ျမန္မာတစ္ႏိုင္ငံလုံးရွိ အသက္အႀကီးဆုံး အဘိုးႏွင့္အဘြား တို႔ အားေ႐ြးခ်ယ္

ျမန္မာတစ္ႏိုင္ငံလုံးရွိ အသက္အႀကီးဆုံး အဘိုးႏွင့္အဘြား တို႔ အားေ႐ြးခ်ယ္

၂၀၁၉-၂၀၂၀ ခုႏွစ္ တြင္ ျမန္မာတစ္နိုင္ငံလုံး တြင္ အသက္အႀကီးဆုံး အဘိုးအဘြားတို့အားေရြးခ်ယ္ခဲ့ရာ အသက္ ၁၂၇ ႏွစ္အရြယ္ရွိ အဘြားေဒၚေထြးကို ျမန္မာတစ္နိုင္ငံလုံး၏ အသက္အႀကီးဆုံးအဖြားအျဖစ္ ေရြးခ်ယ္ခဲ့ေၾကာင္း ၊ တစ္နိုင္ငံလုံးအသက္အႀကီးဆုံးအဘိုးအျဖစ္ အသက္ ၁၂၆ ႏွစ္ အရြယ္ရွိ အဘိုးဦးကိုကိုႀကီး အား ေရြးခ်ယ္ခဲ့ေၾကာင္း လူမွုဝန္ထမ္းကယ္ဆယ္ေရး ႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန၊ လူမွုဝန္ထမ္းဦးစီးဌာန မွ ေဒါက္တာစန္းစန္းေအးက ေျပာၾကားသည္။

ျမန္မာတစ္နိုင္ငံ အသက္ႀကီးဆုံး အဘိုး ႏွင့္ အဘြားကို ေအာက္တိုဘာ ၁ ရက္ အျပည္ျပည္ဆိုင္ရာ ဘိုးဘြားမ်ားေန႔ မတိုင္မီေရြးခ်ယ္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ လူမွုဝန္ထမ္းကယ္ဆယ္ေရး ႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန (ပဲခူးတိုင္းေဒသႀကီး)မွ ညႊန္ၾကားေရးမွူး ေဒၚရင္ရင္ျပဳံးက “ၿမိဳ့နယ္ အလိုက္ ခရိုင္အလိုက္ အသက္အႀကီးဆုံး ဘိုးဘြားေတြ ကို ေရြးခ်ယ္တယ္။ အဲဒီမွာမွ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္အလိုက္ အသက္အႀကီးဆုံး အဘိုး တစ္ေယာက္၊ အဘြားတစ္ေယာက္ကို ပို့ေပးတယ္။ ေနျပည္ေတာ္မွာ ျပန္ေရြးတယ္။ ကၽြန္မတို့ ပဲခူးတိုင္းက အဘြားက အသက္အႀကီးဆုံးအျဖစ္ ေရြးခ်ယ္ ခံရတာျဖစ္ပါတယ္။ ႏွစ္တိုင္းေရြးတယ္။ အဘြားေဒၚေထြး က အသက္အႀကီးဆုံးအျဖစ္ အေရြးခ်ယ္ခံရတာ ဒီႏွစ္နဲ႔ ဆို ၅ ႏွစ္ရွိပါၿပီ’’ ဟုဆင္ဟြာ သို့ စက္တင္ဘာ ၃၀ ရက္တြင္ ေျပာၾကားသည္။

ျမန္မာတစ္နိုင္ငံလုံး အသက္အႀကီးဆုံးအဘြားအျဖစ္အေရြးခဲ့ရသည့္ အသက္ ၁၂၇ ႏွစ္အရြယ္ရွိ အဘြားေဒၚေထြးကို ျမန္မာသကၠရာဇ္ ၁၂၅၅ခုႏွစ္ တြင္ေမြးဖြားခဲ့ၿပီး လက္ရွိတြင္ ပဲခူးတိုင္းေဒသႀကီး၊ အုတ္ဖိုၿမိဳ့နယ္၊ ရွမ္းရြာအုပ္စု၊ သရက္ပင္ကန္ေက်းရြာ၊ တြင္ ေနထိုင္လ်က္ရွိေၾကာင္း သိရသည္။

ျမန္မာတစ္နိုင္ငံလုံး အသက္အႀကီးဆုံးအဘိုးအျဖစ္အေရြးခ်ယ္ခံရသည့္ အသက္ ၁၂၆ ႏွစ္ အရြယ္ အဘိုးဦးကိုကိုႀကီးကို ျမန္မာသကၠရာဇ္ ၁၂၅၆ ခုႏွစ္ တြင္ေမြးဖြားခဲ့ၿပီး လက္ရွိတြင္ ရွမ္းျပည္နယ္၊ေတာင္ႀကီးၿမိဳ့၊ေက်ာင္းႀကီးစုရပ္ကြက္၊ ဖရဲေငြေတာင္လမ္း ၎၏ေနအိမ္တြင္ ေနထိုင္လ်က္ရွိေၾကာင္း သိရသည္။

“အဘြားက က်န္းမာေရးေကာင္းပါတယ္။ ဒီႏွစ္ အတြက္ ကၽြန္မတို့ ဝန္ႀကီးဌာန က အဘြားကို ေငြက်ပ္ ၁၀ သိန္း ကန္ေတာ့ခဲ့ပါတယ္။ အဘြားရဲ့ သမီးနဲ႔ အတူ အဘြားကေနထိုင္တယ္။ ဘာသာေရး အရတရားမွတ္တယ္ ေျပာပါတယ္။ အစားအေသာက္ကေတာ့ ပုံမွန္စားေသာက္တယ္ လို့ သိရပါတယ္’’ ဟု ေဒၚရင္ရင္ျပဳံးကျဖည့္စြက္ေျပာၾကားသည္။Credit

unicode . . .

မြန်မာတစ်နိုင်ငံလုံးရှိ အသက်အကြီးဆုံး အဘိုးနှင့်အဘွား တို့ အားရွေးချယ်

၂၀၁၉-၂၀၂၀ ခုနှစ် တွင် မြန်မာတစ်နိုင်ငံလုံး တွင် အသက်အကြီးဆုံး အဘိုးအဘွားတို့အားရွေးချယ်ခဲ့ရာ အသက် ၁၂၇ နှစ်အရွယ် ရှိ အဘွားဒေါ်ထွေးကို မြန်မာတစ်နိုင်ငံလုံး၏ အသက်အကြီးဆုံးအဖွားအဖြစ် ရွေးချယ်ခဲ့ကြောင်း ၊ တစ်နိုင်ငံလုံးအသက်အကြီးဆုံးအဘိုးအဖြစ် အသက် ၁၂၆ နှစ် အရွယ်ရှိ အဘိုးဦးကိုကိုကြီး အား ရွေးချယ်ခဲ့ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန မှ ဒေါက်တာစန်းစန်းအေးက ပြောကြားသည်။

မြန်မာတစ်နိုင်ငံ အသက်ကြီးဆုံး အဘိုး နှင့် အဘွားကို အောက် တိုဘာ ၁ ရက် အပြည်ပြည်ဆိုင်ရာ ဘိုးဘွားများနေ့ မတိုင်မီရွေး ချယ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန (ပဲခူးတိုင်းဒေသကြီး)မှ ညွှန်ကြားရေးမှူး ဒေါ်ရင်ရင်ပြုံးက “မြို့နယ် အလိုက် ခရိုင်အလိုက် အသက်အကြီးဆုံး ဘိုးဘွားတွေ ကို ရွေးချယ်တယ်။ အဲဒီမှာမှ တို င်းဒေသကြီးနဲ့ ပြည်နယ်အလိုက် အသက်အကြီးဆုံး အဘိုး တစ်ယောက်၊ အဘွားတစ်ယောက်ကို ပို့ပေးတယ်။ နေပြည်တော်မှာ ပြ န်ရွေးတယ်။ ကျွန်မတို့ ပဲခူးတိုင်းက အဘွားက အသက်အကြီးဆုံးအဖြစ် ရွေးချယ် ခံရတာဖြစ်ပါတယ်။ နှစ်တိုင်းရွေးတယ်။ အ ဘွားဒေါ်ထွေး က အသက်အကြီးဆုံးအဖြစ် အရွေးချယ်ခံရတာ ဒီနှစ်နဲ့ ဆို ၅ နှစ်ရှိပါပြီ’’ ဟုဆင်ဟွာ သို့ စက်တင်ဘာ ၃၀ ရက်တွင် ပြောကြားသည်။

မြန်မာတစ်နိုင်ငံလုံး အသက်အကြီးဆုံး အဘွားအဖြစ် အရွေးခဲ့ရသည့် အသက် ၁၂၇ နှစ်အရွယ်ရှိ အဘွားဒေါ်ထွေးကို မြန်မာသက္ ကရာဇ် ၁၂၅၅ခုနှစ် တွင်မွေးဖွားခဲ့ပြီး လက်ရှိတွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ရှမ်းရွာအုပ်စု၊ သရက်ပင်ကန်ကျေးရွာ၊ တွင် နေထိုင်လျက်ရှိကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံး အသက်အကြီးဆုံးအဘိုးအဖြစ်အရွေးချယ်ခံရသည့် အသက် ၁၂၆ နှစ် အရွယ် အဘိုးဦးကိုကိုကြီးကို မြန်မာသ က္ကရာဇ် ၁၂၅၆ ခုနှစ်တွင်မွေးဖွားခဲ့ပြီး လက်ရှိတွင်ရှမ်းပြည် နယ် ၊တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ဖရဲငွေတောင်လမ်း ၎င်း ၏နေအိမ်တွင် နေထိုင်လျက်ရှိကြောင်း သိရသည်။

“အဘွားက ကျန်းမာရေးကောင်းပါတယ်။ ဒီနှစ် အတွက် ကျွန်မတို့ ဝန်ကြီးဌာန က အဘွားကို ငွေကျပ် ၁၀ သိန်း ကန်တော့ခဲ့ပါတယ်။ အဘွားရဲ့ သမီးနဲ့ အတူ အဘွားကနေထိုင်တယ်။ ဘာသာရေး အရတရားမှတ်တယ် ပြောပါတယ်။ အစားအသောက်က တော့ ပုံမှန်စားသောက်တယ် လို့ သိရပါတယ်’’ ဟု ဒေါ်ရင်ရင်ပြုံးကဖြည့်စွက်ပြောကြားသည်။Credit

Tags: