ေဒၚလာ ၂၃ သန္းတန္ တိုင္ေတနီယမ္ အိမ္သာအိုးကို နိုင္ငံတကာ အာကာသစခန္းသို့ ပို့ေဆာင္

ေဒၚလာ ၂၃သန္းတန္ တိုင္ေတနီယမ္အိမ္သာအိုးကို နိုင္ငံတကာအာကာသစခန္းသို့ ပို့ေဆာင္

နာဆာကေန အာကာသထဲကို ေဒၚလာ၂၃သန္းတန္ တိုင္ေတနီယမ္အိမ္သာအိုးတစ္လုံးကို ပို့ေဆာင္လိုက္ပါတယ္။

နာဆာကေန ဆယ္စုႏွစ္နဲ႔ခ်ီၾကာၿပီးတဲ့ေနာက္မွာ ပထမဆုံးအႀကိမ္ပို့လိုက္တဲ့အဆင့္ျမင့္အိမ္သာအိုးစနစ္ျဖစ္ၿပီး အမ်ိဳးသမီးေတြအသုံးျပဳရပိုအဆင္ေျပေအာင္စီမံထားတဲ့ အာကာသအိမ္သာအိုးလည္းျဖစ္ပါတယ္။

အဆင့္ျမႇင့္ထားတဲ့ ဒီအာကာသသုံးအိမ္သာအိုးကို နိုင္ငံတကာအာကာသစခန္း ISSမွာ အာကာသယာဥ္မွူးေတြ စမ္းသပ္အသုံးျပဳဖို့ ပို့ေဆာင္လိုက္တာျဖစ္ၿပီး လဆီကို လူသားေျခခ်သြားေရာက္မွုမွာ အသုံးျပဳသြားဖို့ ရည္ရြယ္ထားတာျဖစ္ပါတယ္။

အေလးခ်ိန္ ေပါင္ ၁၀ဝမၽွသာရွိၿပီး ၂၈လက္မသာျမင့္တဲ့ အိမ္သာအိုးျဖစ္ပါတယ္။ ႐ုရွားကတည္ေဆာက္ထားၿပီး ISSမွာအသုံးျပဳေနတဲ့ အိမ္သာအိုးႏွစ္ခုရဲ့အရြယ္အစားေတြထက္ တစ္ဝက္ေလာက္သာရွိတယ္လို့လည္း သိရပါတယ္။

သယ္ေဆာင္ရတဲ့အေလးခ်ိန္နဲ႔ ေနရာယူမွုပိုသက္သာၿပီး လာမယ့္ႏွစ္အနည္းငယ္အတြင္း နာဆာအာကာသယာဥ္မွူးေတြကို လဆီသယ္ေဆာင္သြားမယ့္ NASA Orion အာကာသယာဥ္ခန္းမွာ အံဝင္ခြင္က်ျဖစ္ေစမယ္လို့လည္း သိရပါတယ္။

အရင္ကထက္ပိုၿပီးသုံးစြဲရအဆင္ေျပေစတဲ့ဒီဇိုင္းျဖစ္ၿပီး ISSမွာ လက္ရွိေနထိုင္ေနတဲ့ အာကာသယာဥ္မွူးေတြက လအနည္းငယ္ၾကာ စမ္းသပ္အသုံးျပဳသြားမွာျဖစ္တယ္လို့ ဂၽြန္ဆင္အာကာသစင္တာရဲ့ စီမံကိန္းမန္ေနဂ်ာမယ္လစ္ဆာမက္ကင္ေလက ဆိုပါတယ္။

အာကာသအိမ္သာေတြမွာ ေရနဲ႔ေျမဆြဲအားကိုမသုံးဘဲ ေလစုပ္တဲ့စနစ္နဲ႔သာ အညစ္အေၾကးကို ဆြဲယူဖယ္ရွားေပးတာျဖစ္ၿပီး က်င္ငယ္ကို Recycleစနစ္နဲ႔ ျပန္စုေဆာင္းသန႔္စင္ကာ ေသာက္သုံးဖို့နဲ႔ခ်က္ျပဳတ္ဖို့ ေရအျဖစ္ျပန္သုံးၾကတာျဖစ္ပါတယ္ ။

ဒီအိမ္သာအိုးအသစ္ရဲ့က်င္ငယ္သန႔္စင္မွုစနစ္မွာ တိုင္ေတနီယမ္နဲ႔ အက္စစ္ဒဏ္ကို ခံနိုင္ရည္ရွိတဲ့သတၱဳစပ္ေတြကိုေရြးခ်ယ္အသုံးျပဳထားတာျဖစ္ပါတယ္ ။

သန႔္စင္ခန္းသြားတယ္ဆိုတဲ့ကိစၥကရိုးရွင္းတယ္လို့ထင္ရေပမယ့္ ေျမဆြဲအားမရွိတဲ့ေနရာမွာ အခုလိုအရိုးရွင္းဆုံးအရာေတြကေတာင္ အေတာ္ေလးခက္ခဲပါတယ္လို့ နာဆာအာကာသယာဥ္မွူးတစ္ဦးျဖစ္တဲ့ မိုက္ခ္ေဟာ့ပ္ကင္းစ္က ဆိုပါတယ္။ credit ; Pyi Myanmar

unicode . . .

ဒေါ်လာ ၂၃သန်းတန် တိုင်တေနီယမ်အိမ်သာအိုးကို နိုင်ငံတကာအာကာသစခန်းသို့ ပို့ဆောင်

နာဆာကနေ အာကာသထဲကို ဒေါ်လာ၂၃သန်းတန် တိုင်တေနီယမ်အိမ်သာအိုးတစ်လုံးကို ပို့ဆောင်လိုက်ပါတယ်။

နာဆာကနေ ဆယ်စုနှစ်နဲ့ချီ ကြာပြီးတဲ့နောက်မှာ ပထမဆုံးအကြိမ်ပို့လိုက်တဲ့ အဆင့်မြင့် အိမ်သာအိုးစနစ်ဖြစ်ပြီး အမျိုးသမီးတွေအ သုံးပြုရ ပိုအဆင်ပြေအောင် စီမံထားတဲ့ အာကာသ အိမ်သာအိုးလည်းဖြစ်ပါတယ်။

အဆင့်မြှင့်ထားတဲ့ ဒီ အာကာသသုံးအိမ်သာအိုးကို နိုင်ငံတကာအာကာသစခန်း ISSမှာ အာကာသယာဉ်မှူးတွေ စမ်းသပ်အသုံး ပြုဖို့ ပို့ဆောင်လိုက်တာဖြစ်ပြီး လဆီကို လူသားခြေချသွားရောက်မှုမှာ အသုံးပြုသွားဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

အလေးချိန် ပေါင် ၁၀ဝမျှသာရှိပြီး ၂၈လက်မသာမြင့်တဲ့ အိမ်သာအိုးဖြစ်ပါတယ်။ ရုရှားက တည်ဆောက်ထားပြီး ISSမှာအသုံးပြုနေတဲ့ အိမ်သာအိုးနှစ်ခုရဲ့ အရွယ်အစားတွေထက် တစ်ဝက်လော က်သာ ရှိတယ်လို့လည်း သိရပါတယ်။

သယ်ဆောင်ရတဲ့ အလေးချိန်နဲ့ နေရာယူမှုပိုသက်သာပြီး လာမယ့်နှစ် အနည်းငယ်အတွင်း နာဆာ အာကာသယာဉ်မှူးတွေကို လဆီသယ်ဆောင်သွားမယ့် NASA Orion အာကာသယာဉ်ခန်းမှာ အံဝင်ခွင်ကျ ဖြစ်စေမယ်လို့လည်း သိရပါတယ်။

အရင်ကထက် ပိုပြီးသုံးစွဲရ အဆင်ပြေစေတဲ့ဒီဇိုင်းဖြစ်ပြီး ISSမှာ လက်ရှိနေထိုင်နေတဲ့ အာကာသယာဉ်မှူးတွေက လအနည်းငယ်ကြာ စမ်းသပ် အသုံးပြုသွားမှာ ဖြစ်တယ်လို့ ဂျွန်ဆင်အာကာသစင်တာရဲ့ စီမံကိန်းမန်နေဂျာ မယ်လစ်ဆာမက်ကင်လေက ဆိုပါတယ်။

အာကာသအိမ်သာတွေမှာ ရေနဲ့မြေဆွဲအားကိုမသုံးဘဲ လေစုပ်တဲ့စနစ်နဲ့သာ အညစ်အကြေးကို ဆွဲယူဖယ်ရှားပေးတာဖြစ်ပြီး ကျင် ငယ်ကို Recycle စနစ်နဲ့ ပြန်စုဆောင်း သန့်စင်ကာ သောက်သုံးဖို့နဲ့ချက်ပြုတ်ဖို့ ရေအဖြစ် ပြန်သုံးကြတာ ဖြစ်ပါတယ်။

ဒီအိမ်သာအိုးအသစ်ရဲ့ကျင်ငယ် သန့်စင်မှုစနစ်မှာ တိုင်တေနီယမ်နဲ့ အက်စစ်ဒဏ်ကို ခံနိုင်ရည်ရှိတဲ့ သတ္တုစပ်တွေကို ရွေးချယ်အသုံး ပြုထားတာ ဖြစ်ပါတယ်။

သန့်စင်ခန်းသွားတယ် ဆိုတဲ့ကိစ္စက ရိုးရှင်းတယ်လို့ ထင်ရပေမယ့် မြေဆွဲအားမရှိတဲ့နေရာမှာ အခုလိုအရိုးရှင်းဆုံးအရာတွေကတောင် အတော်လေး ခက်ခဲပါတယ်လို့ နာဆာ အာကာသယာဉ်မှူး တစ်ဦးဖြစ်တဲ့ မိုက်ခ်ဟော့ပ်ကင်းစ်က ဆိုပါတယ်။ credit ; Pyi Myanmar

Tags: