အိႏၵိယ၏ Serum Instituteက ကိုဗစ္-၁၉ ကာကြယ္ေဆး သန္း ၂၀ဝထိ တိုးျမႇင့္ထုတ္လုပ္သြားမည္

အိႏၵိယ၏ Serum Instituteက Covid-19ကာကြယ္ေဆး သန္း ၂၀ဝထိ တိုးျမႇင့္ထုတ္လုပ္မည္

ဆင္းရဲတဲ့နိုင္ငံေတြအပါအဝင္ ကမၻာတဝန္းကိုCovid-19ကာကြယ္ေဆးပံ့ပိုးေပးနိုင္ဖို့ အိႏၵိယကာကြယ္ေဆးထုတ္လုပ္ေရးကုမၸဏီျဖစ္တဲ့ Serum Institute of Indiaကေန ကာကြယ္ေဆး သန္း၂၀ဝထိ တိုးျမႇင့္ထုတ္လုပ္သြားမယ္လို့ သိရပါတယ္။

Bill & Melinda Gates ေဖာင္ေဒးရွင္းနဲ႔GAVI vaccines allianceတို့ကေန ရန္ပုံေငြႏွစ္ဆတိုးျမႇင့္ေပးလိုက္ၿပီျဖစ္တာေၾကာင့္ ကာကြယ္ေဆးပမာဏ သန္း ၂၀ဝထိ တိုးျမႇင့္ထုတ္ လုပ္သြားမွာလို့ ၎ကုမၸဏီက ဆိုပါတယ္။

ထပ္ေဆာင္းတိုးျမႇင့္တဲ့ရန္ပုံေငြက AstraZeneca Plc နဲ႔ Novavax Inc ကုမၸဏီတို့ရဲ့ကာကြယ္ေဆးေတြကို Serum ကေနအေျမာက္အျမား တိုးျမႇင့္ ထုတ္လုပ္သြားေရးအတြက္ အကူအညီျဖစ္ေစၿပီး

၂၀၂၁ခုႏွစ္ပထမႏွစ္ဝက္မွာ အေစာဆုံးအေနနဲ႔ COVAXအစီအစဥ္ေအာက္ကေန ကာကြယ္ေဆးေတြ ျဖန႔္ခ်ိ ေပးသြားနိုင္ေစမယ္လို့ သိရပါတယ္။

ေဆးတစ္လုံးကို ၃ေဒၚလာႏွုန္းေလာက္နဲ႔သတ္မွတ္ေပးၿပီး ကာကြယ္ေဆးပမာဏ သန္း၁၀ဝထုတ္လုပ္ေပးသြားဖို့ GAVI နဲ႔ Gates ေဖာင္ေဒးရွင္းတို့က Serumနဲ႔ ၿပီးခဲ့တဲ့ဩဂုတ္လက ကနဦးသေဘာတူလက္မွတ္ထိုးခဲ့တာပါ။

ေထာက္ပံ့ရန္ပုံေငြစုစုေပါင္းပမာဏက ေဒၚလာသန္း ၃၀ဝထိရွိထားခဲ့ၿပီး ထပ္တိုးရရွိတဲ့ရန္ပုံေငြနဲ႔ ကာကြယ္ေဆးေတြထပ္တိုးထုတ္လုပ္သြားမွာျဖစ္ပါတယ္။

ကမၻာ့က်န္းမာေရးအဖြဲ႕ WHOနဲ႔ Gaviတို့ပူးတြဲဦးေဆာင္ေနတဲ့ ဒီ COVAXအစီအစဥ္က ကမၻာတဝန္းလုံးကို ၂၀၂၁ခုႏွစ္ ႏွစ္ကုန္ပိုင္းမွာ ကာကြယ္ေဆး ၂ဘီလ်ံ ျဖန႔္ခ်ိေပးဖို့ ရည္ရြယ္ထားတာျဖစ္ပါတယ္။

ဒီအစီအစဥ္ကို ပူးေပါင္းပါဝင္ထားတဲ့ နိုင္ငံေပါင္း ၁၅၀ေက်ာ္ရွိခဲ့ၿပီျဖစ္ေပမယ့္ တ႐ုတ္နဲ႔ အေမရိကန္ကေတာ့ လက္မွတ္မထိုးထားေသးဘူးလို့ သိရပါတယ္။source:Pyi Myanmar

unicode . . .

အိန္ဒိယ၏ Serum Instituteက Covid-19ကာကွယ် ဆေး သန်း ၂၀ဝထိ တိုးမြှင့်ထုတ်လုပ်မည်

ဆင်းရဲတဲ့နိုင်ငံတွေအပါအဝင် ကမ္ဘာတဝန်းကိုCovid-19ကာကွယ်ဆေးပံ့ပိုးပေးနိုင်ဖို့ အိန္ဒိယကာကွယ်ဆေးထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Serum Institute of Indiaကနေ ကာကွယ်ဆေး သန်း၂၀ဝထိ တိုးမြှင့်ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။

Bill & Melinda Gates ဖောင်ဒေးရှင်းနဲ့GAVI vaccines allianceတို့ကနေ ရန်ပုံငွေနှစ်ဆတိုးမြှင့်ပေးလိုက်ပြီဖြစ်တာကြောင့် ကာကွယ်ဆေးပမာဏ သန်း ၂၀ဝထိ တိုးမြှင့်ထုတ် လုပ်သွားမှာလို့ ၎င်းကုမ္ပဏီက ဆိုပါတယ်။

ထပ်ဆောင်းတိုးမြှင့်တဲ့ရန်ပုံငွေက AstraZeneca Plc နဲ့ Novavax Inc ကုမ္ပဏီတို့ရဲ့ကာကွယ်ဆေးတွေကို Serum ကနေအမြောက်အမြား တိုးမြှင့် ထုတ်လုပ်သွားရေးအတွက် အကူအညီဖြစ်စေပြီး

၂၀၂၁ခုနှစ်ပထမနှစ်ဝက်မှာ အစောဆုံးအနေနဲ့ COVAX အစီ အစဉ်အောက်ကနေ ကာကွယ်ဆေးတွေ ဖြန့်ချိ ပေးသွားနိုင်စေမယ်လို့ သိရပါတယ်။

ဆေးတစ်လုံးကို ၃ဒေါ်လာနှုန်းလောက်နဲ့သတ်မှတ်ပေးပြီး ကာကွယ် ဆေးပမာဏ သန်း၁၀ဝထုတ်လုပ်ပေးသွားဖို့ GAVI နဲ့ Gates ဖောင်ဒေးရှင်းတို့က Serumနဲ့ ပြီးခဲ့တဲ့ဩဂုတ်လက ကနဦးသဘောတူလက်မှတ်ထိုးခဲ့တာပါ။

ထောက်ပံ့ရန်ပုံငွေစုစုပေါင်းပမာဏက ဒေါ်လာသန်း ၃၀ဝထိရှိထားခဲ့ပြီး ထပ်တိုးရရှိတဲ့ရန်ပုံငွေနဲ့ ကာကွယ်ဆေးတွေထပ်တိုးထုတ်လုပ်သွားမှာဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHOနဲ့ Gaviတို့ပူးတွဲဦးဆောင်နေတဲ့ ဒီ COVAXအစီအစဉ်က ကမ္ဘာတဝန်းလုံးကို ၂၀၂၁ခုနှစ် နှစ်ကုန်ပိုင်းမှာ ကာကွယ်ဆေး ၂ဘီလျံ ဖြန့်ချိပေးဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

ဒီအစီအစဉ်ကို ပူးပေါင်းပါဝင်ထားတဲ့ နိုင်ငံပေါင်း ၁၅၀ကျော်ရှိခဲ့ပြီဖြစ်ပေမယ့် တရုတ်နဲ့ အမေရိကန်ကတော့ လက်မှတ်မထိုးထားသေးဘူးလို့ သိရပါတယ်။source:Pyi Myanmar

Tags: