ေဒၚေအာင္ဆန္းစုၾကည္ပုံပါ ေက်ာက္စိမ္းႏွစ္ေယာက္အိပ္ ကုတင္ကို ေလလံတင္ေရာင္းခ်ရာတြင္ က်ပ္သိန္း၁၆၀-ရရွိ

ေဒၚေအာင္ဆန္းစုၾကည္ပုံပါေက်ာက္စိမ္းႏွစ္ေယာက္အိပ္ကုတင္ ကို ေလလံတင္ေရာင္းခ်ရာတြင္ က်ပ္သိန္း၁၆၀-ရရွိ

ေဒၚေအာင္ဆန္းစုၾကည္ပုံပါေက်ာက္စိမ္းႏွစ္ေယာက္အိပ္ကုတင္ႀကီးကိုအန္အယ္လ္ဒီေအာင္နိုင္ေရးအတြက္ ေလလံတင္ေရာင္းခ်ရာက်ပ္သိန္း-၁၆၀ရရွိခဲ့ေၾကာင္း ပိုင္ရွင္ျဖစ္သူ ဦးေမာင္လြင္ (Shwe Nadi oo)ကေျပာသည္။

အဆိုပါကုတင္ႀကီးကိုစက္တင္ဘာလမွစတင္၍အြန္လိုင္းတြင္ေလလံတင္ေရာင္းခ်ရာက်ပ္သိန္း၁၂၀ထိရရွိေနခဲ့ရာမွေနာက္ဆုံးေလလံအျဖစ္ေအာက္တိုဘာလ ၃ရက္၊ယေန႔ည၇နာရီခြဲအခ်ိန္ၾကမ္းခင္းေစ်းႏွုန္း၁၀သိန္းက်ပ္ျဖင့္စတင္ကာ ည ၉နာရီ၃၀မိနစ္အခ်ိန္ထိေလလံၾကမ္းခင္းေစ်းေနာက္ဆုံးေပးနိုင္မည္ ေစ်းႏွုန္းကို အြန္လိုင္းတြင္ ထုတ္လြင့္ခဲ့ျခင္းျဖစ္သည္။

ေနာက္ဆုံးေစ်းႏွုန္းအျဖစ္က်ပ္သိန္း၁၆၀ျဖင့္ဦးေက်ာ္မင္းထြန္း(မႏၲေလးၿမိဳ့)ကဝယ္ယူခဲ့ျခင္းျဖစ္ေၾကာင္းသိရၿပီး၊ယင္းေရာင္းခ်ရေငြကိုဝယ္ယူသူႏွင္အတူမႏၲေလးတိုင္းေဒသႀကီးေအာင္နိုင္ေရးအတြက္သုံးပုံႏွစ္ပုံႏွင့္စစ္ကိုင္းတိုင္းေဒသႀကီးအန္အယ္လ္ဒီေရြးေကာက္ပြဲေအာင္နိုင္ေရးရံပုံေငြအတြက္သုံးပုံတစ္ပုံအျဖစ္ခြဲေဝေပးအပ္လွူဒါန္းသြားမည္ျဖစ္ေၾကာင္းသိရသည္။

ယခုေလလံခင္းေရာင္းခ်ခဲ့သည့္ေက်ာက္စိမ္းကုတင္မွာႏွစ္ေယာက္အိပ္ကုတင္ျဖစ္ၿပီး ကုတင္၏ေခါင္းရင္းဘယ္ညာတြင္ေဒၚေအာင္ဆန္းစုၾကည္ပုံ၊အလယ္တြင္NLDအမွတ္အသား၊ေဘးေဘာင္ကိုၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မွုဂ်ိဳးျဖဴငွက္၁၄ေကာင္၊ေနာက္ေက်ာတြင္ဂ်ိဳးျဖဴငွက္၁ေကာင္၊အိပ္ယာခင္း၊ေခါင္းအုံးႏွင့္ဖက္လုံးတို့ကို၁၃ဆိုဒ္ေက်ာက္စိမ္းပုတီးအလုံးအေရအတြက္၃၀၀၀၀၀ေက်ာ္ျဖင့္ျပဳလုပ္ထားျခင္းျဖစ္ေၾကာင္းသိရသည္။credit;Pyi Myanmar

unicode . . .

ဒေါ်အောင်ဆန်းစုကြည်ပုံပါ ကျောက်စိမ်း နှစ်ယောက်အိပ်ကုတင် ကို လေလံတင်ရောင်းချရာတွင် ကျပ်သိန်း၁၆၀-ရရှိ

ဒေါ်အောင်ဆန်းစုကြည်ပုံပါ ကျောက်စိမ်း နှစ်ယောက်အိပ်ကုတင်ကြီးကို အန်အယ်လ်ဒီ အောင်နိုင်ရေးအတွက် လေလံတင်ရောင်းချရာကျပ်သိန်း-၁၆၀ရရှိခဲ့ကြောင်း ပိုင်ရှင်ဖြစ်သူ ဦးမောင်လွင် (Shwe Nadi oo)ကပြောသည်။

အဆိုပါ ကုတင်ကြီးကို စက်တင်ဘာလမှ စတင်၍ အွန်လိုင်းတွင်လေလံတင် ရောင်းချရာ ကျပ်သိန်း၁၂၀ထိ ရရှိနေခဲ့ရာမှနောက်ဆုံးလေလံအဖြစ် အောက်တိုဘာလ ၃ရက်၊ည၇နာရီခွဲ အချိန် ကြမ်းခ င်းဈေးနှုန်း ၁၀သိန်းကျပ်ဖြင့်စတင်ကာ ည ၉နာရီ၃၀မိနစ်အချိန်ထိလေလံကြမ်းခင်းဈေး နောက်ဆုံးပေးနိုင်မည် ဈေးနှုန်းကို အွန်လိုင်းတွင် ထုတ်လွင့်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးဈေးနှုန်း အဖြစ် ကျပ်သိန်း ၁၆၀ ဖြင့် ဦးကျော်မင်းထွန်း (မန္တလေးမြို့) ကဝယ်ယူခဲ့ခြင်းဖြစ် ကြောင်းသိရပြီး၊ ယင်းရောင်း ချရငွေကို ဝယ်ယူသူနှင့် အတူ မန္တလေးတိုင်းဒေသကြီးအောင်နိုင်ရေးအတွက် သုံးပုံနှစ်ပုံနှင့် စစ်ကိုင်းတိုင်းဒေသကြီး အန်အယ်လ်ဒီရွေး ကောက်ပွဲ အောင်နိုင်ရေး ရံပုံငွေအတွက် သုံးပုံတစ်ပုံ အဖြစ်ခွဲဝေ ပေးအပ်လှူဒါန်းသွားမည် ဖြစ်ကြောင်းသိရသည်။

ယခု လေလံခင်း ရောင်းချခဲ့သည့် ကျောက်စိမ်း ကုတင်မှာနှစ်ယောက်အိပ်ကုတင်ဖြစ်ပြီး ကုတင်၏ ခေါင်းရင်း ဘယ်ညာတွင်ဒေါ်အောင်ဆန်းစုကြည်ပုံ ၊ အလယ်တွင် NLD အမှတ်အသား၊ဘေးဘောင်ကို ငြိမ်းချမ်းရေးဖော်ဆောင်မှု ဂျိုးဖြူငှက် ၁၄ကောင်၊နောက်ကျောတွင် ဂျိုးဖြူငှက်၁ကောင် ၊ အိပ်ယာခင်း၊ ခေါင်းအုံးနှင့်ဖက်လုံးတို့ကို ၁၃ဆိုဒ် ကျောက်စိမ်းပုတီးအလုံး အရေ အတွက် ၃၀၀၀၀၀ ကျော်ဖြင့် ပြုလုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။credit;Pyi Myanmar

Tags:

Add a Comment

Your email address will not be published. Required fields are marked *