ကိုဗစ္ကာကြယ္ေဆး ၃ ေဒၚလာျဖင့္ ကမာၻ႔ကာကြယ္ေဆး မဟာမိတ္ GAVI ေရာင္းမည္

ကိုဗစ္ကာကြယ္ေဆး ၃ ေဒၚလာျဖင့္ ကမာၻ႔ကာကြယ္ေဆး မဟာမိတ္ GAVI ေရာင္းမည္

ကမာၻေက်ာ္ သူႂကြယ္ သူေဌးႀကီး ေဘလ္ဂိတ္၏Bill & Melinda Gates Foundation မွ တည္ေထာင္ေသာ ကမာၻ႔ ကာကြယ္ေဆး မဟာမိတ္ GAVI က COVID-19 ကာကြယ္ေဆးကို ေဒၚလာ ၃ ေဒၚလာျဖင့္ ေပးနိုင္သင့္ေၾကာင္း စက္တင္ဘာလ ၂၉ ရက္ေန႕ က ေျပာၾကားခဲ့သည္။

ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) က ဝင္ေငြနည္းပါးေသာနိုင္ငံမ်ားႏွင့္ အလယ္အလတ္ ဝင္ေငြရွိေသာ နိုင္ငံမ်ားအတြက္ အရည္အေသြးျမင့္ COVID-19 အျမန္စစ္ေဆးေရး ကိရိယာမ်ားကို ၎တို႔တတ္နိုင္ေလာက္သည့္ ခ်ိဳသာေသာ ေဈးႏႈန္း ျဖစ္သည့္ တခုလွ်င္ အေမရိကန္ ၅ ေဒၚလာ အျမင့္ဆုံးႏႈန္းျဖင့္ ရရွိနိုင္ေအာင္ ျပဳလုပ္ေပးရန္ အစီအစဥ္မ်ားကို ေၾကျငာၿပီး ေနာက္တရက္တြင္ အဆိုပါ ေၾကျငာခ်က္ ထြက္ေပၚလာျခင္းျဖစ္သည္။

GAVI ၏အမႈေဆာင္အရာရွိခ်ဳပ္ ေဒါက္တာ Seth Berkley က “ဒီဟာက ကမာၻ႔ေတာင္ပိုင္းအတြက္ ကမာၻ႔ေတာင္ပိုင္းက ကာကြယ္ေဆးထုတ္လုပ္ျခင္း ျဖစ္ပါတယ္။ COVID-19 ကာကြယ္ေဆး ရရွိဖို႔ အခ်ိန္ေရာက္လာရင္ ဘယ္တိုင္းျပည္မွ မက်န္ေအာင္ ေသခ်ာဖို႔ က်ေနာ္တို႔ကို ကူညီျခင္း ျဖစ္ပါတယ္” ဟုေျပာသည္။“ဆင္းရဲသည္ ျဖစ္ေစ၊ ခ်မ္းသာသည္ ျဖစ္ေစ COVID-19 ကာကြယ္ေဆး နဲ႕ ပတ္သက္လို႔ ဘယ္နိုင္ငံမွ ေနာက္မွာ မက်န္ခဲ့သင့္ပါဘူး။

ဒီပူးေပါင္းေဆာင္႐ြက္မႈက က်ေနာ္တို႔ကို ဒီပန္းတိုင္ကိုေရာက္ဖို႔ ေနာက္ထပ္ေျခလွမ္း တလွမ္း ပိုနီးေစပါတယ္”ဟု သူကေျပာသည္။ကမာၻတဝန္း လူ တသန္းေက်ာ္ ေသဆုံးခဲ့ရေသာ ကိုရိုနာဗိုင္းရပ္စ္ တိုက္ဖ်က္ေရးတြင္ တညီတၫြတ္တည္း လက္ခံထားသည့္ မည္သည့္ ကာကြယ္ေဆးမွ် မေတြ႕ရေသးပါ။“ဒီကာကြယ္ေဆးေတြက တလုံးကို အျမင့္ဆုံးေဈးႏႈန္း တခုအေနနဲ႕ ၃ ေဒၚလာ ရွိပါမယ္။

Coalition for Epidemic Preparedness Innovations (CEPI)၊ Bill & Melinda Gates Foundation နဲ႕ SII (Serum Institute of India) တို႔လိုမ်ိဳး မိတ္ဖက္ေတြရဲ႕ ရင္းႏွီးျမႇုပ္ႏွံမႈေတြနဲ႕ ရရွိနိုင္မယ့္ ေဈးႏႈန္းတခု ျဖစ္ပါတယ္” ဟု GAVI ကေျပာသည္။

အဂၤလန္ အေျခစိုက္ ေဆးဝါးကုမၸဏီ AstraZeneca ႏွင့္ အေမရိကန္ ကာကြယ္ေဆးဖြံ႕ၿဖိဳးေရး ကုမၸဏီ Novavax တို႔က လိုင္စင္ေလွ်ာက္ထားခဲ့ေသာ ကာကြယ္ေဆးမ်ားအတြက္ SII ၏ ထုတ္လုပ္မႈကို အရွိန္ျမႇင့္ရန္ ရန္ပုံေငြ အေထာက္အပံ့မ်ားက အကူအညီ ျဖစ္ေစလိမ့္မည္ဟု ၎ကေျပာသည္။ အကယ္၍ အဆိုပါ ေဆးမ်ား လိုင္စင္ အျပည့္အဝ ရရွိေရးႏွင့္ WHO ၏ စစ္ေဆးသုံးသပ္မႈမ်ားတြင္ ေအာင္ျမင္မႈ ရရွိခဲ့လွ်င္ ေဆးရရွိေရး အဆင္ေျပေစလိမ့္မည္ ျဖစ္သည္

GAVI ၏ ေထာက္ပံ့မႈရရွိရန္ အရည္အခ်င္း ျပည့္မီေသာ ဝင္ေငြနိမ့္ႏွင့္ ဝင္ေငြ အလယ္အလတ္ စီးပြားေရး ၉၂ ခု အျပင္ ယခုအခ်ိန္အထိ ဝင္ေငြျမင့္မားေသာ စီးပြားေရး ၇၅ ခုက COVAX Facility (COVID-19 စမ္းသပ္ စစ္ေဆးမႈမ်ား၊ ကုသမႈမ်ား ႏွင့္ ကာကြယ္ေဆးမ်ား ရွာေဖြေရး၊ ထုတ္လုပ္ေရးႏွင့္ ညီတူညီမွ် ရရွိေရးကို အရွိန္ျမႇင့္တင္ရန္ GAVI က ဦးေဆာင္သည့္ ပူးေပါင္းေဆာင္႐ြက္မႈ) တြင္ ပါဝင္ရန္ တရားဝင္ ကတိျပဳၿပီး ျဖစ္သည္။

(ဇြန္လ ၃ ရက္ေန႕ ထုတ္ျပန္ေၾကညာခ်က္အရ GAVI သည္ ကိုဗစ္တိုက္ဖ်က္ေရး အေမရိကန္ ေဒၚလာ ၈ ဒသမ ၈ သန္းအား ျမန္မာနိုင္ငံသို႔ ကူညီေထာက္ပံ့ခဲ့သည္။)စက္တင္ဘာလ ၂၉ ရက္ေန႕က ဘာရိန္းနိုင္ငံတြင္ ျပဳလုပ္ေသာ ေရရွည္ဖြံ႕ၿဖိဳးတိုးတက္မႈ ရည္မွန္းခ်က္ ဖိုရမ္၌ အြန္လိုင္းဗီဒီယိုမွတဆင့္ ေျပာၾကားခဲ့ေသာ မိန့္ခြန္းတြင္ WHO ၫႊန္ၾကားေရးမႉးခ်ဳပ္ Tedros Adhanom Ghebreyesus က ဗိုင္းရပ္စ္အေၾကာင္းကို ထည့္သြင္း ေျပာဆိုခဲ့သည္။

“ဆင္းရဲတဲ့သူေတြက က်န္ရစ္ခဲ့ၿပီး ခ်မ္းသာႂကြယ္ဝသူေတြက ကာကြယ္ေဆးေတြ၊ ေရာဂါရွာေဖြကုသမႈေတြနဲ႕ ကုထုံးေတြ ကို ရခြင့္ရွိတဲ့ ကမာၻတခုကို က်ေနာ္တို႔ လက္မခံနိုင္ပါဘူး”ဟု Tedros Adhanom Ghebreyesus က ေျပာသည္။“COVID-19 Tools Accelerator ႏွင့္ COVAX Facility ကို လက္လွမ္းမီေစျခင္းက တဆင့္ ဒီလိုမျဖစ္ေအာင္ ေသခ်ာေစဖို႔ က်ေနာ္တို႔ ေဆာင္႐ြက္ေနပါတယ္။”

COVAX Facility အတြက္ မည္သည့္နိုင္ငံမ်ားက လက္မွတ္ေရးထိုးထားသည္ကို အျပည့္အဝ ထုတ္ေဖာ္ေျပာဆိုရန္ WHO ကေရာ GAVI ကပါ ျပင္ဆင္ထားျခင္းမရွိခဲ့ပါ။ဥေရာပသမဂၢ အဖြဲ႕ဝင္နိုင္ငံမ်ား၊ ၾသစေၾတးလ်၊ ၿဗိတိန္၊ ကေနဒါႏွင့္ ဆြစ္ဇာလန္ နိုင္ငံတို႔က လက္မွတ္ ေရးထိုးထားၿပီး COVAX ညွိႏွိုင္းေရးမႉးမ်ားက တ႐ုတ္နိုင္ငံႏွင့္ ေဆြးေႏြးမႈမ်ား ျပဳလုပ္ေနဆဲျဖစ္ေၾကာင္း ေဒါက္တာ Seth Berkley က ေျပာသည္။

သမၼတ Donald Trump က WHO ကို သေဘာမက်ျခင္းေၾကာင့္ ပူးေပါင္းပါဝင္မည္ မဟုတ္ေၾကာင္း အေမရိကန္နိုင္ငံက ေျပာထားၿပီး ျဖစ္သည္။ ႐ုရွားနိုင္ငံက မည္သို႔ လုပ္မည္ ဆိုသည္ကို မသိရေသးပါ။COVAX Facility တြင္ ပါဝင္ရန္ ၎၏ ရည္႐ြယ္ခ်က္ကို တူရကီက ေဖာ္ျပခဲ့ၿပီး ျဖစ္ေသာ္လည္း တရားဝင္ ပူးေပါင္းပါဝင္လာျခင္း မရွိေသးပါ။credit:The Irrawaddy

unicode . . .

ကိုဗစ်ကာကွယ်ဆေး ၃ ဒေါ်လာဖြင့် ကမ္ဘာ့ကာကွယ်ဆေး မဟာ မိတ် GAVI ရောင်းမည်

ကမ္ဘာကျော် သူကြွယ် သူဌေးကြီး ဘေလ်ဂိတ်၏Bill & Melinda Gates Foundation မှ တည်ထောင်သော ကမ္ဘာ့ ကာကွယ်ဆေး မဟာမိတ် GAVI က COVID-19 ကာကွယ်ဆေးကို ဒေါ်လာ ၃ ဒေါ်လာဖြင့် ပေးနိုင်သင့်ကြောင်း စက်တင်ဘာလ ၂၉ ရက်နေ့ က ပြောကြားခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဝင်ငွေနည်းပါးသောနိုင်ငံများနှင့် အလယ်အလတ် ဝင်ငွေရှိသော နိုင်ငံများအတွက် အရည် အသွေးမြင့် COVID-19 အမြန်စစ်ဆေးရေး ကိရိယာများကို ၎င်းတို့တတ်နိုင်လောက်သည့် ချိုသာသော ဈေးနှုန်း ဖြစ်သည့် တခုလျှင် အမေရိကန် ၅ ဒေါ်လာ အမြင့်ဆုံးနှုန်းဖြင့် ရရှိနိုင်အောင် ပြုလုပ်ပေးရန် အစီအစဉ်များကို ကြေငြာပြီး နောက်တရက်တွင် အဆိုပါ ကြေငြာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

GAVI၏အမှုဆောင်အရာရှိချုပ် ဒေါက်တာ Seth Berkley က“ဒီဟာက ကမ္ဘာ့တောင်ပိုင် းအတွက် ကမ္ဘာ့တောင်ပိုင်းက ကာကွယ်ဆေးထုတ်လုပ်ခြင်း ဖြစ်ပါတယ်။COVID-19 ကာ ကွယ်ဆေး ရရှိဖို့ အချိန်ရောက်လာရင် ဘယ်တိုင်းပြည်မှ မကျန်အောင် သေချာဖို့ ကျနော်တို့ကို ကူညီခြင်း ဖြစ်ပါတယ်”ဟုပြော သည်။“ဆင်းရဲသည် ဖြစ်စေ၊ ချမ်းသာသည် ဖြစ်စေ COVID-19 ကာကွယ်ဆေး နဲ့ ပတ်သက်လို့ ဘယ်နိုင်ငံမှ နောက်မှာ မကျန်ခဲ့သင့်ပါဘူး။

ဒီပူးပေါင်းဆောင်ရွက်မှုက ကျနော်တို့ကို ဒီပန်းတိုင်ကိုရောက်ဖို့ နောက်ထပ်ခြေလှမ်း တလှမ်း ပိုနီးစေပါတယ်”ဟု သူကပြောသ ည်။ကမ္ဘာတဝန်း လူ တသန်းကျော် သေဆုံးခဲ့ရသော ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးတွင် တညီတညွတ်တည်း လက်ခံထားသည့် မည်သည့် ကာကွယ်ဆေးမျှ မတွေ့ရသေးပါ။“ဒီကာကွယ်ဆေးတွေက တလုံးကို အမြင့်ဆုံးဈေးနှုန်း တခုအနေနဲ့ ၃ ဒေါ်လာ ရှိပါမယ်။

Coalition for Epidemic Preparedness Innovations (CEPI)၊ Bill & Melinda Gates Foundationနဲ့SII (Serum Institute of India) တို့လိုမျိုး မိတ်ဖက်တွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ရရှိနိုင်မယ့် ဈေး နှုန်းတခု ဖြစ်ပါတယ်” ဟု GAVI ကပြောသည်။

အင်္ဂလန် အခြေစိုက် ဆေးဝါးကုမ္ပဏီ AstraZeneca နှင့် အမေရိကန် ကာကွယ်ဆေးဖွံ့ဖြိုးရေး ကုမ္ပဏီ Novavax တို့က လိုင်စင်လျှောက်ထားခဲ့သော ကာကွယ်ဆေးများအတွက် SII ၏ ထုတ်လုပ်မှုကို အရှိန်မြှင့်ရန် ရန်ပုံငွေ အထောက်အပံ့များက အကူ အညီ ဖြစ်စေလိမ့်မည်ဟု ၎င်းကပြောသည်။ အကယ်၍ အဆိုပါ ဆေးများ လိုင်စင် အပြည့်အဝ ရရှိရေးနှင့် WHO ၏ စစ်ဆေးသုံးသပ်မှုများတွင် အောင်မြင်မှု ရရှိခဲ့လျှင် ဆေးရရှိရေး အဆင် ပြေစေလိမ့်မည် ဖြစ်သည်

GAVI ၏ ထောက်ပံ့မှုရရှိရန် အရည်အချင်း ပြည့်မီသော ဝင်ငွေနိမ့်နှင့် ဝင်ငွေ အလယ်အလတ် စီးပွားရေး ၉၂ ခု အပြင် ယခုအချိန်အထိ ဝင်ငွေမြင့်မားသော စီးပွားရေး ၇၅ ခုက COVAX Facility (COVID-19 စမ်းသပ် စစ်ဆေးမှုများ၊ ကုသမှုများ နှင့် ကာကွယ်ဆေးများ ရှာဖွေရေး၊ ထုတ်လုပ်ရေးနှင့် ညီတူ ညီမျှ ရရှိရေးကို အရှိန်မြှင့်တင်ရန် GAVI က ဦးဆောင်သည့် ပူး ပေါင်းဆောင်ရွက်မှု) တွင် ပါဝင်ရန် တရားဝင် ကတိပြုပြီး ဖြစ်သ ည်။

(ဇွန်လ ၃ ရက်နေ့ ထုတ်ပြန်ကြေညာချက်အရ GAVI သည် ကိုဗစ်တိုက်ဖျက်ရေး အမေရိကန် ဒေါ်လာ ၈ ဒသမ ၈ သန်းအား မြန် မာနိုင်ငံသို့ ကူညီထောက်ပံ့ခဲ့သည်။)စက်တင်ဘာလ ၂၉ ရက်နေ့က ဘာရိန်းနိုင်ငံတွင် ပြုလုပ်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရည် မှန်းချက် ဖိုရမ်၌ အွန်လိုင်းဗီဒီယိုမှတဆင့် ပြောကြားခဲ့သော မိန့် ခွန်းတွင်WHOညွှန်ကြားရေးမှူးချုပ်Tedros Adhanom Ghebreyesus က ဗိုင်းရပ်စ်အကြောင်းကို ထည့်သွင်း ပြော ဆိုခဲ့သည်။

“ဆင်းရဲတဲ့သူတွေက ကျန်ရစ်ခဲ့ပြီး ချမ်းသာကြွယ်ဝသူတွေက ကာကွယ်ဆေးတွေ၊ ရောဂါရှာဖွေကုသမှုတွေနဲ့ ကုထုံးတွေ ကို ရခွင့်ရှိတဲ့ ကမ္ဘာတခုကို ကျနော်တို့ လက်မခံနိုင်ပါဘူး”ဟု Tedros Adhanom Ghebreyesus က ပြောသည်။“COVID-19 Tools Accelerator နှင့် COVAX Facility ကို လက်လှမ်းမီစေခြင်းက တဆင့်ဒီလိုမဖြစ်အောင် သေချာစေဖို့ ကျနော်တို့ ဆောင်ရွက်နေပါတယ်။”

COVAX Facility အတွက် မည်သည့်နိုင်ငံများက လက်မှတ်ရေးထိုးထားသည်ကို အပြည့်အဝ ထုတ်ဖော်ပြောဆိုရန် WHO ကရော GAVI ကပါ ပြင်ဆင်ထားခြင်းမရှိခဲ့ပါ။ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၊ သြစတြေးလျ၊ ဗြိတိန်၊ ကနေဒါနှင့် ဆွစ်ဇာလန် နိုင်ငံတို့က လက်မှတ် ရေးထိုးထားပြီး COVAX ညှိနှိုင်းရေးမှူးများက တရုတ်နိုင်ငံနှင့် ဆွေးနွေးမှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း ဒေါက်တာ Seth Berkley က ပြောသည်။

သမ္မတ Donald Trump က WHO ကို သဘောမကျခြင်းကြောင့် ပူးပေါင်းပါဝင်မည် မဟုတ်ကြောင်း အမေရိကန်နိုင်ငံက ပြောထားပြီး ဖြစ်သည်။ ရုရှားနိုင်ငံက မည်သို့ လုပ်မည် ဆိုသည်ကို မသိရသေးပါ။COVAX Facility တွင် ပါဝင်ရန် ၎င်း၏ ရည်ရွယ်ချက်ကို တူရကီက ဖော်ပြခဲ့ပြီး ဖြစ်သော်လည်း တရားဝင် ပူးပေါင်းပါဝင်လာခြင်း မရှိသေးပါ။credit:The Irrawaddy