ဒွေးနဲ့အတူတွဲဖက်သရုပ်ဆောင်ခဲ့တဲ့ နှစ်ယောက်တစ်အိမ်မက်ရုပ်ရှင်နဲ့ပတ်သက်ပြီး အမှတ်တရတွေကို ပြောပြခဲ့တဲ့ထက်ထက်မိုးဦး
ဒွေးနဲ့အတူတွဲဖက်သရုပ်ဆောင်ခဲ့တဲ့ နှစ်ယောက်တစ်အိမ်မက်ရုပ်ရှင်နဲ့ပတ်သက်ပြီး အမှတ်တရတွေကိုပြောပြခဲ့တဲ့ထက်ထက်မိုးဦး
unicode . . .
ေဒွးနဲ့အတူတွဲဖက်သရုပ်ဆောင်ခဲ့တဲ့ နှစ်ယောက်တစ်အိမ်မက်ရုပ်ရှင်နဲ့ပတ်သက်ပြီး အမှတ်တရတွေကို ပြောပြခဲ့တဲ့ ထက်ထက်မိုးဦး
ပရိသတ်ကြီးရေ ထက်ထက်မိုးဦးလို့ပြောလိုက်တာနဲ့ တခတ်တစ် ခါက ကြော်ငြာဘုရင်မလို့တောင်တင်စားခဲ့ရတဲ့သူဆိုတာ ရုပ်ရှင်ချစ်ပရိသတ်တွေသိပြီးသားပါဖြစ်မှာပါ။
ကြော်ငြာတွေအပြင် ရုပ်ရှင် ဇာတ်ကားကြီးတွေကိုလည်း ပိုင်နိုင်စွာသရုပ်ဆောင်နိုင်မှုကြောင့် အကယ်ဒမီ ဆွတ်ခူးရရှိတဲ့ ထိပ်တန်းမင်းသမီးတစ်လက်ပါ။ အနုပညာအလုပ်တွေကို အချိန်တော်တော်ကြာအောင် ရပ်နားခဲ့ပေမယ့် အခုချိန်မှာတော့ ပရိသတ်ရှေ့ကို ပြ န်လည် ထွက်ပေါ်လာပြီပဲ ဖြစ်ပါတယ်။
အခုလို covid ကာလမှာလည်းlive လွှင့်ကာ ဈေးရောင်းနေတာလည်းတွေ့ရပါတယ်။ သူမရဲ့အနုပညာ သက်တမ်းတလျှောက် အတွေ့အကြုံ အမှတ်တရတွေကိုလည်း အမြဲတင်လေ့ရှိပါသေးတယ်။
ဒီနေ့မှာလည်း “အကို(ဒွေး)နဲ့ ရိုက်ခဲ့တဲ့ နှစ်ယောက်တစ်အိမ်မက် ဆိုတဲ့ ရုပ်ရှင် ကို မှတ်မိကြဦးမလားတော့ မသိဘူး။ ရုပ်ရှင်ရိုက်တုန်းကလည်း ရိုက်နေရင်း ကိုယ်တိုင်ငိုခဲ့ရသလို ရုံတွေ ရောက်ခဲ့တော့လည်း ပရိသတ်တွေ ငိုရသည်အထိ တစ်နိုင်ငံလုံး ပေါက်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးပါ။
အောင်မြင်မှုနဲ့အတူ စိတ်မကောင်းစရာ သတင်းတွေလည်း ဖြစ်ခဲ့ရပါတယ် ။ကြည့်ဖူးသူတွေ အားလုံးလည်း အမှတ်တရတွေရှိမယ်လို့ ထက်လည်း ထင်ပါတယ်။အရမ်းငိုရလွန်းလို့ ရုပ်ရှင်ရုံမှာတင် နှလုံး ရောဂါ နဲ့ ဆုံးသွားသူတွေ ရှိခဲ့တာပါ ။
ခုချိန်မှာ အားလုံးကို မေတ္တာပို့ပေးနေပါတယ်”ဆိုတဲ့စာလေးတင်လာခဲ့တာပါ။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။Source: Htat Htat Moe Oo
Add a Comment
Your email address will not be published. Required fields are marked *