Area 51 ထဲမွ၁၆မီတာရွည္လ်ားတဲ့ ၿဂိဳလ္သားစက္႐ုပ္ပုံကို Google Earthမွာ ေတြ႕ရွိရတယ္လို့ဆို

Area 51 ထဲမွ ၁၆ မီတာရွည္လ်ားတဲ့ ၿဂိဳလ္သားစက္႐ုပ္ပုံ Google Earth မွာ ေတြ႕ရတယ္လို့ဆို

အမ်ိဳးအမည္မသိ ပ်ံသန္းေနတဲ့ အရာဝတၳဳေတြလို့ ေခၚၾကတဲ့ UFO ေတြနဲ႔ ျပင္ပကမၻာမွ ၿဂိဳလ္သားေတြအေၾကာင္း ေလ့လာေနသူတစ္ဦးကေတာ့ လၽွို့ဝွက္နယ္ေျမ Area 51 မွာ ထူးဆန္းမွုေတြ ေတြ႕ခဲ့ရတယ္လို့ ဆိုပါတယ္။

UFO မုဆိုးေတြဟာ Area 51 ေပၚ အစဥ္တစိုက္စိတ္ဝင္တစား ေနာက္ေယာင္ခံေနတာပါ။ ဒီတစ္ေခါက္မွာေတာ့ Area 51 အတြင္း ၁၆ မီတာ (၅၂ ေပခန႔္) ရွည္လ်ားတဲ့ လူပုံစံစက္႐ုပ္ဒီဇိုင္းတစ္ခု တည္ေဆာက္ေနပုံကို စေကာ့ဝါရင္ဆိုသူက ေတြ႕ခဲ့တယ္လို့ RT သတင္းက ဆိုပါတယ္။ စေကာ့ဝါရင္ဟာ Google Earth ၿဂိဳလ္တုဓါတ္ပုံေတြကေန အထူးကန႔္သတ္ထားတဲ့ အေမရိကန္ေလေၾကာင္းအေျခစိုက္စခန္း ပုံရိပ္ေတြထဲမွာ ဒီစက္႐ုပ္ပုံကို ေတြ႕ျမင္ခဲ့တာပါ။

သူေတြ႕ခဲ့တဲ့ ပုံဟာ လူသားပုံစံ စက္႐ုပ္တစ္ခုရဲ့ အနက္ေရာင္ပုံသ႑ာန္တစ္ခု ျဖစ္ၿပီး ဒါဟာ အာကာသမွ ၿဂိဳလ္သားေတြ တည္ေဆာက္ထားတဲ့ စက္႐ုပ္တစ္ခု ျဖစ္နိုင္တယ္လို့ ဝါရင္က ခန႔္မွန္းပါတယ္။ Google Earth ပလက္ေဖာင္းမွာ ကိုဩဒိနိတ္အရ 37°13’26.26″N 115°49’2.37”W ကို ရိုက္ရွာမယ္ဆိုရင္ စေကာ့ေျပာတဲ့ပုံကို ေတြ႕ရမွာ ျဖစ္ပါတယ္။

“Area 51 မွာ ၁၆ မီတာရွိတဲ့ အနက္ေရာင္ပုံရိပ္တစ္ခု ေတြ႕ထားပါတယ္။ အဲ့ဒီညာဘက္ေဘးမွာလည္း ေနာက္တစ္ခု ရွိပုံရပါတယ္။ ဒါေပမယ့္ အဲ့ဒါက ပိုတိုတယ္။” လို့ ဝါရင္က သူ႔ရဲ့ UFO Sightings Daily ဘေလာ့ဂ္မွာ ေရးထားပါတယ္။

“အဲ့ဒီေနရာမွာ အရင္က ပုံေတြကို ျပန္စစ္ေဆးၾကည့္ေတာ့ ဒီပုံက ေဘးဘက္ကို ေရြ႕ေနတာ သတိထားမိတယ္။ ၿပီးေတာ့ တစ္ပုံခ်င္းစီမွာ အေနအထားေလးေတြက ေျပာင္းေနပါတယ္။ အဲ့ဒါက ေရြ႕ေနတာကိုးဗ်”လို့လည္း သူက ေရးထားပါတယ္။

Area 51 ဟာ အေမရိကန္ေလတပ္ေလ့က်င့္ေရးကြင္းတစ္ခု ျဖစ္ၿပီး လၽွို့ဝွက္လက္နက္မ်ား စမ္းသပ္ဖို့အတြက္လည္း သုံးတယ္လို့ ဆိုပါတယ္။ Area 51 နဲ႔ ပတ္သက္ၿပီး လူေျပာသူေျပာအေၾကာင္းအရာေတြထဲမွာ UFO ယာဥ္ပ်ံနဲ႔ ၿဂိဳလ္သားေတြအေၾကာင္းက အမ်ားဆုံး ပါဝင္ေနပါတယ္။ စေကာ့ဝါရင္ ေတြ႕လိုက္တဲ့ ပုံဟာ တကယ္ပဲ ၿဂိဳလ္သားေတြ တည္ေဆာက္ေနတဲ့ စက္႐ုပ္ျဖစ္နိုင္သလို အေဆာက္အဦတစ္ခုခု ဒါမွမဟုတ္ အရိပ္က်ေနတာလည္း ျဖစ္နိုင္တယ္လို့ ယူဆေနၾကပါတယ္။source:therivernews

unicode . . .

Area 51 ထဲမှ ၁၆ မီတာရှည်လျားတဲ့ ဂြိုလ်သားစက်ရုပ်ပုံ Google Earth မှာ တွေ့ရတယ်လို့ဆို

အမျိုးအမည်မသိ ပျံသန်းနေတဲ့ အရာဝတ္ထုတွေလို့ ခေါ်ကြတဲ့ UFO တွေနဲ့ ပြင်ပကမ္ဘာမှ ဂြိုလ်သားတွေအကြောင်း လေ့လာနေသူတစ်ဦးကတော့ လျှို့ဝှက်နယ်မြေ Area 51 မှာ ထူးဆန်းမှုတွေ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

UFO မုဆိုးတွေဟာ Area 51 ပေါ် အစဉ်တစိုက်စိတ်ဝင်တစား နောက်ယောင်ခံနေတာပါ။ ဒီတစ်ခေါက်မှာတော့ Area 51 အတွင်း ၁၆ မီတာ (၅၂ ပေခန့်) ရှည်လျားတဲ့ လူပုံစံစက်ရုပ်ဒီဇိုင်းတစ်ခု တည်ဆောက်နေပုံကို စကော့ဝါရင်ဆိုသူက တွေ့ခဲ့တယ်လို့ RT သတင်းကဆိုပါတယ်။စကော့ဝါရင်ဟာ Google Earth ဂြိုလ်တုဓါတ်ပုံတွေကနေ အထူးကန့်သတ်ထားတဲ့ အမေရိကန်လေ ကြောင်းအခြေစိုက်စခန်း ပုံရိပ်တွေထဲမှာ ဒီစက်ရုပ်ပုံကို တွေ့မြင်ခဲ့တာပါ။

သူတွေ့ခဲ့တဲ့ ပုံဟာ လူသားပုံစံ စက်ရုပ်တစ်ခုရဲ့ အနက်ရောင်ပုံသ ဏ္ဍာန်တစ်ခု ဖြစ်ပြီး ဒါဟာ အာကာသမှ ဂြိုလ်သားတွေ တည် ဆောက်ထားတဲ့ စက်ရုပ်တစ်ခု ဖြစ်နိုင်တယ်လို့ ဝါရင်က ခန့်မှန်းပါတယ်။ Google Earth ပလက်ဖောင်းမှာ ကိုဩဒိနိတ်အရ 37°13’26.26″N 115°49’2.37”W ကို ရိုက်ရှာမယ်ဆိုရင် စကော့ပြောတဲ့ပုံကို တွေ့ရမှာ ဖြစ်ပါတယ်။

“Area 51 မှာ ၁၆ မီတာရှိတဲ့ အနက်ရောင်ပုံရိပ်တစ်ခု တွေ့ထားပါတယ်။ အဲ့ဒီညာဘက်ဘေးမှာလည်း နောက်တစ်ခု ရှိပုံရပါတယ်။ ဒါပေမယ့် အဲ့ဒါက ပိုတိုတယ်။” လို့ ဝါရင်က သူ့ရဲ့ UFO Sightings Daily ဘလော့ဂ်မှာ ရေးထားပါတယ်။

“အဲ့ဒီနေရာမှာ အရင်က ပုံတွေကို ပြန်စစ်ဆေးကြည့်တော့ ဒီပုံက ဘေးဘက်ကို ရွေ့နေတာ သတိထားမိတယ်။ ပြီးတော့ တစ်ပုံချင်းစီမှာ အနေအထားလေးတွေက ပြောင်းနေပါတယ်။ အဲ့ဒါက ရွေ့နေတာကိုးဗျ”လို့လည်း သူက ရေးထားပါတယ်။

Area 51 ဟာ အမေရိကန် လေတပ်လေ့ကျင့်ရေးကွင်းတစ်ခု ဖြစ်ပြီး လျှို့ဝှက်လက်နက်များ စမ်းသပ်ဖို့အတွက်လည်း သုံးတယ်လို့ ဆိုပါတယ်။ Area 51 နဲ့ ပတ်သက်ပြီး လူပြောသူပြောအ ကြောင်းအရာတွေထဲမှာ UFO ယာဉ်ပျံနဲ့ဂြိုလ်သားတွေအကြော င်းက အများဆုံး ပါဝင်နေပါတယ်။ စကော့ဝါရင် တွေ့လိုက်တဲ့ ပုံဟာ တကယ်ပဲ ဂြိုလ်သားတွေ တည်ဆောက်နေတဲ့ စက်ရုပ်ဖြစ်နိုင်သလို အဆောက်အဦတစ်ခုခု ဒါမှမဟုတ် အရိပ်ကျနေတာလည်း ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ္။ source:therivernews