သားလေးကို စောင့်ရှောက်ဖို့ ကွယ်လွန်သွားတဲ့ဇနီးဟောင်းရဲ့ ညီမဖြစ်သူနဲ့ တွဲနေခဲ့တဲ့ အမျိုးသား
unicode . . .
သားလေးကို စောင့်ရှောက်ဖို့ ကွယ်လွန်သွားတဲ့ဇနီးဟောင်းရဲ့ ညီမနဲ့ တွဲနေခဲ့တဲ့ အမျိုးသား
အမေရိကန်နိုင်ငံရှိ Holly Wood မင်းသမီးတစ်ဦးဖြစ်တဲ့ Naya Rivera ကိုတော့ ရုပ်ရှင်ပရိသတ် တော်တော်များများ သိကြမှာပါပဲ။လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက Naya ဟာ မတော် တဆရေနစ်ပြီး ကွယ်လွန်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ Naya မှာ သူ့ရဲ့ ခင်ပွန်းဟောင်းဖြစ်သူ မင်းသား Ryan Dorsey နဲ့ ရရှိခဲ့တဲ့ သားကလေး Josey ဆိုတာ ရှိပါတယ်။
အခုလည်း မကြာသေးခင်အချိန်တုန်းက Ryan ဟာ သူ့ရဲ့သားကလေး Josey ကို စောင့်ရှောက်ဖို့အတွက် ဇနီးဟောင်း Naya ရဲ့ ညီမဖြစ်သူ Nickayla ကို အကူအညီတောင်းခဲ့ပြီး အခုဆိုရင် Ryan တို့ သားအဖနှစ်ယောက်ရယ်၊ Nickayla တို့ဟာ အိမ်တစ်အိမ်ထဲမှာအတူတူနေနေကြကြောင်းNews.com. au သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
အမှန်တစ်ကယ်တော့ Ryan နဲ့ Nickayla တို့ဟာ ဟိုးအရင် ရိုက် ကွင်းတွေမှာ ဆုံကတည်းက တစ်ယောက်နဲ့တစ်ယောက် ရင်းနှီနေခဲ့ကြပြီး နောက်ပိုင်းမှ Nickaylaရဲ့ အမဖြစ်သူ Naya နဲ့ Ryan တို့ ဆုံတဲ့အချိန်ကျမှ တစ်ယောက်နဲ့တစ်ယောက် ချစ်ကျွ မ်းဝင်ခဲ့ကြပြီး လက်ထပ်ကာ သားကလေး Josey ကို မွေးခဲ့တာဖြစ်ပါတယ်။
Josey ကို မွေးပြီး သိပ်မကြာခင်မှာ Ryan နဲ့ Naya တို့ဟာ တ ရားဝင်ကွာရှင်းခဲ့ကြပြီး Josey လေးကို Naya က ထိန်းသိ မ်းစောင့်ရှောက်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။ Naya တစ်ယောက် သေဆုံးတဲ့အချိန်မှာတော့ Josey လေးဟာ အသက် ၃ နှစ်သားအရွယ်သာရှိသေးပြီး အဲဒီအချိန်ကတည်းက Ryan တစ်ယောက်ဟာ Josey ကို ထိန်းသိမ်းစောင့်ရှောက်ခဲ့တာ ဖြစ်ပါတယ်။
အခုဆိုရင် Josey လေးဟာ ၅နှစ် ရှိနေပြီဖြစ်ပြီး သူတစ်ယောက် တည်း ထိန်းသိမ်းစောင့်ရှောက်ဖို့ အချိန်သိပ်မပေးနိုင်တာကြောင့် သေဆုံးသူ Naya ရဲ့ ညီမဖြစ်သူ Nickayla ကို အကူအညီတောင်းခဲ့တာဖြစ်ပါတယ်။ Nickayla ကလည်း Ryan ရဲ့ အကူအညီတောင်းမှုကို လက်ခံခဲ့ပြီးအခုဆိုရင်တော့ Nickayla ဟာ Ryan တို့ သားအဖနဲ့ အမေရိကန်နိုင်ငံ၊ Los Angeles မြို့ရှိ San Fernando Valleyမှာ စက်တင်ဘာလ ၆ ရက်နေ့ကတည်းက အတူတူနေထိုင်နေပြီပဲ ဖြစ်ပါတယ်။
Josey လေးကို ထိန်းသိမ်း စောင့်ရှောက်ဖို့က ကျွန်တော်တစ် ယောက်တည်း အဆင်မပြေပါဘူး။ နောက်ထပ် မိန်းမတစ်ယောက်လည်း ထပ်မယူချင်တော့ပါဘူး။ ဒါ့ကြောင့် Naya ရဲ့ ညီမဖြစ်သူ Nickayla ကိုအကူအညီတောင်းခဲ့တာပါ။အခုတော့ တော် တော်လေးကို အဆင်ပြေပါတယ်လို့ Ryan က ပြောကြားခဲ့ပါတယ်။ credit