိုင် ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကြောင့် သူ့အနေနဲ့ သရဲတွေရှိတယ်ဆိုတာ ယုံကြည်ဖို့ မလွယ်ကြောင်း၊ ဒါပေမယ့် ကြော က်တာကတော့ တစ်ပိုင်းပေါ့လို့ ပြောပါတယ်။
ဒီဝန်ခံမှုကို သူရဲ့စာအုပ်အသစ်ဖြစ်တဲ့ Home Stretch မိတ်ဆက်ပွဲမှာပြောခဲ့တာပါ။နောက်ရက်တွေကတော့ ပုံမှန်ပါဘဲတဲ့။ လင်းသုတ Ref ; DailyStar
Tags:
Add a Comment
Your email address will not be published. Required fields are marked *