unicode . . .
တရုတ်ကုမ္ပဏီ Coyote က လျှင်မြန်တဲ့ Covid-19 စမ်းသပ်စစ်ဆေးရေး ကိရိယာတွေ ရောင်းချဖို့အတွက် ကမ္ဘာတစ်ဝန်းလုံးကို ပစ်မှတ်ထားနေ
တရုတ်ကုမ္ပဏီ Coyoke ဟာ Covid-19 ကူညီ တိုက်ဖျက်ရေးအတွက် ကမ္ဘာတစ်ဝန်းလုံးဆိုင်ရာ အားပြိုင်မှုမှာ ပါဝင်လာပြီး ၎င်းရဲ့ ဗိုင်းရပ်စ်စမ်းသပ်စက်ဟာ ဓာတ်ခွဲခန်းထက် ပိုမိုမြန်ဆန်ကာ အိမ်တွင်း မျက်နှာပြင် စစ်ဆေးရေး ကိရိယာတွေထက် ပိုမိုယုံကြ ည်စိတ်ချရစေမှာ ဖြစ်တယ်လို့ ကတိပြုထားပါတယ်။
Flash 20 အမည်ရှိ အဆိုပါ ဗိုင်းရပ်စ်စစ်ဆေးရေး စက်ဟာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရာမှာ အသုံးပြုတဲ့ PCR စမ်းသပ်မှုတွေအတွက် လက်ရှိကမ္ဘာပေါ်မှာ အလျှင်မြန်ဆုံးစက် ဖြစ်တယ်လို့ Coyote ကုမ္ပဏီ တည် ထောင်သူ Sabrina Li က ပြောကြားခဲ့ပါတယ်။
PCR စမ်းသပ်မှုတွေဟာ စက်မှုလုပ်ငန်း အဆင့်အတန်း ဖြစ်ပြီး သေဆုံးသူ ၁ သန်းကျော်နဲ့ ကမ္ဘာ့စီးပွားရေးတွေကျဆင်းစေခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ တိုက်ဖျက်ရေးအတွက် အဓိကလက်နက်တစ်ခု ဖြစ်ပါတယ်။ တရုတ်နိုင်ငံ ဆေးရုံနဲ့ လေဆိပ်တွေမှာ အသုံးပြုနေပြီဖြစ်တဲ့ အဆိုပါ Flash 20 စက်ပစ္စည်းဟာ တစ်ခေါက်ထဲနဲ့ နမူနာ ၄ ခုကို အချိန် ၁ နာရီခွဲအတွင်း ရလဒ်တွေကို ပေးနိုင်တယ်လို့ သိရပါတယ်။
၎င်းဟာ ဥရောပယူနီယံနဲ့ သြစတြေးလျမှာအသိအမှတ်ပြု ခံထားရပြီး အမေရိကန်နဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း( WHO ) မှလည်း အလားတူ အသိအမှတ်ပြုမှု ရရှိနိုင်ဖို့အတွက် Coyote က ကြိုးပမ်းနေပါတယ်။ စမ်းသပ်စစ်ဆေးခြင်းဟာ ဗိုင်းရပ်စ်ကူး စက်ရောဂါ တိုက်ဖျက်ရေးအတွက် အကောင်းဆုံး လက်နက်ဖြစ်တာကြောင့် အခြားသုတေသီတွေကလည်း စမ်းသပ်စစ်ဆေးမှုအတွက် အလျှင်မြန်ဆုံး နည်းလမ်းကို ရှာ ဖွေလာကြပါတယ်။
PCR စစ်ဆေးမှုနဲ့မတူ ကွဲပြားပြီး မြန်ဆန်တဲ့ ဗိုင်းရပ်စ်စစ်ဆေးရေး ကိရိယာတွေဟာ မှားယွင်းတဲ့ Negative အဖြေတွေ ထွ က်ရှိနိုင်ပေမယ့် Flash 20 ထုတ်လုပ်သူတွေကတော့ ၎င်းတို့ရဲ့စက်ဟာ မြန်ဆန်ရုံသာမက ယုံ ကြည်စိတ်ချရမှု များစွာရှိကြောင်း ဆိုပါတယ်။Ref ; Akon Thi
Tags: