






unicode . . .

အိမ်ထောင်မပြုဘဲ ကလေးရရင် လိုချင်တယ်လို့ဖွင့်ဟလာတဲ့ ဖူးပွင့်သခင်

ပရိတ်သတ်ကြီးရေ သရုပ်ဆောင်မော်လ်ဒယ် ဖူးပွင့်သခင် ကိုတော့ ပရိတ်သတ်ကြီး အားလုံး သိပြီးသားဖြစ်မှာပါ။အသက် ၁၆နှစ်ထဲက အနုပညာလောက ထဲကို စတင်ဝင်ရောက်လာပြီး အနုပညာကို ချစ်လို့ ဇွဲမလျော့ပဲ အဆုံးထိ ဆက်လျှောက်မယ် ဆိုပြီး ရည်မှန်း ချက်ပြင်းထန်တဲ့ သူပါ။သူမကိုတော့ သတင်းစာတွေ၊ ဂျာနယ်တွေ၊ မဂ္ဂဇင်းကာဗာတွေကနေတဆင့် ပရိသတ်တွေ ပိုသိလာခဲ့တာဖြစ်ပါတယ်။

ဖူးပွင့်သခင်ကိုတော့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာခဲ့တာဖြစ်ပါတယ်။ သူမဟာ အခုလက်ရှိမှာလ ည်း စီနီယာ အနုပညာရှင်ကြီးတွေနဲ့ အတူ ရုပ်ရှင်ကားကြီးတွေ ရို က်ကူးနေရပါပြီ။ အရပ် လည်းမြင့်သလို ရုပ်ရည်ကလည်း ချော မောလှတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ ပါးချိုင့်လေးကြောင့်လည်း အပြုံးချိုချိုလေးကို ပိုင်ဆိုင်ထားသူ တစ်ယောက်ပါ။ဒီကနေ့မှာလည်း အင်တာဗျူးတစ်ခုမှာ ဖူးပွင့်သခင်ရဲ့ အချစ်ရေးကို မေးမြန်းခဲ့ ရာမှာတော့ ချစ် သူတွေ ဘာတွေက အချိန်တန်ရင် ထားသွားတတ်ကြတာ များတ ယ်။ကိုယ့်ပတ်ဝန်းကျင် မှာလည်း အဲဒီလိုတွေ မြင်နေရတယ်။

ဒါပေမယ့် ယောကျာ်းယူချင်တယ် ဆိုတဲ့ အချိန်မှာ ကိုယ့်ကို ယူမယ့်သူ မရှိရင်လည်း ဒုက္ခရောက်မယ်လေ။ အပျိုကြီးတော့ မလုပ်ပါဘူး ဆိုပြီး ပွင့်ပွင့်လင်းလင်းဖြေခဲ့တာပါ။ဒါအပြင် အိမ်ထောင်မပြုဘဲ ကလေး ရမယ် ဆိုရင်တော့ လိုချင်တယ်” လို့ ပြောပြလာပါသေးတယ်။

အင်တာဗျူးအပြည့်အစုံကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ပရိတ်သတ်ကြီးရဲ့အမြင်ကိုလည်း မျှဝေပေးခဲ့ ပါဦးနော်။အခုလိုအချိန်ပေးပြီး ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *