အသည္းေရာင္ အသားဝါစီပိုးကို ေဖာ္ထုတ္နိုင္ခဲ့တဲ့သိပၸံပညာရွင္ ၃ဦးကို ေဆးပညာဆိုင္ရာ နိုဘယ္ဆုခ်ီးျမႇင့္

အသည္းေရာင္ အသားဝါစီပိုးကို ေဖာ္ထုတ္နိုင္ခဲ့တဲ့သူ သိပၸံပညာရွင္ ၃ ဦးကို ေဆးပညာဆိုင္ရာ နိုဘယ္ဆုခ်ီးျမႇင့္

အသည္းကင္ဆာနဲ႔ အသည္းႂကြက္သားမၽွင္ေတြ ေရာင္ရမ္းမာေက်ာေစတဲ့ အသည္းေရာင္ အသားဝါစီပိုးကို ေဖာ္ထုတ္နိုင္ခဲ့တဲ့အတြက္ အေမရိကန္ သိပၸံပညာရွင္ ႏွစ္ေယာက္နဲ႔ ၿဗိတိန္ တစ္ေယာက္တို့ ၂၀၂၀ ေဆးပညာဆိုင္ရာ နိုဘယ္ဆု ရရွိသြားပါတယ္။

အေမရိကန္ သိပၸံပညာရွင္ ဟာေဗးေအာ္လ္တာ၊ ခ်ားလ္စ္ရိုက္စ္နဲ႔ ၿဗိတိန္သိပၸံပညာရွင္ မိုက္ကယ္ဟို့တြန္တို့ဟာ အသည္းေရာင္အသားဝါ စီဗိုင္းရပ္စ္ကို အၿပီးတိုင္ ေခ်မွုန္းနိုင္တဲ့ အခြင့္ အေရးကိုရွာေတြ႕ ခဲ့လို့ အေမရိကန္ေဒၚလာ ၁ ဒသမ ၁သန္းနဲ႔ နိုဘယ္ဆုကို ရသြားၿပီလို့ နိုဘယ္ညီလာခံက ေအာက္တိုဘာ ၅ ရက္မွာ ေၾကညာခ်က္ ထုတ္ျပန္ ေျပာဆိုပါတယ္။

ကမၻာတဝန္း အသည္းေရာင္ အသားဝါ စီပိုး ကူးစက္ခံ လူနာ ၇၁ သန္းရွိတယ္လို့ ကမၻာ့ က်န္းမာေရးအဖြဲ႕ႀကီး WHO က ခန႔္မွန္းထားၿပီး ၂၀၁၆ တႏွစ္တည္းမွာ စီပိုးေၾကာင့္ ေသဆုံးသူ ၃၉၉၀၀၀ ရွိတယ္လို့ ဆိုပါတယ္။

ဒီႏွစ္ထဲမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ကပ္ေရာဂါ ဆိုက္ေရာက္ေနေပမယ့္ နိုဘယ္ဆုေပးတာကို ခါတိုင္းစီစဥ္ထားတဲ့အတိုင္း ဆက္လက္ က်င္းပမွာပါ။

သမားရိုးက် အခမ္းအနားပြဲစဥ္ေတြကိုေတာ့ နိုဘယ္ေဖာင္ေဒးရွင္းက ဖ်က္သိမ္းၿပီး ဆုတံဆိပ္နဲ႔ ဆုလက္မွတ္ေတြေပးပုံကို ႐ုပ္သံကေန ထုတ္လႊင့္သြားမယ္လို့ ဆိုပါတယ္။

ဒီႏွစ္ ဆုရွင္ေတြကို ကပ္ေဘးေလ်ာ့ပါးၿပီလို့ မွတ္ယူရတဲ့ ၂၀၂၁ ခုႏွစ္က်မွ အဲ့ဒီႏွစ္အတြက္ ဆုရွင္ေတြနဲ႔အတူ ဆုေပးပြဲကို ဖိတ္ေခၚမွာ ျဖစ္ပါတယ္။

ႏွစ္စဥ္ ေဆးပညာဆိုင္ရာ နိုဘယ္ဆုကို အေစာဆုံး ေပးအပ္ပါတယ္။ သိပၸံ၊ ၿငိမ္းခ်မ္းေရးနဲ႔ စာေပအတြက္ စြမ္းေဆာင္နိုင္သူေတြကို နိုဘယ္ဆု ခ်ီးျမႇင့္လာတာ ၁၉၀၁ ခုႏွစ္တည္းကပါ။

ဒိုင္းနမိုက္ကို တီထြင္သူနဲ႔ စီးပြားေရးလုပ္ငန္းရွင္ႀကီး အဲဖရဒ္နိုဘယ္ရဲ့ ေသတမ္းစာအရ နိုဘယ္ဆုကို ဖန္တီး ခ်ီးျမႇင့္ေနတာလည္း ျဖစ္ပါတယ္။Crd : DVB

unicode . . .

အသည်းရောင် အသားဝါစီပိုးကို ဖော်ထုတ်နိုင်ခဲ့တဲ့သူ သိပ္ပံပညာရှင် ၃ ဦးကို ဆေးပညာဆိုင်ရာ နိုဘယ်ဆုချီးမြှင့်

အသည်းကင်ဆာနဲ့ အသည် းကြွက်သားမျှင်တွေ ရောင်ရမ်းမာ ကျောစေတဲ့ အသည်းရောင် အသားဝါစီပိုးကို ဖော်ထုတ်နိုင်ခဲ့တဲ့အတွက် အမေရိကန်သိပ္ပံပညာရှင် နှစ်ယောက်နဲ့ ဗြိတိန် တစ်ယော က်တို့ ၂၀၂၀ ဆေးပညာဆိုင်ရာ နိုဘယ်ဆု ရရှိသွားပါတယ်။

အမေရိကန် သိပ္ပံပညာရှင် ဟာဗေးအော်လ်တာ၊ ချားလ်စ်ရိုက်စ်နဲ့ ဗြိတိန် သိပ္ပံပညာရှင် မိုက်ကယ်ဟို့တွန် တို့ဟာ အသည်းရောင်အ သားဝါ စီဗိုင်းရပ်စ်ကို အပြီးတိုင် ချေမှုန်းနိုင်တဲ့ အခွင့် အရေးကိုရှာတွေ့ ခဲ့လို့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁သန်းနဲ့ နိုဘယ်ဆုကို ရသွားပြီလို့ နိုဘယ်ညီလာခံက အောက်တိုဘာ ၅ ရက်မှာ ကြေညာ ချက် ထုတ်ပြန် ပြောဆိုပါတယ်။

ကမ္ဘာတဝန်း အသည်းရောင် အသားဝါ စီပိုး ကူးစက်ခံ လူနာ ၇၁ သန်းရှိတယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီး WHOက ခန့်မှန်း ထားပြီး ၂၀၁၆ တနှစ်တည်းမှာ စီပိုးကြောင့် သေဆုံးသူ ၃၉၉၀၀၀ ရှိတယ်လို့ ဆိုပါတယ်။

ဒီနှစ်ထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ရောဂါ ဆိုက်ရောက်နေပေမယ့် နိုဘယ်ဆုပေးတာကို ခါတိုင်းစီစဉ်ထားတဲ့အတိုင်း ဆက် လက် ကျင်းပမှာပါ။

သမားရိုးကျ အခမ်းအနားပွဲစဉ်တွေကိုတော့ နိုဘယ်ဖောင်ဒေးရှင်းက ဖျက်သိမ်းပြီး ဆုတံဆိပ်နဲ့ ဆုလက်မှတ်တွေပေးပုံကို ရုပ်သံကနေ ထုတ်လွှင့်သွားမယ်လို့ ဆိုပါတယ်။

ဒီနှစ် ဆုရှင်တွေကို ကပ်ဘေးလျော့ပါးပြီလို့ မှတ်ယူရတဲ့ ၂၀၂၁ ခုနှစ်ကျမှ အဲ့ဒီနှစ်အတွက် ဆုရှင်တွေနဲ့အတူ ဆုပေးပွဲကို ဖိတ်ခေါ်မှာ ဖြစ်ပါတယ်။

နှစ်စဉ် ဆေးပညာဆိုင်ရာ နိုဘယ်ဆုကို အစောဆုံး ပေးအပ်ပါတ ယ်။ သိပ္ပံ၊ ငြိမ်းချမ်းရေးနဲ့ စာပေအတွက် စွမ်းဆောင်နိုင်သူတွေကို နိုဘယ်ဆု ချီးမြှင့်လာတာ ၁၉၀၁ ခုနှစ်တည်းကပါ။

ဒိုင်းနမိုက်ကို တီထွင်သူနဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီး အဲဖရဒ်နိုဘ ယ်ရဲ့ သေတမ်းစာအရ နိုဘယ်ဆုကို ဖန်တီး ချီးမြှင့်နေတာလည်း ဖြစ်ပါတယ်။Crd : DVB

Tags:

Add a Comment

Your email address will not be published. Required fields are marked *