ျဂိဳဟ္တုအစိတ္အပိုင္းဟု ယူဆရသည့္ပစၥည္းမ်ား ခ်င္းတြင္းျမစ္အထက္ပိုင္းမွ ေမ်ာပါလာ၍ဆယ္ယူရရွိ

ျဂိဳဟ္တုအစိတ္အပိုင္းဟု ယူဆရသည့္ပစၥည္းမ်ား ခ်င္းတြင္းျမစ္အထက္ပိုင္းမွ ေမ်ာပါလာ၍ဆယ္ယူရရွိ

စစ္ကိုင္းတိုင္းေဒသႀကီး ခႏၲီးၿမိဳ့ နန္းဖာေက်းရြာတြင္ ခ်င္းတြင္းျမစ္ အထက္ပိုင္းမွ ေမ်ာလာသည့္ ၿဂိဳဟ္တုအစိတ္အပိုင္းဟု ယူဆရသည့္ ပစၥည္မ်ားကို ဆယ္ယူရရွိထားသည္ဟု နန္ဖာေက်းရြာအုပ္စု ဥကၠ႒ ဦးသိန္းနိုင္က ေျပာၾကားသည္။

“စက္တင္ဘာလ ၂၈ ရက္ ညေန ၅ နာရီ ေက်ာ္ေက်ာ္ေလာက္မွာ ခ်င္းတြင္းျမစ္အတိုင္း အထက္က ေမ်ာလာတာ။ ကၽြန္ေတာ့္ ရြာသားတစ္ေယာက္က စက္ေလွနဲ႔ ျမစ္တစ္ဖက္ကမ္းကို ကူးရင္းနဲ႔ျမင္တာ။ ဆြဲရင္းဆြဲရင္းနဲ႔လပိုင္အိုက္ဝဲအတြင္း ေရာက္သြားၿပီးမွ လပိုင္အိုက္ဝဲ ကမ္းေျခတစ္ဖက္မွာ ႀကိဳးနဲ႔ခ်ည္ၿပီး ကပ္ထားခဲ့တာ။

အဲဒီလိုခ်ည္ထားၿပီး ၂၉ ရက္မွာ အကူလူတစ္ေယာက္ကို ေခၚၿပီးေတာ့ ဟြန္ဒါ စက္ေလွေပၚ တင္ၿပီးေတာ့ ကၽြန္ေတာ္ ဆီလာျပတာပါ။အဲဒီလိုလာျပေတာ့ ဒါေတာ့ ၿဂိဳဟ္တု အစိတ္အပိုင္းလိုလို တပ္ကသုံးတဲ့ ေထာက္လွမ္းေရး ေလယာဥ္လိုလို ထင္လိုက္တာေပါ့။

အဲဒီမွာ ၾကယ္တစ္ပြင့္ပါတယ္။ အစိတ္အပိုင္းရဲ့ အကာမွာ TZ11 ဆိုၿပီးပါတယ္။ဒါနဲ႔ဒါကို အိမ္ေရွ႕မွာ ထားထားလိုက္ ဌာနဆိုင္ရာကို အေၾကာင္းၾကားလိုက္မယ္။ ထူးျခားမွု တစ္ခုေတာ့ ရွိနိုင္တယ္ဆိုၿပီး အစည္းအေဝးသြားတဲ့ အခ်ိန္မွာ ျပလိုက္တယ္။ ႐ုံးက စာေရးႀကီးကို ျပလိုက္တယ္” ဟု နန္ဖာေက်းရြာဥကၠ႒ ဦးသိန္းနိုင္က ေျပာၾကားသည္။

အဆိုပါ အစိတ္အပိုင္းကို လပိုင္အိုက္ဝဲ အတြင္းမွ ဆယ္ယူထားၿပီး ယခုအခါ နန္ဖာေက်းရြာ အုပ္ခ်ဳပ္ေရးမွူး ေနအိမ္တြင္ သိမ္းဆည္းထားသည္။ နန္ဖာေက်းရြာသည္ ခႏၲီးၿမိဳ့အထက္တြင္ ေရမိုင္ ၁၄ မိုင္ဝန္းက်င္ခန႔္သာ ကြာေဝးသည္ဟု သိရသည္။ credit : eleven

unicode . . .

ဂြိုဟ်တုအစိတ်အပိုင်းဟု ယူဆရသည့်ပစ္စည်းများ ချင်းတွင်းမြစ်အထက်ပိုင်းမှ မျောပါလာ၍ဆယ်ယူရရှိ

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ နန်းဖာကျေးရွာတွင် ချင်းတွင်းမြစ် အထက်ပိုင်းမှ မျောလာသည့် ဂြိုဟ်တု အစိတ်အပိုင်းဟု ယူ ဆရသည့် ပစ္စည်များကို ဆယ်ယူရရှိထားသည်ဟု နန်ဖာကျေးရွာ အုပ်စု ဥက္ကဋ္ဌ ဦးသိန်းနိုင်က ပြောကြားသည်။

“စက်တင်ဘာလ ၂၈ ရက် ညနေ ၅ နာရီ ကျော်ကျော်လောက်မှာ ချင်းတွင်းမြစ်အတိုင်း အထက်က မျောလာတာ။ ကျွန်တော့် ရွာ သားတစ်ယောက်က စက်လှေနဲ့ မြစ်တစ်ဖက်ကမ်းကို ကူးရင်းနဲ့မြင်တာ။ ဆွဲရင်းဆွဲရင်းနဲ့လပိုင်အိုက်ဝဲအတွင်း ရောက်သွားပြီးမှ လပိုင်အိုက်ဝဲ ကမ်းခြေတစ်ဖက်မှာ ကြိုးနဲ့ချည်ပြီး ကပ်ထားခဲ့တာ။

အဲဒီလိုချည်ထားပြီး ၂၉ ရက်မှာ အကူလူတစ်ယောက်ကို ခေါ်ပြီးတော့ ဟွန်ဒါ စက်လှေပေါ် တင်ပြီးတော့ ကျွန်တော် ဆီလာပြတာပါ။အဲဒီလိုလာပြတော့ ဒါတော့ ဂြိုဟ်တု အစိတ်အပိုင်းလိုလို တပ်ကသုံးတဲ့ ထောက်လှမ်းရေး လေယာဉ်လိုလို ထင်လိုက်တာပေါ့။

အဲဒီမှာ ကြယ်တစ်ပွင့်ပါတယ်။ အစိတ်အပိုင်းရဲ့ အကာမှာ TZ11 ဆိုပြီးပါတယ်။ဒါနဲ့ဒါကို အိမ်ရှေ့မှာ ထားထားလိုက် ဌာနဆိုင်ရာကို အကြောင်းကြားလိုက်မယ်။ ထူးခြားမှု တစ်ခုတော့ ရှိနိုင်တယ်ဆိုပြီး အစည်းအဝေးသွားတဲ့ အချိန်မှာ ပြလိုက်တယ်။ ရုံးက စာရေးကြီးကို ပြလိုက်တယ်” ဟု နန်ဖာကျေးရွာ ဥက္ကဋ္ဌ ဦးသိန်းနိုင်က ပြောကြားသည်။

အဆိုပါ အစိတ်အပိုင်းကို လပိုင်အိုက်ဝဲ အတွင်းမှ ဆယ်ယူထားပြီး ယခုအခါ နန်ဖာကျေးရွာ အုပ်ချုပ်ရေးမှူး နေအိမ်တွင် သိမ်းဆည်းထားသည်။နန်ဖာကျေးရွာသည် ခန္တီးမြို့အထက်တွင် ရေမိုင် ၁၄ မိုင်ဝန်းကျင်ခန့်သာ ကွာဝေးသည်ဟု သိရသည်။ credit : eleven

Tags:

Add a Comment

Your email address will not be published. Required fields are marked *