ကိုဗစ္ေထာက္ပံ့ေငြ ၄၅ သိန္းကိုျဖတ္စားခဲ့တဲ့ ေရၾကည္ က ေက်းရြာအုပ္ႀကီးကို ဖမ္ဆီးလိုက္ပါၿပီ

ကို ဗစ္ေထာက္ပံ့ေငြ ၄၅ သိန္းကို ျဖတ္စား တဲ့ ေရၾကည္ က ေက်းရြာအုပ္ႀကီး ကို ဖမ္းလိုက္ၿပီ

ဧရာ၀တီတိုင္း ပုသိမ္ခရိုင္ ေရၾကည္ၿမိဳ႕နယ္ မိသလင္ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွူးကို ကိုဗစ္အေရးေပၚကာလ ေထာက္ပံ့ေငြ အလြဲသုံး စားျပဳလုပ္မွုျဖင့္ အမွုဖြင့္အေရးယူထားသည္ဟု တိုင္းရဲတပ္ဖြဲ႕မွူး႐ုံးထံမွ သိရပါတယ္။

နိုင္ငံေတာ္အစိုးရက အမွန္တကယ္လိုအပ္ေနသည့္ ျပည္သူမ်ားကိုခ်ထားေပးေသာ ကိုဗစ္အေရးေပၚကာလ ေထာက္ပံ့ေငြက်ပ္ ၄၅ သိန္းေက်ာ္ကို မိသလင္ေက်းရြာအုပ္စုအုပ္ခ်ဳပ္ေရးမွူး ဦးေအာင္ထြန္းေက်ာ္က ကိုယ္က်ိဳးအတြက္အသုံးျပဳခဲ့၍ အေရးယူခဲ့ျခင္းျဖစ္ေၾကာင္း တိုင္းရဲတပ္ဖြဲ႕မွူး႐ုံးမွ ရဲအရာရွိတစ္ဦး ကေျပာပါတယ္။

“ဒုတိယ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွူးက တရားလိုလုပ္ၿပီးတိုင္ၾကားခဲ့ပါတယ္။ စစ္ေဆးေတာ့ က်ဴးလြန္ေၾကာင္းေပၚလြင္တယ္။ အစိုးရအဖြဲ႕ကိုတင္ျပၿပီးေတာ့ သူ႔ကိုဖမ္းဆီးထားၿပီးပါၿပီ။ တရားစြဲဖို႔လုပ္ထားပါတယ္”ဟု၎က ရွင္းျပပါတယ္။

မိသလင္ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွူး ဦးေအာင္ထြန္းေက်ာ္သည္ နိုင္ငံေတာ္အစိုးရက ေထာက္ပံ့ေပးသည့္ေငြမ်ားအနက္ ပထမအႀကိမ္ႏွင့္ ဒုတိယအႀကိမ္တို႔တြင္ ေထာက္ပံ့ေၾကးေငြမ်ားကို ကာယကံရွင္အခ်ိဳ႕ထံမေပးဟုဆိုကာ တိုင္ၾကားလာမွုကို စစ္ေဆးရာမွ အလြဲသုံးမွု ေပၚေပါက္ခဲ့ေၾကာင္း ေရၾကည္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွူး ဦးမင္းခိုင္၀င္းကလည္း ေျပာဆိုပါတယ္။

အိမ္ေထာင္စုတစ္စုလၽွင္ ၂၀၀၀၀ က်ပ္ျဖင့္ အိမ္ေထာင္စု ၃၀၆ စုအတြက္​ပထမအႀကိမ္ႏွင့္ ဒုတိယအႀကိမ္ ေထာက္ပံ့သည့္ေငြမ်ားအနက္မွ ၄,၅၂၀,၀၀၀ က်ပ္ကို ကိုယ္က်ိဳးအတြက္သုံးခဲ့ေၾကာင္း ရဲတပ္တပ္ဖြဲ႕၏ ကနဦးသတင္းတြင္ ေဖာ္ျပထားပါတယ္။

လက္ရွိတြင္ အသက္ ၄၅ ႏွစ္အရြယ္ ေရၾကည္ၿမိဳနယ္ မိသလင္ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွူး ဦးေအာင္ထြန္းေက်ာ္ကို တာဝန္မွရပ္ဆဲလိုက္ၿပီး ေရၾကည္ၿမိဳ႕မရဲစခန္းက ရာဇသတ္ႀကီးပုဒ္မ ၄၀၉ ျဖင့္ အမွုဖြင့္စစ္ေဆး ေနေၾကာင္း ယင္းရဲစခန္းထံမွ သိရပါတယ္။crd

unicode . . .

ကိုဗစ်ထောက်ပံ့ငွေ ၄၅သိန်းကို ဖြတ်စားတဲ့ ရေကြည် က ကျေးရွာ အုပ်ကြီး ကို ဖမ်းလိုက်ပြီ

ဧရာဝတီတိုင်း ပုသိမ်ခရိုင် ရေကြည်မြို့နယ် မိသလင်ကျေးရွာအု ပ်စု အုပ်ချုပ်ရေးမှူးကို ကိုဗစ်အရေးပေါ်ကာလ ထောက်ပံ့ငွေ အ လွဲသုံး စားပြုလုပ်မှုဖြင့် အမှုဖွင့်အရေးယူထားသည်ဟု တိုင်းရဲ တ ပ်ဖွဲ့မှူးရုံးထံမှ သိရပါတယ်။

နိုင်ငံတော်အစိုးရက အမှန်တကယ်လိုအပ်နေသည့် ပြည်သူများကိုချထားပေးသော ကိုဗစ်အရေးပေါ်ကာလ ထောက်ပံ့ငွေကျပ် ၄၅ သိန်းကျော်ကို မိသလင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းကျော်က ကိုယ်ကျိုးအတွက်အသုံးပြုခဲ့၍ အရေးယူခဲ့ခြင်းဖြ စ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦး ကပြောပါတယ်။

“ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုလုပ်ပြီးတိုင်ကြားခဲ့ပါတယ်။ စစ်ဆေးတော့ ကျူးလွန်ကြောင်းပေါ်လွင်တယ်။ အစိုးရအ ဖွဲ့ကိုတင်ပြပြီးတော့ သူ့ကိုဖမ်းဆီးထားပြီးပါပြီ။တရားစွဲဖို့လုပ်ထားပါတယ်”ဟု၎င်းက ရှင်းပြပါတယ်။

မိသလင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းကျော်သည် နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးသည့်ငွေများအနက် ပထမအ ကြိမ်နှင့် ဒုတိယအကြိမ်တို့တွင် ထောက်ပံ့ကြေးငွေများကို ကာယ ကံရှင်အချို့ထံမပေးဟုဆိုကာ တိုင်ကြားလာမှုကို စစ်ဆေးရာမှ အ လွဲသုံးမှု ပေါ်ပေါက်ခဲ့ကြောင်း ရေကြည်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်းကလည်း ပြောဆိုပါတယ်။

အိမ်ထောင်စုတစ်စုလျှင် ၂၀၀၀၀ ကျပ်ဖြင့် အိမ်ထောင်စု ၃၀၆ စုအတွက်ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထောက်ပံ့သည့်ငွေများအနက်မှ ၄,၅၂၀,၀၀၀ ကျပ်ကို ကိုယ်ကျိုးအတွက်သုံးခဲ့ကြောင်း ရဲတပ်တပ်ဖွဲ့၏ ကနဦးသတင်းတွင် ဖော်ပြထားပါတယ်။

လက်ရှိတွင် အသက် ၄၅ နှစ်အရွယ် ရေကြည်မြိုနယ် မိသလင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းကျော်ကို တာဝန်မှရပ်ဆဲလိုက်ပြီး ရေကြည်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၄၀၉ ဖြင့် အမှုဖွင့်စစ်ဆေး နေကြောင်း ယင်းရဲစခန်းထံမှ သိရပါတယ်။crd

Tags: