အြန္လိုင္းေဈးကြက္၌ေရာင္းခ်ေနသည့္ ကိုဗစ္ကာကြယ္ေဆးမသုံးရန္ က်န္းမာေရးဝန္ႀကီးဌာန အသိေပး

အြန္လိုင္းေဈးကြက္၌ေရာင္းသည့္ ကိုဗစ္ကာကြယ္ေဆးမသုံးရန္ က်န္းမာေရးဝန္ႀကီးဌာန အသိေပး

လူမႈကြန္ရက္ေတြ၊ အင္တာနက္စာမ်က္ႏွာေတြနဲ႕ online ေဈးကြက္ေတြမွာ ေၾကညာေနတဲ့ ကိုဗစ္-၁၉ ကာကြယ္ေဆးေတြကို ျပည္သူေတြ ဝယ္ယူသုံးစြဲျခင္းမျပဳၾကဖို႔ က်န္းမာေရးဝန္ႀကီးဌာနက အသိေပးလိုက္ပါတယ္။ဒီေန႕အခ်ိန္ထိ ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO)ကအသိ အမွတ္ျပဳ ေထာက္ခံတဲ့ ကိုဗစ္-၁၉ ကာကြယ္ေဆး (WHO Prequalified Vaccine) မရွိေသးတာေၾကာင့္ အခုလို အသိေပးတာလို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ကာကြယ္ေဆးအသစ္ တစ္မ်ိဳးမ်ိဳးကို စတင္အသုံးျပဳနိုင္ဖို႔ “ကာကြယ္ေဆး၏ သက္ဆိုင္ရာေရာဂါကို ကာကြယ္နိုင္ေသာ အာနိသင္ ရွိ/ မရွိ၊ လုံေလာက္ေသာ ပဋိပစၥည္း ထုတ္လုပ္နိုင္ရန္ လႈံ႕ေဆာ္ေပးနိုင္စြမ္း ရွိ/ မရွိ၊ ေဘးထြက္ဆိုးက်ိဳးမရွိဘဲ ေဘးအႏၲရာယ္ကင္း၍ လုံၿခဳံစိတ္ခ်ရမႈ ရွိ / မရွိ၊ ကာကြယ္ေဆးထိုးၿပီးေနာက္ ကာကြယ္မႈေပးနိုင္သည့္ အခ်ိန္ကာလ၊ ထိုးႏွံ/ တိုက္ေကြၽးရမည့္ ကာကြယ္ေဆးပမာဏႏွင့္ အႀကိမ္အေရအတြက္၊ ဓာတ္ခြဲခန္းတြင္သာမက လက္ေတြ႕အျပင္ေလာက၌ အသုံးျပဳရာတြင္လည္း ထိေရာက္စြာ ကာကြယ္နိုင္သည့္ အစြမ္းအာနိသင္ ရွိ/ မရွိ၊” စတဲ့အခ်က္ေတြ သိရွိဖို႔ လိုအပ္တယ္လို႔ ဆိုပါတယ္။

အဲဒီအခ်က္ေတြ သိဖို႔ ဓာတ္ခြဲခန္းအတြင္းနဲ႕ တိရစာၦန္ေတြမွာ စမ္းသပ္တဲ့အဆင့္၊ လူမွာ စနစ္တက်လက္ေတြ႕စမ္းသပ္ သုေတသန ျပဳလုပ္တဲ့အဆင့္ (၃) ဆင့္ (3 phases of clinical trial) နဲ႕ အသိအမွတ္ျပဳ လိုင္စင္ရရွိၿပီး ေဈးကြက္မွာ ေရာင္းခ်ၿပီးေနာက္ ဆက္လက္ေစာင့္ၾကပ္ၾကည့္ရႈ ေလ့လာကာ တစ္ဆင့္ၿပီးတစ္ဆင့္ အခ်ိန္ယူ စနစ္တက်ေဆာင္႐ြက္ရတယ္လို႔ ဆိုပါတယ္။

ကိုဗစ္-၁၉ ကပ္ေရာဂါအတြက္ ကာကြယ္ေဆးထုတ္လုပ္နိုင္ဖို႔ ကမာၻ႔နိုင္ငံအမ်ားအျပားမွာ ႀကိဳးစားေဆာင္႐ြက္ေနေပမဲ့ နိုင္ငံေတြနဲ႕ ေဆးကုမၸဏီက ထုတ္လုပ္တဲ့ ကာကြယ္ေဆး ေတြမွာ တတိယအဆင့္ လက္ေတြ႕စမ္းသပ္ သုေတသနျပဳမႈ ၿပီးေျမာက္ျခင္းမရွိေသးဘူးလို႔ ဆိုပါတယ္။ဒါေၾကာင့္ ျပည္သူေတြအေနနဲ႕ လူမႈကြန္ရက္ေတြ၊ အင္တာနက္စာမ်က္ႏွာေတြနဲ႕ online ေဈးကြက္ေတြမွာ ေၾကညာေနတဲ့ ကိုဗစ္-၁၉ ကာကြယ္ေဆးေတြကို ဝယ္ယူသုံးစြဲျခင္းမျပဳၾကဖို႔ က်န္းမာေရးဝန္ႀကီးဌာနက အသိေပးထားပါတယ္။

ျမန္မာနိုင္ငံမွာ ဒီကေန႕ည ၈ နာရီအထိ ကိုဗစ္-၁၉ အတည္ျပဳလူနာေပါင္း ၁၄,၃၈၃ ေယာက္၊ ေသဆုံးသူ ၃၂၁ ေယာက္နဲ႕ ေဆး႐ုံကဆင္းခြင့္ျပဳခဲ့သူေပါင္း ၄,၁၅၆ ေယာက္ ရွိတယ္လို႔ က်န္းမာေရးဌာနက ထုတ္ျပန္ထားပါတယ္။source:DVB

unicode . . .

အွန်လိုင်းဈေးကွက်၌ရောင်းသည့် ကိုဗစ်ကာကွယ်ဆေးမသုံးရန် ကျန်းမာရေးဝန်ကြီးဌာန အသိပေး

လူမှုကွန်ရက်တွေ၊ အင်တာနက်စာမျက်နှာတွေနဲ့ online ဈေးကွက်တွေမှာ ကြေညာနေတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို ပြည်သူတွေ ဝယ်ယူသုံးစွဲခြင်းမပြုကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးလိုက်ပါတယ်။ဒီနေ့အချိန်ထိ ကမ္ဘာ့ကျန်းမာရေးအ ဖွဲ့ (WHO)ကအသိ အမှတ်ပြု ထောက်ခံတဲ့ ကိုဗစ်-၁၉ ကာကွ ယ်ဆေး (WHO Prequalified Vaccine)မရှိသေးတာကြောင့် အခုလို အသိပေးတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကာကွယ်ဆေးအသစ် တစ်မျိုးမျိုးကို စတင်အသုံးပြုနိုင်ဖို့ “ကာ ကွယ်ဆေး၏ သက်ဆိုင်ရာရောဂါကို ကာကွယ်နိုင်သော အာနိသင် ရှိ/ မရှိ၊ လုံလောက်သော ပဋိပစ္စည်း ထုတ်လုပ်နိုင်ရန် လှုံ့ဆော်ပေးနိုင်စွမ်း ရှိ/ မရှိ၊ ဘေးထွက်ဆိုးကျိုးမရှိဘဲ ဘေးအန္တရာယ်ကင်း၍ လုံခြုံစိတ်ချရမှု ရှိ / မရှိ၊ ကာကွယ်ဆေးထိုးပြီးနောက် ကာကွယ်မှုပေးနိုင်သည့် အချိန်ကာလ၊ ထိုးနှံ/ တိုက်ကျွေးရမည့် ကာကွယ် ဆေးပမာဏနှင့် အကြိမ်အရေအတွက်၊ ဓာတ်ခွဲခန်းတွင်သာမက လက်တွေ့အပြင်လောက၌ အသုံးပြုရာတွင်လည်း ထိရောက်စွာ ကာကွယ်နိုင်သည့် အစွမ်းအာနိသင် ရှိ/ မရှိ၊” စတဲ့အချက်တွေ သိ ရှိဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

အဲဒီအချက်တွေ သိဖို့ ဓာတ်ခွဲခန်းအတွင်းနဲ့ တိရစ္ဆာန်တွေမှာ စမ်း သပ်တဲ့အဆင့်၊ လူမှာ စနစ်တကျလက်တွေ့စမ်းသပ် သုတေသန ပြုလုပ်တဲ့အဆင့် (၃) ဆင့် (3 phases of clinical trial) နဲ့ အသိအမှတ်ပြု လိုင်စင်ရရှိပြီး ဈေးကွက်မှာ ရောင်းချပြီးနောက် ဆက်လက်စောင့်ကြပ်ကြည့်ရှု လေ့လာကာ တစ်ဆင့်ပြီးတစ်ဆင့် အချိန်ယူ စနစ်တကျဆောင်ရွက်ရတယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါအတွက် ကာကွယ်ဆေးထုတ်လုပ်နိုင်ဖို့ ကမ္ဘာ့နိုင်ငံအများအပြားမှာ ကြိုးစားဆောင်ရွက်နေပေမဲ့ နိုင်ငံတွေနဲ့ ဆေးကုမ္ပဏီက ထုတ်လုပ်တဲ့ ကာကွယ်ဆေး တွေမှာ တတိယအ ဆင့် လက်တွေ့စမ်းသပ် သုတေသနပြုမှု ပြီးမြောက်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ လူမှုကွန်ရက်တွေ၊ အင်တာနက်စာမျက်နှာတွေနဲ့ online ဈေးကွက်တွေမှာ ကြေညာနေတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို ဝယ်ယူသုံးစွဲခြင်းမပြုကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ဒီကနေ့ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၁၄,၃၈၃ ယောက်၊ သေဆုံးသူ ၃၂၁ ယောက်နဲ့ ဆေးရုံကဆင်းခွင့်ပြုခဲ့သူပေါင်း ၄,၁၅၆ ယောက် ရှိတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။source:DVB

Tags: