ေအာင္လအန္ဆန္နွင့္ လက္ေဝွ႔ယွဥ္ျပိဳင္ထိုးသတ္မည့္ နယ္သာလန္နိုင္ငံသား ဒီရစ္ဒါ

ေအာင္လအန္ဆန္ နွင့္ယွဥ္ျပိဳင္မည့္ နယ္သာလန္နိုင္ငံသား ဒီရစ္ဒါ

ေအာင္လအန္ဆန္၏ မစ္ဒယ္ဝိတ္တန္းကမၻာ့ခ်န္ပီယံ ကာကြယ္ပြဲကို ONE ဝိတ္တန္းႏွစ္ခုခ်န္ပီယံ ျမန္မာ MMA ကစားသမား ေအာင္လအန္ဆန္၏ မစ္ဒယ္ဝိတ္တန္း ကမၻာ့ခ်န္ပီယံကာကြယ္ပြဲကို ေအာက္တိုဘာ ၃၀ ရက္တြင္ က်င္းပမည္ျဖစ္သည္။

ေအာင္လအန္ဆန္သည္ မစ္ဒယ္ဝိတ္တန္း ကမၻာ့ခ်န္ပီယံကာကြယ္ပြဲ အျဖစ္ နယ္သာလန္နိုင္ငံသား ဒီရစ္ဒါႏွင့္ ယွဥ္ၿပိဳင္ထိုးသတ္ရမည္ျဖစ္သည္။ ONE Championship သည္ ေအာက္တိုဘာ၃၀ ရက္တြင္ Inside The Matrix အမည္ျဖင့္ က်င္းပမည့္ၿပိဳင္ပြဲတြင္ ပါဝင္မည့္ ကမၻာ့ခ်န္ပီယံစိန္ေခၚပြဲ ေလးပြဲကို ထုတ္ျပန္ခဲ့ရာ ေအာင္လအန္ဆန္၏တြဲဆိုင္းလည္း ပါဝင္ခဲ့ျခင္းျဖစ္သည္။

ကမၻာ့နိုင္ငံမ်ားတြင္ ျဖစ္ေပၚေနသည့္ ကိုဗစ္-၁၉ ေရာဂါအေျခအေနေၾကာင့္ ေအာင္လအန္ဆန္အေနျဖင့္ ယခုႏွစ္အတြင္း ပထမဆုံးပြဲကို ေအာက္တိုဘာမွ ယွဥ္ၿပိဳင္ထိုးသတ္ရျခင္းျဖစ္သည္။

ေအာင္လအန္ဆန္သည္ မစ္ဒယ္ဝိတ္တန္း ကမၻာ့ခ်န္ပီယံကာကြယ္ပြဲကို ၂၀၁၉ ခုႏွစ္ မတ္လက ေနာက္ဆုံးထိုးသတ္ခဲ့ၿပီး တစ္ႏွစ္ခြဲေက်ာ္အၾကာမွ ျပန္လည္ထိုးသတ္ရျခင္းျဖစ္သည္။ေအာင္လအန္ဆန္ သည္ မစ္ဒယ္ဝိတ္တန္း ကမၻာ့ခ်န္ပီယံကာကြယ္ပြဲ ေလးပြဲေျမာက္အျဖစ္ ဒီရစ္ဒါႏွင့္ ထိုးသတ္ျခင္းျဖစ္ၿပီး ၿပီးခဲ့သည့္သုံးပြဲစလုံး အနိုင္ရထားသည္။

ေအာင္လအန္ဆန္ သည္ ဂ်ပန္နိုင္ငံသား ဟဆဲဂါဝါႏွင့္ ႏွစ္ပြဲ၊ လက္ဘႏြန္ နိုင္ငံသား ကရာကီႏွင့္ တစ္ပြဲထိုးသတ္ထားရာ သုံးပြဲစလုံး အနိုင္ရၿပီး ခ်န္ပီယံဆု ကာကြယ္ထားသည္။ ဒီရစ္ဒါသည္၁၂ ပြဲစလုံး အနိုင္ရကာ မွတ္တမ္းေကာင္းပိုင္ဆိုင္ထားၿပီး မစ္ဒယ္ဝိတ္တန္း ကမၻာ့ခ်န္ပီယံဆုကို ကာကြယ္ခြင့္ရ ခဲ့ျခင္း ျဖစ္သည္။

ေအာင္လအန္ဆန္သည္ ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလကေနာက္ဆုံးထိုးသတ္ခဲ့သည့္ လိုက္ဟဲဗီးဝိတ္တန္း ကမၻာ့ခ်န္ပီယံ ကာကြယ္ပြဲတြင္လည္း ဖိလစ္ပိုင္နိုင္ငံသား ဘရန္ဒန္ဗီရာကို အနိုင္ရထား သည္။

ေအာင္လအန္ဆန္သည္ ONE Championship ၏ မစ္ဒယ္ဝိတ္တန္းႏွင့္ လိုက္ဟဲဗီးဝိတ္တန္း ကမၻာ့ခ်န္ပီယံ ျဖစ္ၿပီး မစ္ဒယ္ဝိတ္တန္း ကမၻာ့ခ်န္ပီယံကာကြယ္ပြဲသုံးပြဲ၊ လိုက္ဟဲဗီးဝိတ္တန္းကမၻာ့ခ်န္ပီယံကာကြယ္ပြဲ တစ္ပြဲ ထိုးသတ္ထားရာ ပြဲတိုင္းအနိုင္ရထားသည္။ညီျမတ္ေသာ္တာ၊ ဓာတ္ပုံ-onefc Myanmaalinn

unicode . . .

အောင်လအန်ဆန် နှင့်ယှဉ်ပြိုင်မည့် နယ်သာလန်နိုင်ငံသား ဒီရစ်ဒါ

အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲကို ONE ဝိတ်တန်းနှစ်ခုချန်ပီယံ မြန်မာ MMA ကစားသမား အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲကို အောက်တိုဘာ ၃၀ ရက်တွင် ကျင်းပမည်ဖြစ်သည်။

အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွ ယ်ပွဲ အဖြစ် နယ်သာလန်နိုင်ငံသား ဒီရစ်ဒါနှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။ ONE Championship သည် အောက်တို ဘာ၃၀ ရက်တွင် Inside The Matrix အမည်ဖြင့် ကျင်းပမည့် ပြိုင်ပွဲတွင် ပါဝင်မည့် ကမ္ဘာ့ချန်ပီယံ စိန်ခေါ်ပွဲ လေးပွဲကိုထု တ်ပြန်ခဲ့ရာ အောင်လအန်ဆန် ၏ တွဲဆိုင်းလည်း ပါဝင်ခဲ့ခြင်းဖြစ် သည်။

ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ရောဂါ အခြေ အနေကြောင့် အောင်လအန်ဆန်အနေဖြင့် ယခုနှစ်အတွင်း ပထမဆုံးပွဲကို အောက်တိုဘာမှ ယှဉ်ပြိုင်ထိုးသတ်ရခြင်းဖြစ်သည်။

အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာကွ ယ်ပွဲကို ၂၀၁၉ ခုနှစ် မတ်လက နောက်ဆုံးထိုးသတ်ခဲ့ပြီး တစ်နှစ်ခွဲကျော်အကြာမှ ပြန်လည်ထိုးသတ်ရခြင်းဖြစ်သည်။အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံကာကွယ်ပွဲ လေးပွဲမြောက်အဖြစ် ဒီရစ်ဒါနှင့် ထိုးသတ်ခြင်းဖြစ်ပြီး ပြီးခဲ့သည့်သုံးပွဲစလုံး အနိုင်ရထားသည်။

အောင်လအန်ဆန် သည် ဂျပန်နိုင်ငံသား ဟဆဲဂါဝါနှင့် နှစ်ပွဲ၊ လ က်ဘနွန် နိုင်ငံသား ကရာကီနှင့် တစ်ပွဲထိုးသတ်ထားရာ သုံးပွဲစလုံး အနိုင်ရပြီး ချန်ပီယံဆု ကာကွယ်ထားသည်။ ဒီရစ်ဒါ သည် ၁၂ ပွဲစလုံး အနိုင်ရကာ မှတ်တမ်းကောင်းပိုင်ဆိုင်ထားပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ကာကွယ်ခွင့်ရ ခဲ့ခြင်း ဖြစ် သည်။

အောင်လအန်ဆန်သည် ၂၀၁၉ ခုနှစ် အောက်တိုဘာလကနောက် ဆုံးထိုးသတ်ခဲ့သည့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာကွ ယ်ပွဲတွင်လည်း ဖိလစ်ပိုင်နိုင်ငံသား ဘရန်ဒန်ဗီရာကို အနိုင် ရထား သည်။

အောင်လအန်ဆန်သည် ONE Championship ၏ မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဖြစ်ပြီး မ စ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲသုံးပွဲ၊ လိုက်ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ တစ်ပွဲ ထိုးသတ်ထားရာ ပွဲတိုင်းအနိုင်ရထားသည်။ညီမြတ်သော်တာ၊ ဓာတ်ပုံ-onefc Myanmaalinn

Tags:

Add a Comment

Your email address will not be published. Required fields are marked *