မိုင္းဖုန္းဆရာေတာ္ရဲ့ ေမတၱာစာ အစစ္အမွန္

မိုင္းဖုန္းဆရာေတာ္ရဲ့ ေမတၱာစာ အစစ္အမွန္

သာသနာေတာ္ႏွစ္ ၂၅၆၄ သီတင္းကၽြတ္လျပည့္ (ယြန္းဂိုဏ္ျပကၡဒိန္)၊ ေတာ္သလင္းလျပည့္ (ျမန္မာျပကၡဒိန္) (၁၊ ၁၀၊ ၂၀၂၀) အရညဝါဒီ မိုင္းဖုန္းဆရာေတာ္၏ တပည့္ဒကာမ်ားအားသိရွိရန္ ေပးပို့ေသာေမတၱာစာ

မိုင္းက်က္ဂူမွာ ဆရာေတာ္အဓိ႒ာန္ဝင္ကာ ခ်မ္းေျမ့စြာျဖင့္ တရားဘာ ဝနာ အားထုတ္လ်က္ပါ။ ေတာေတာင္သဘာဝနဲ႔အတူ ေအးခ်မ္းလွပါတယ္။ ေတာၾကက္၊ ဂ်ီ၊ ေမ်ာက္၊ က်ားသစ္ေလး၊ ေတာေၾကာင္ စတဲ့ သားငွက္တိရစၧာန္ေတြ ဂူမွာ လာေရာက္က်က္စားပါတယ္။

ညေနပိုင္း ဥေဒါင္းတြန္သံေတြ ညံေနသလို ေႁမြလည္း ဂူထဲမွာ လာအိပ္ပါတယ္။ ဆရာေတာ္လည္း သူတို့တေတြကို ရင္ဝယ္သားလို ေမတၱာထားပါတယ္။ ဂူေရွ႕မွာလည္း ငွက္ကေလးေတြ က်ီးေတြကို အစာေႂကြးပါတယ္။ သတၱဝါတိုင္း ဝမ္းေရးအတြက္ ရွာစားေနၾကရတာ အားလုံး အတူတူပါပဲ။ဆရာေတာ္ကေတာ့ သတိတရားနဲ႔ အတူေနၿပီး ဝိပႆနာနဲ႔ ႐ုပ္နာမ္ရဲ့ မျမဲတဲ့ျဖစ္မွုပ်က္မွုေတြကို ရွုမွတ္ပါတယ္။

ဒီ႐ုပ္နာမ္ႀကီးကေတာ့ အစာစားရင္း ေသေန႔ကိုေစာင့္ေနလ်က္ပါ။ ဒီေလာကႀကီးထဲမွာ ဘယ္အရာမွ မျမဲပါဘူး။ တရားမွအပ ဘယ္အရာမွ အားကိုးလို့မရပါ။

စာမ်က္ႏွာ (၂) – တရားကသာလ်င္ ကိုးကြယ္အားထားရာ အစစ္ျဖစ္ပါတယ္။ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသည္သာ ကိုးကြယ္ရာအစစ္ျဖစ္ပါတယ္။ အနႏၲဂုဏ္အင္ ေက်းဇူးရွင္ေတြပါ။ အနႏၲငါးပါးကို ေန႔စဥ္ညစဥ္မျပတ္ သဒၶါတရားျဖင့္ ၾကည္ညိဳရပါမယ္။ အနႏၲငါးပါးတို့ရဲ့ ဂုဏ္ေက်းဇူးဟာ ကမၻာေျမႀကီးထက္ က်ယ္ျပန႔္တယ္။

သမုဒၵရာထက္ နက္နဲတယ္။ ဒါေၾကာင့္ ပညာရွိသူေတာ္ေကာင္းေတြ အနႏၲငါးပါးကို ယုံၾကည္ေလးစားၾကည္ညိဳၾကတယ္။အနႏၲငါးပါးကို ယုံၾကည္မွုေၾကာင့္ လူခ်မ္းသာ နတ္ခ်မ္းသာ နိဗၺာန္ခ်မ္းသာကို ရရွိၾကတယ္။ အခ်ိန္ေတြကလည္း သံလြင္ျမစ္လို မရပ္မနား တသြားထဲသြားေနၿပီး အခ်ိန္ေတြ ကုန္ဆုံးသြားတာနဲ႔အမၽွ ေလာကထဲမွာ ေနရမည့္ ရက္ေတြလည္း ႏွေမၽွာစြာ ကုန္ဆုံးသြားတယ္။

ဒို့တေတြလည္း ကုန္ဆုံးသြားတဲ့ အခ်ိန္နဲ႔အတူ အိုသြားရင္း နာသြားရင္း ေသမင္းထံကို တျဖည္းျဖည္း နီးကပ္လာပါၿပီ။ ဝင္ေလထြက္ေလေတြ ဝင္ထြက္တိုင္း အသက္က တျဖည္းျဖည္း တိုတိုသြားတယ္။ မရဏေသမင္း နိုင္ငံထံကို ခ်ဥ္းကပ္သြားတယ္။ဒါန သီလ ဘာဝနာ သတိပ႒ာန္ အလုပ္ အစဥ္ႀကိဳစားအားထုတ္ၾကပါကုန္။

႐ုပ္နာမ္ ခႏၶာကိုယ္ရဲ့ မျမဲတဲ့ အနိစၥ၊ ဆင္းရဲတဲ့ ဒုကၡ၊ အစိုးမရ အလိုမလိုက္တဲ့ အနတၱသေဘာ ပရမတ္သေဘာကို ျမင္ေအာင္ရွုမွတ္ပြားမ်ားၾက။ ဒီခႏၶာႀကီးဟာ အႏွစ္သာရမရွိတဲ့ အသုဘပါ၊ အပုတ္ေကာင္နဲ႔ သ႐ုပ္ေဆာင္ထားတဲ့ ခႏၶာကိုယ္ႀကီးပါ။သတၱဝါေတြ ေမြးဖြားလာတာဟာ ဒုကၡသေဘာကို ဘယ္သူကမွ မလႊတ္နိုင္ဘူး။ ေမြးဖြားလာကတည္းက ကံစီမံတဲ့အတိုင္း စခန္းသြားၾကရပါတယ္။

စာမ်က္ႏွာ (၃) – အခ်ိန္ေတြ ကုန္ဆုံးသြားတာ သိပ္မၾကာေသးသလိုလိုနဲ႔ ဆရာေတာ္ အဓိ႒ာန္ဝင္လာတာ ၂ ႏွစ္ေတာင္ရွိသြားၿပီ။ ေနာက္တစ္ႏွစ္ပဲ က်န္ပါေတာ့တယ္။ တျခား ဘာအလုပ္မွ ဆရာေတာ္က မလုပ္ျဖစ္ဘူး။ ဒီခႏၶာႀကီးရဲ့ ျဖစ္မွု ပ်က္မွုကိုပဲ ေန႔ညမျပတ္ ရွုမွတ္ေနရပါတယ္ ။သံေဝဂေတြနဲ႔အတူ ျဖစ္ပ်က္ရွုျမင္တဲ့ ဝိပႆနာဉာဏ္ကို တိုးပြားေစပါတယ္။

မဂၢင္ေဖာင္ႀကီးကို ဦးေဆာင္တဲ့သူအျဖစ္ သတၱဝါေတြကို မအို မနာ မေသေအာင္ ေဆာင္ပို့ဖို့ပဲ စိတ္ဆႏၵ ရွိပါတယ္။ ကုသိုလ္လုပ္ဖို့ ရဲရင့္ၾကပါကုန္။ မေကာင္းမွုကို ရဲရဲေရွာင္ၾကဥ္ၾကပါ။ ေကာင္းမွုုသိုလ္ကို ရဲရဲဝံ့ဝံ့ လုပ္ၾကပါ။ စိတ္သေဘာထားကို အျဖဴစင္ဆုံးျဖစ္ေအာင္ ထားၾကပါ။ဒို့တေတြ ကုသိုလ္ထူးလို့ ျမတ္စြာဘုရားရဲ့ သာသနာေတာ္နဲ႔ ၾကဳံခြင့္ရၾကတာပါ။ ဘုရားရွင္ရဲ့ အဆုံးအမအတိုင္း ေနထိုင္က်င့္ႀကံၾကပါ။

သတၱဝါေတြအေပၚ ေမတၱာ က႐ုဏာ အျပည့္အဝထားၾကပါ။ အိုနာေသ စတဲ့ ေဘးဒုကၡအားလုံး ကင္းၿငိမ္းရာမွန္ ျမတ္နိဗၺာန္အတြက္ ဘုရားရွင္ ေပးထားတဲ့ ပဋိပတ္လမ္းစဥ္ကို က်င့္ႀကံအားထုတ္ၾကပါကုန္။ သံေဝဂဉာဏ္အားနဲ႔အတူ မွန္ကန္ေသာ အျမင္ သမၼာဒိ႒ိဦးေဆာင္မွုျဖင့္ မေမ့မေလၽွာ့ဘဲ က်င့္ႀကံအားထုတ္မွ မအို မနာ မေသတဲ့ နိဗၺာန္ ႐ုပ္ဓါတ္နာမ္ဓါတ္ၿငိမ္းတဲ့ နိဗၺာန္ကို ရမွာပါ။ ႀကိဳးစားအားထုတ္ၾကပါကုန္။

စာမ်က္ႏွာ (၄) – ႐ုပ္နာမ္ျဖစ္ပ်က္ ဉာဏ္ျဖင့္စြက္ ေသာ့ခ်က္နိဗၺာန္ဝင္။ ျဖစ္ပ်က္ဆုံးက မဂ္ဖိုလ္ရ မုခ်နိဗၺာန္ျမင္။ နိဗၺာန္ခရီးတာ မေဝးပါ သတိသာရွိေနရင္။ နိဗၺာန္ခရီးတာ မေဝးပါ ပညာရွိေနရင္။ ပါရမီကုသိုလ္အတြက္ ဒါနကို ျဖည့္ဆည္းပါ။ သီလကို ေစာင့္ထိန္းပါ။ ငါးပါးသီလသည္ အခရာက်ပါတယ္။ သီလရွိက ခ်မ္းသာရပါမယ္။

သတၱဝါအားလုံးအေပၚ တူမၽွေသာ ေမတၱာ က႐ုဏာ မုဒိတာ ဥေပကၡာ ျဗဟၼစိုရ္တရားေလးပါး ထားၾကပါ။ဘာဝနာအတြက္ဗုဒၶါႏုႆတိ ဓမၼာ ႏုႆတိ သံဃာႏုႆတိ မရဏာႏုႆတိ အာနာပါနာႏုႆတိ စတာေတြကိုလည္း ပြားမ်ားၾကပါ။ ဝိပႆနာအတြက္ အနိစၥဝိပႆနာ၊ ဒုကၡဝိပႆနာ၊ အနတၱဝိပႆနာ ပြားမ်ားကာ ႐ုပ္နာမ္ခႏၶာရဲ့ ျဖစ္ပ်က္မွုကို ျမင္ေအာင္ရွုပါ။

ျဖစ္ပ်က္ျမင္မွ ကိေလသာ ကင္းစင္မယ္။ ကိေလသာ ကင္းစင္မွ အိုနာေသက လြတ္မယ္။ တရားကို ေတြ႕ျမင္မွ သာသနာေတာ္နဲ႔ ၾကဳံရဆုံရ က်ိဳးနပ္ပါမယ္။ အခ်ိန္ေတြ အလဟသ မကုန္ေစနဲ႔။ တရားနဲ႔ေန တရားနဲ႔သြား တရားနဲ႔စားပါ။မအိုခင္ ႀကိဳတင္ၿပီး ကုသိုလ္မ်ားမ်ားလုပ္ မနာခင္ ႀကိဳတင္ၿပီး ကုသိုလ္မ်ားမ်ားလုပ္ မေသခင္ ႀကိဳတင္ၿပီး ကုသိုလ္မ်ားမ်ားလုပ္ ကုသိုလ္လုပ္ထားရင္ ေနာင္တရစရာ အေၾကာင္းမရွိဘူး။

တရားကို ဦးစားေပးပါ၊ နံပါတ္တစ္အျဖစ္ ထားရွိပါ။ ဘုရားရွင္က သားေတာ္ ရာဟုလာကို ဆုံးမပါတယ္။နိဗၺာန္ေရာက္ခ်င္ရင္ ပထဝီ (ေျမႀကီး)၊ အာေပါ (ေရ)၊ ေတေဇာ (မီး)၊ ဝါေယာ (ေလ)၊ အာကာသ (ေကာင္းကင္) ကဲ့သို့ က်င့္ႀကံေနထိုင္ပါ။ ဆိုခဲ့တဲ့ ပထဝီ အာေပါ ေတေဇာ ဝါေယာ အာကာသေတြဟာ လူေတြက ဘယ္လို ေကာင္းတာပဲလုပ္လုပ္ မေကာင္းတာပဲလုပ္လုပ္ အဲဒီပထဝီစတာေတြဟာ ဘာမွ မတုန္လွုပ္ဘူး။

(ဆိုလိုတာက ေလာကဓံကို ႀကံ့ႀကံ့ခံဖို့ပါ၊ ပထဝီေျမႀကီးေပၚမွာ အေပါ့အေလးေတြ စြန႔္ခ်သည္ျဖစ္ေစ၊ ေရေမႊးေတြ ေလာင္းခ်သည္ျဖစ္ေစ ေျမႀကီးက ဘာမွ မတုန္လွုပ္ဘူး ဆိုတဲ့သေဘာပါ) ေလာဘကင္းရင္ ေသာကကင္းစင္မယ္။

စာမ်က္ႏွာ (၅) – ကပ္ေရာဂါေၾကာင့္ လူေတြ အမ်ားႀကီးေသေၾကၾကရတာက သတၱဝါေတြရဲ့ ဝိပါကဝဋ္ေတြေၾကာင့္ပါ။ သတိသံေဝဂနဲ႔အတူ ထိတ္လန႔္စရာေကာင္းလွပါတယ္။ သီလျမဲေအာင္ေန၊ တရားနဲ႔အညီစားေသာက္ၾကပါ။ သတၱဝါေတြအေပၚ ေမတၱာထားၾကပါ။မိခင္ဖခင္တို့ရဲ့ ဂုဏ္ေက်းဇူးကို သိရွိၾကၿပီး မိဖဘိုးဘြားမ်ားကို ေကာင္းေကာင္းမြန္မြန္ အလုပ္အေကၽြးျပဳၾကပါ။

ဆရာသမားကိုလည္း ပူေဇာ္ျပဳစုၾကပါ။ ေကာင္းမြန္စြာ အလုပ္အေကၽြးျပဳၾကပါ။ စိတ္ေကာင္းထား၊ အေကာင္းေျပာ၊ အျပစ္မရွိတဲ့ အလုပ္ကိုလုပ္မွ ေကာင္းတဲ့ဘုံဘဝ ေကာင္းတဲ့ အေျခအေနကို ေရာက္ပါမယ္။ လူျဖစ္လာၿပီး ဂမိခင္ဖခင္တို့ရဲ့ ဂုဏ္ေက်းဇူးကို သိရွိၾကၿပီး မိဖဘိုးဘြားမ်ားကို ေကာင္းေကာင္းမြန္မြန္ အလုပ္အေကၽြးျပဳ ဂုဏ္ေက်းဇူးမသိရင္ ဘာမွ ထူးလာမွာ မဟုတ္ဘူး။ သဘာဝေလာကေတြအားလုံးဟာ မိမိတို့အေပၚ ဂုဏ္ေက်းဇူးေတြ ရွိတယ္။

သက္ေရာက္တယ္။ေတာေတာင္သစ္ပင္ ပန္းမာလ္အသီးအႏွံေတြ ျမစ္ေခ်ာင္းအင္းအိုင္ စတဲ့ သဘာဝတရားေတြဟာ တန္ဖိုး မျဖတ္နိုင္တဲ့ ႀကီးမားတဲ့ ဂုဏ္အင္ေတြရွိပါတယ္။ သဘာဝနဲ႔ တည့္ေအာင္ေနတတ္ၾကပါေစ။ ေလာကသဘာဝတရားေတြကို ဉာဏ္မ်က္စိနဲ႔ ရွုျမင္တတ္ရင္ အား လုံးဟာ အသိဉာဏ္ကို ပြင့္လင္းေစပါတယ္။

ေတာေတာင္ေရေျမ သစ္ပင္ပန္းပင္စတဲ့ သဘာဝေတြကို မဖ်က္ဆီးၾကပါနဲ႔။ ထိမ္းသိမ္းေစာင့္ေရွာက္ၾကပါ။ ကမၻာတည္သေရြ႕ အဲဒီေတာေတာင္သဘာဝေရေျမကို အမွီျပဳသြားရပါမယ္။ ကမၻာႀကီးကလည္း အေတာ္ကို ပူျပင္းလာပါၿပီ။ သဘာဝကို ထိမ္းသိမ္းကာ သဘာဝနဲ႔ အတူဆက္လက္ ရွင္သန္ၾကပါစို့။အနတ္တ ေမတၱာျဖင့္ အရညဝါသီ မိုင္းဖုန္းဆရာေတာ္

(မိုင္းဖုန္းဆရာေတာ္၏ ေမတၱာစာကို ေတာင္တန္းသာသနာျပဳ ဆရာေတာ္ ဦးသုခမိႏၵမွ ဆီေလၽွာ္ေအာင္ ဘာသာျပန္ေပးထားျခင္းျဖစ္ပါတယ္။ မိုင္းဖုန္းဆရာေတာ္ရဲ့ ရွမ္းလက္ေရးနဲ႔ ေရးလာမွ မိုင္းဖုန္းဆရာေတာ္ရဲ့ ေမတၱာစာ အမွန္ျဖစ္ေၾကာင္း ေျပာလိုပါတယ္။ မိုင္းဖုန္းဆရာေတာ္ရဲ့ ေမတၱာစာထဲမွာ ဒါန သီလ ဘာဝနာ ေမတၱာအေၾကာင္းေတြ ဆည္းဖူးဖို့ပဲ ပါပါတယ္။ ဆန္တို့ ဆားတို့ ဟိုဟာ ဒီဟာ ယၾတာလုပ္ခိုင္းတာတို့ မေတြ႕ရပါဘူး၊ ယၾတာ မလုပ္ခိုင္းပါဘူး၊ ဘာဝနာပဲ လုပ္ခိုင္းပါတယ္၊ မွားတဲ့အယူကို ျပန႔္ပြားေအာင္လုပ္တာနဲ႔တူပါတယ္ အျပစ္ႀကီးပါတယ္။ မလုပ္ၾကဖို့ ေမတၱာရပ္ခံပါတယ္။ ရွဲထားရင္လည္း ပယ္ဖ်က္ၾကပါကုန္ ပညာရွိသူေတာ္ေကာင္းတို့ …)ဘာသာျပန္သူ ေတာင္တန္းသာသနာျပဳ ဆရာေတာ္ အရွင္သုခမိႏၵ (စဝ္ဆုခမ္း) အဂၢမဟာကမၼ႒ာနာစရိယ၊ လြယ္တိန္ခမ္းဘုရားေက်ာင္း၊ မူဆယ္

unicode . . .

မိုင်းဖုန်းဆရာတော်ရဲ့ မေတ္တာစာ အစစ်အမှန်

သာသနာတော်နှစ် ၂၅၆၄ သီတင်းကျွတ်လပြည့် (ယွန်းဂိုဏ်ပြက္ ခဒိန်)၊တော်သလင်းလပြည့် (မြန်မာပြက္ခဒိန်) (၁၊ ၁၀၊ ၂၀၂၀) အရညဝါဒီ မိုင်းဖုန်းဆရာတော်၏ တပည့်ဒကာများအားသိရှိရန် ပေးပို့သောမေတ္တာစာ

မိုင်းကျက်ဂူမှာ ဆရာတော်အဓိဋ္ဌာန်ဝင်ကာ ချမ်းမြေ့စွာဖြင့် တရားဘာ ဝနာ အားထုတ်လျက်ပါ။ တောတောင်သဘာဝနဲ့အတူ အေးချ မ်းလှပါတယ်။တောကြက်၊ဂျီ၊မျောက်၊ကျားသစ်လေး၊ တောကြော င် စတဲ့ သားငှက်တိရစ္ဆာန်တွေ ဂူမှာ လာရောက်ကျက်စားပါတယ်။

ညနေပိုင်း ဥဒေါင်းတွန်သံတွေ ညံနေသလို မြွေလည်း ဂူထဲမှာ လာအိပ်ပါတယ်။ ဆရာတော်လည်း သူတို့တတွေကို ရင်ဝယ်သားလို မေတ္တာထားပါတယ်။ ဂူရှေ့မှာလည်း ငှက်ကလေးတွေ ကျီးတွေကို အစာကြွေးပါတယ်။ သတ္တဝါတိုင်း ဝမ်းရေးအတွက် ရှာစားနေကြရတာ အားလုံး အတူတူပါပဲ။ဆရာတော်ကတော့ သတိတရားနဲ့ အ တူနေပြီး ဝိပဿနာနဲ့ ရုပ်နာမ်ရဲ့ မမြဲတဲ့ဖြစ်မှုပျက်မှုတွေကို ရှုမှတ်ပါတယ်။

ဒီရုပ်နာမ်ကြီးကတော့ အစာစားရင်း သေနေ့ကိုစောင့်နေလျက်ပါ။ ဒီလောကကြီးထဲမှာ ဘယ်အရာမှ မမြဲပါဘူး။ တရားမှအပ ဘယ်အရာမှ အားကိုးလို့မရပါ။

စာမျက်နှာ (၂) – တရားကသာလျင် ကိုးကွယ်အားထားရာ အစစ်ဖြစ်ပါတယ်။ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသည်သာ ကိုးကွ ယ်ရာအစစ်ဖြစ်ပါတယ်။ အနန္တဂုဏ်အင် ကျေးဇူးရှင်တွေပါ။ အနန္တငါးပါးကို နေ့စဉ်ညစဉ်မပြတ် သဒ္ဓါတရားဖြင့် ကြည်ညိုရပါမယ်။ အနန္တငါးပါးတို့ရဲ့ ဂုဏ်ကျေးဇူးဟာ ကမ္ဘာမြေကြီးထက် ကျယ်ပြန့်တယ်။

သမုဒ္ဒရာထက် နက်နဲတယ်။ ဒါကြောင့် ပညာရှိသူတော်ကောင်းတွေ အနန္တငါးပါးကို ယုံကြည်လေးစားကြည်ညိုကြတယ်။အနန္တငါးပါးကို ယုံကြည်မှုကြောင့် လူချမ်းသာ နတ်ချမ်းသာ နိဗ္ဗာန်ချမ်းသာကို ရရှိကြတယ်။ အချိန်တွေကလည်း သံလွင်မြစ်လို မရပ်မနား တသွားထဲသွားနေပြီး အချိန်တွေ ကုန်ဆုံးသွားတာနဲ့အမျှ လောကထဲမှာ နေရမည့် ရက်တွေလည်း နှမျှောစွာ ကုန်ဆုံးသွားတယ်။

ဒို့တတွေလည်း ကုန်ဆုံးသွားတဲ့ အချိန်နဲ့အတူ အိုသွားရင်း နာသွားရင်း သေမင်းထံကို တဖြည်းဖြည်း နီးကပ်လာပါပြီ။ ဝင်လေထွက်လေတွေ ဝင်ထွက်တိုင်း အသက်က တဖြည်းဖြည်း တိုတိုသွားတယ်။ မရဏသေမင်း နိုင်ငံထံကို ချဉ်းကပ်သွားတယ်။ဒါန သီလ ဘာဝနာ သတိပဋ္ဌာန် အလုပ် အစဉ်ကြိုစားအားထုတ်ကြပါကုန်။

ရုပ်နာမ် ခန္ဓာကိုယ်ရဲ့ မမြဲတဲ့ အနိစ္စ၊ ဆင်းရဲတဲ့ ဒုက္ခ၊ အစိုးမရ အလိုမလိုက်တဲ့ အနတ္တသဘော ပရမတ်သဘောကို မြင်အောင်ရှုမှတ်ပွားများကြ။ ဒီခန္ဓာကြီးဟာ အနှစ်သာရမရှိတဲ့ အသုဘပါ၊ အပုတ်ကောင်နဲ့ သရုပ်ဆောင်ထားတဲ့ ခန္ဓာကိုယ်ကြီးပါ။သတ္တဝါတွေ မွေးဖွားလာတာဟာ ဒုက္ခသဘောကို ဘယ်သူကမှ မလွှတ်နိုင်ဘူး။ မွေးဖွားလာကတည်းက ကံစီမံတဲ့အတိုင်း စခန်းသွားကြရပါတယ်။

စာမျက်နှာ (၃) – အချိန်တွေ ကုန်ဆုံးသွားတာ သိပ်မကြာသေးသလိုလိုနဲ့ ဆရာတော် အဓိဋ္ဌာန်ဝင်လာတာ ၂ နှစ်တောင်ရှိသွားပြီ။ နောက်တစ်နှစ်ပဲ ကျန်ပါတော့တယ်။ တခြား ဘာအလုပ်မှ ဆရာ တော်က မလုပ်ဖြစ်ဘူး။ ဒီခန္ဓာကြီးရဲ့ ဖြစ်မှု ပျက်မှုကိုပဲ နေ့ညမ ပြတ် ရှုမှတ်နေရပါတယ် ။သံဝေဂတွေနဲ့အတူ ဖြစ်ပျက်ရှုမြင်တဲ့ ဝိပဿနာဉာဏ်ကို တိုးပွားစေပါတယ်။

မဂ္ဂင်ဖောင်ကြီးကို ဦးဆောင်တဲ့သူအဖြစ် သတ္တဝါတွေကို မအို မ နာ မသေအောင် ဆောင်ပို့ဖို့ပဲ စိတ်ဆန္ဒ ရှိပါတယ်။ ကုသိုလ်လုပ်ဖို့ ရဲရင့်ကြပါကုန်။ မကောင်းမှုကို ရဲရဲရှောင်ကြဉ်ကြပါ။ ကောင်းမှုကုသိုလ်ကို ရဲရဲဝံ့ဝံ့ လုပ်ကြပါ။ စိတ်သဘောထားကို အဖြူစင်ဆုံးဖြစ်အောင် ထားကြပါ။ဒို့တတွေ ကုသိုလ်ထူးလို့ မြတ်စွာဘုရားရဲ့ သာသနာတော်နဲ့ ကြုံခွင့်ရကြတာပါ။ ဘုရားရှင်ရဲ့ အဆုံးအမအ တိုင်း နေထိုင်ကျင့်ကြံကြပါ။

သတ္တဝါတွေအပေါ် မေတ္တာ ကရုဏာ အပြည့်အဝထားကြပါ။ အိုနာသေ စတဲ့ ဘေးဒုက္ခအားလုံး ကင်းငြိမ်းရာမှန် မြတ်နိဗ္ဗာန်အတွက် ဘုရားရှင် ပေးထားတဲ့ ပဋိပတ်လမ်းစဉ်ကို ကျင့်ကြံအားထုတ်ကြပါကုန်။ သံဝေဂဉာဏ်အားနဲ့အတူ မှန်ကန်သော အမြင် သမ္မာဒိဋ္ဌိဦးဆောင်မှုဖြင့် မမေ့မလျှော့ဘဲ ကျင့်ကြံအားထုတ်မှ မအို မနာ မသေတဲ့ နိဗ္ဗာန် ရုပ်ဓါတ်နာမ်ဓါတ်ငြိမ်းတဲ့ နိဗ္ဗာန်ကို ရမှာပါ။ ကြိုး စားအားထုတ်ကြပါကုန်။

စာမျက်နှာ (၄) –ရုပ်နာမ်ဖြစ်ပျက် ဉာဏ်ဖြင့်စွက် သော့ချက်နိဗ္ဗ န်ဝင်။ ဖြစ်ပျက်ဆုံးက မဂ်ဖိုလ်ရ မုချနိဗ္ဗာန်မြင်။ နိဗ္ဗာန်ခရီးတာ မဝေးပါ သတိသာရှိနေရင်။ နိဗ္ဗာန်ခရီးတာ မဝေးပါ ပညာရှိနေရင်။ ပါရမီကုသိုလ်အတွက် ဒါနကို ဖြည့်ဆည်းပါ။ သီလကို စောင့်ထိန်းပါ။ ငါးပါးသီလသည် အခရာကျပါတယ်။ သီလရှိက ချမ်းသာရပါမယ်။

သတ္တဝါအားလုံးအပေါ် တူမျှသော မေတ္တာ ကရုဏာ မုဒိတာ ဥပေ က္ခာ ဗြဟ္မစိုရ်တရားလေးပါး ထားကြပါ။ ဘာဝနာအတွက် ဗုဒ္ဓါနု ဿတိ ဓမ္မာ နုဿတိ သံဃာနုဿတိ မရဏာနုဿတိ အာနာပါနာနုဿတိ စတာတွေကိုလည်း ပွားများကြပါ။ ဝိပဿနာအတွက် အနိစ္စဝိပဿနာ၊ ဒုက္ခဝိပဿနာ၊ အနတ္တဝိပဿနာ ပွားများကာ ရုပ်နာမ်ခန္ဓာရဲ့ ဖြစ်ပျက်မှုကို မြင်အောင်ရှုပါ။

ဖြစ်ပျက်မြင်မှ ကိလေသာ ကင်းစင်မယ်။ ကိလေသာ ကင်းစင်မှ အိုနာသေက လွတ်မယ်။ တရားကို တွေ့မြင်မှ သာသနာတော်နဲ့ ကြုံရဆုံရ ကျိုးနပ်ပါမယ်။ အချိန်တွေ အလဟသ မကုန်စေနဲ့။ တရားနဲ့နေ တရားနဲ့သွား တရားနဲ့စားပါ။မအိုခင် ကြိုတင်ပြီး ကု သိုလ်များများလုပ် မနာခင် ကြိုတင်ပြီး ကုသိုလ်များများလုပ် မသေခင် ကြိုတင်ပြီး ကုသိုလ်များများလုပ် ကုသိုလ်လုပ်ထားရင် နောင်တရစရာ အကြောင်းမရှိဘူး။

တရားကို ဦးစားပေးပါ၊ နံပါတ်တစ်အဖြစ် ထားရှိပါ။ ဘုရားရှင်က သားတော် ရာဟုလာကို ဆုံးမပါတယ်။နိဗ္ဗာန်ရောက်ချင်ရင် ပထဝီ (မြေကြီး)၊ အာပေါ (ရေ)၊ တေဇော (မီး)၊ ဝါယော (လေ)၊ အာ ကာသ (ကောင်းကင်) ကဲ့သို့ ကျင့်ကြံနေထိုင်ပါ။ ဆိုခဲ့တဲ့ ပထဝီ အာပေါ တေဇော ဝါယော အာကာသတွေဟာ လူတွေက ဘယ်လို ကောင်းတာပဲလုပ်လုပ် မကောင်းတာပဲလုပ်လုပ် အဲဒီပထဝီစတာတွေဟာ ဘာမှ မတုန်လှုပ်ဘူး။

(ဆိုလိုတာက လောကဓံကို ကြံ့ကြံ့ခံဖို့ပါ၊ ပထဝီမြေကြီးပေါ်မှာ အပေါ့အလေးတွေ စွန့်ချသည်ဖြစ်စေ၊ ရေမွှေးတွေ လောင်းချသည်ဖြစ်စေ မြေကြီးက ဘာမှ မတုန်လှုပ်ဘူး ဆိုတဲ့သဘောပါ) လောဘကင်းရင် သောကကင်းစင်မယ်။

စာမျက်နှာ (၅) – ကပ်ရောဂါကြောင့် လူတွေ အများကြီးသေ ကြေကြရတာက သတ္တဝါတွေရဲ့ ဝိပါကဝဋ်တွေကြောင့်ပါ။ သတိသံဝေဂနဲ့အတူ ထိတ်လန့်စရာကောင်းလှပါတယ်။ သီလမြဲအောင်နေ၊ တရားနဲ့အညီစားသောက်ကြပါ။ သတ္တဝါတွေအပေါ် မေတ္တာထားကြပါ။မိခင်ဖခင်တို့ရဲ့ ဂုဏ်ကျေးဇူးကို သိရှိကြပြီး မိဖ ဘိုး ဘွားများကို ကောင်းကောင်းမွန်မွန် အလုပ်အကျွေးပြုကြပါ။

ဆရာသမားကိုလည်း ပူဇော်ပြုစုကြပါ။ ကောင်းမွန်စွာ အလုပ် အကျွေးပြုကြပါ။ စိတ်ကောင်းထား၊ အကောင်းပြော၊ အပြစ်မရှိတဲ့ အလုပ်ကိုလုပ်မှ ကောင်းတဲ့ဘုံဘဝ ကောင်းတဲ့ အခြေအနေကို ရောက်ပါမယ်။ လူဖြစ်လာပြီး ဂမိခင်ဖခင်တို့ရဲ့ ဂုဏ်ကျေးဇူးကို သိရှိကြပြီး မိဖဘိုးဘွားများကို ကောင်းကောင်းမွန်မွန် အလုပ်အ ကျွေးပြု ဂုဏ်ကျေးဇူးမသိရင် ဘာမှ ထူးလာမှာ မဟုတ်ဘူး။ သ ဘာဝလောကတွေအားလုံးဟာ မိမိတို့အပေါ် ဂုဏ်ကျေးဇူးတွေ ရှိတယ်။

သက်ရောက်တယ်။တောတောင်သစ်ပင် ပန်းမာလ်အသီးအနှံတွေ မြစ်ချောင်းအင်းအိုင် စတဲ့ သဘာဝတရားတွေဟာ တန်ဖိုး မဖြတ်နိုင်တဲ့ ကြီးမားတဲ့ ဂုဏ်အင်တွေရှိပါတယ်။ သဘာဝနဲ့ တည့်အောင်နေတတ်ကြပါစေ။ လောကသဘာဝတရားတွေကို ဉာဏ်မျက်စိနဲ့ ရှုမြင်တတ်ရင် အား လုံးဟာ အသိဉာဏ်ကို ပွင့်လင်းစေပါတယ်။

တောတောင် ရေမြေ သစ်ပင်ပန်းပင်စတဲ့ သဘာဝတွေကို မဖျက် ဆီး ကြပါနဲ့။ ထိမ်းသိမ်းစောင့်ရှောက်ကြပါ။ ကမ္ဘာတည်သရွေ့ အဲဒီတောတောင်သဘာဝရေမြေကို အမှီပြုသွားရပါမယ်။ ကမ္ဘာကြီးကလည်း အတော်ကို ပူပြင်းလာပါပြီ။ သဘာဝကို ထိမ်းသိမ်းကာ သဘာဝနဲ့ အတူဆက်လက် ရှင်သန်ကြပါစို့။အနတ်တ မေတ္တာဖြင့် အရညဝါသီ မိုင်းဖုန်းဆရာတော်

(မိုင်းဖုန်းဆရာတော်၏ မေတ္တာစာကို တောင်တန်းသာသနာပြု ဆ ရာတော် ဦးသုခမိန္ဒ မှ ဆီလျှော်အောင် ဘာသာပြန်ပေးထားခြင်းဖြစ်ပါတယ်။ မိုင်းဖုန်းဆရာတော်ရဲ့ ရှမ်းလက်ရေးနဲ့ ရေးလာမှ မိုင်းဖုန်းဆရာတော်ရဲ့ မေတ္တာစာ အမှန်ဖြစ်ကြောင်း ပြောလိုပါတယ်။ မိုင်းဖုန်းဆရာတော်ရဲ့ မေတ္တာစာထဲမှာ ဒါန သီလ ဘာဝနာ မေတ္တာအကြောင်းတွေ ဆည်းဖူးဖို့ပဲ ပါပါတယ်။ ဆန်တို့ ဆားတို့ ဟိုဟာ ဒီဟာ ယတြာလုပ်ခိုင်းတာတို့ မတွေ့ရပါဘူး၊ ယတြာ မလုပ်ခိုင်းပါဘူး၊ ဘာဝနာပဲ လုပ်ခိုင်းပါတယ်၊ မှားတဲ့အယူကို ပြန့်ပွားအောင်လု ပ်တာနဲ့တူပါတယ် အပြစ်ကြီးပါတယ်။ မလုပ်ကြဖို့ မေတ္တာရပ်ခံပါတယ်။ရှဲထားရင်လည်း ပယ်ဖျက်ကြပါကုန် ပညာရှိသူတော်ကော င်းတို့ …)

ဘာသာပြန်သူ တောင်တန်းသာသနာပြု ဆရာတော် အ ရှင်သုခမိန္ဒ (စဝ်ဆုခမ်း)အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊လွယ်တိန္ခမ်းဘုရားကျောင်း၊ မူဆယ်

Add a Comment

Your email address will not be published. Required fields are marked *