လာမယ့္ ႏွစ္ရက္အတြင္း ျမန္မာ့ကမ္းရိုးတန္းတြင္ လွိုင္းႀကီးၿပီး မိုးျပင္းထန္စြာ ရြာမည္ဟု ခန့္မွန္း

လာမယ့္ ႏွစ္ရက္အတြင္း ျမန္မာ့ကမ္းရိုးတန္းတြင္ လွိုင္းႀကီးၿပီး မိုးျပင္းထန္စြာ ရြာမည္

လာမည့္ ၄၈နာရီ(ႏွစ္ရက္) အတြင္း ျမန္မာ့ကမ္းရိုးတန္းႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို့တြင္ လွိုင္းႀကီးျခင္းမ်ား ျဖစ္ေပၚနိုင္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒညႊန္ၾကားမွု ဦးစီးဌာနႏွင့္ မိုးေလဝသပညာရွင္တို့က ခန႔္မွန္းထားပါတယ္။

ပင္လယ္ျပင္အတြင္း ခရီးသြားလာသူမ်ားႏွင့္ အလုပ္လုပ္ကိုင္ေနသူမ်ား အေနျဖင့္ အဆိုပါအခ်က္ကို သတိျပဳ သြားလာရန္ လိုေၾကာင္း အဆိုပါပညာရွင္မ်ားက ေျပာပါတယ္။

တိုင္းထြာခ်က္မ်ားအရ ေလဖိအားနည္းဆဲလ္တစ္ခုသည္ ျမန္မာနိုင္ငံေတာင္ပိုင္းမွျဖတ္၍ ကပၸလီပင္လယ္ျပင္ သို့ေရာက္ရွိေနၿပီး အဆိုပါဆဲလ္အရွိန္ေၾကာင့္ ေအာက္တိုဘာ ၂ရက္ေန႔တြင္ ဘဂၤလားပင္လယ္ေအာ္ အေနာက္ ေျမာက္ပိုင္းႏွင့္ အေနာက္ အလယ္ပိုင္းတို့၌ ေလဖိအားနည္းရပ္ဝန္းတစ္ခုျဖစ္နိုင္ေၾကာင္း မိုးေလသဝသႏွင့္ ဇလေဗဒ ညႊန္ၾကားမွုဦးစီးဌာနမွ ညႊန္ၾကားေရးမွူးခ်ဳပ္ ဦးေက်ာ္မိုးဦးက ေျပာပါတယ္။

သူက အိႏၵိယကို ဝင္မွာေပါ့ေနာ္။ ဒါေပမယ့္ ကၽြန္ေတာ္တို့ ဒီရက္ပိုင္းေတြမွာေတာ့ ျမန္မာ့ကမ္းရိုးတန္းေတြမွာ မုတ္သုံေလအားေကာင္းေနတဲ့အတြက္ေၾကာင့္မို့လို့ ျမန္မာနိုင္ငံမွာ တစ္ခါတေလက်ရင္ မိုးသက္ေလျပင္း က်နိုင္ ၿပီးေတာ့မွ လွိုင္းႀကီးတာတို့ဘာတို့ ပင္လယ္ျပင္မွာျဖစ္နိုင္တယ္ေပါ့ေနာ္။

ပင္လယ္ျပင္မွာ ခရီးသြားလာေနတဲ့ ျပည္သူေတြ ဒီဟာေလးေတြ သတိျပဳဖို့လိုတယ္ဟု မိုးေလသဝသႏွင့္ ဇလေဗဒ ညႊန္ၾကားမွုဦးစီးဌာနမွ ညႊန္ၾကား ေရးမွူးခ်ဳပ္ ဦးေက်ာ္မိုးဦးကေျပာပါတယ္။

မိုးေလဝသပညာရွင္ ဦးခ်စ္ေက်ာ္ကလည္း လာမည့္ ေအာက္တိုဘာ ၁ရက္ႏွင့္ ၂ရက္ေန႔တို့တြင္ ေလေပြလွိုင္းတစ္ခု ျမန္မာနိုင္ငံသို့ ျဖတ္ေက်ာ္လာနိုင္ဖြယ္ရွိၿပီး အဆိုပါေလေပြလွိုင္းသည္ ထိုင္းပင္လယ္ေကြ႕တြင္ စတင္ျဖစ္ ေပၚကာ ျမန္မာနိုင္ငံဘက္သို့ တနသၤာရီတိုင္းေဒသႀကီး၊ မြန္ျပည္နယ္ဘက္မွ ျဖတ္လာနိုင္ဖြယ္ရွိေၾကာင္း ဆိုပါတယ္။

မုတၱမေကြ႕ ႏွင့္ ျမစ္ဝကၽြန္းေပၚ ပင္လယ္ျပင္တြင္ မိုး ေလလွိုင္း ႀကီးနိုင္သည့္အတြက္ ေရလုပ္သားမ်ားအေနျဖင့္ အထူးသတိျပဳရမည့္ အေျခအေနျဖစ္ၿပီး တနသၤာရီၿမိဳ့အနီးတဝိုက္တြင္ မိုးမ်ားပါက ေျမၿပိဳသည့္ အ ႏၲရာယ္ႏွင့္ ၾကဳံရနိုင္ေၾကာင္း ၎က ဆိုပါတယ္။

သူကအေရွ႕ကေနၿပီးေတာ့ အေနာက္ကို တသတ္မတ္ထဲ တိုက္တဲ့အတြက္ အကယ္၍ မုတၱမေကြ႕မွာ ငါးဖမ္းေနတဲ့ ငါးဖမ္းေလွေတြ ငါးဖမ္းေဖာင္ေတြ ဒါေတြရွိခဲ့လို့ရွိရင္ အခု ဒီသတင္းကိုရၿပီးေတာ့ ေဘးသင့္တဲ့ေနရာ ေတြကို ေရွာင္ေနတယ္ဆိုရင္ေတာ့ ျပႆနာမရွိဘူး။

သတင္းေတြကိုရေပမယ့္လည္း ဒီေလာက္ေတာ့ အႏၲရာယ္မရွိေလာက္ပါဘူးကြာဆိုၿပီးေတာ့ သူတို့ဆက္ေနလို့ အႏၲရာယ္က ျပင္းထန္ခဲ့ရင္ သူတို့ေဖာင္ေတြပ်က္ၿပီးေတာ့ အဲ့ဒီအေရွ႕ ေလနဲ႔အတူ အေနာက္ဘက္ကမ္းေျခပင္လယ္ျပင္ဘက္ကို ေရာက္သြားနိုင္တယ္ဟု မိုးေလဝသပညာရွင္ ဦးခ်စ္ေက်ာ္က ဆိုပါတယ္။

ေဖာ္ျပပါ ေလေပြလွိုင္းေၾကာင့္ မိုးရြာသြန္းနိုင္ၿပီး တနသၤာရီတိုင္းေဒသႀကီးႏွင့္ မြန္ျပည္နယ္ ေရးၿမိဳ့နယ္တို့တြင္ မိုးမ်ားနိုင္သည့္အေျခအေန ရွိကာ မိုးေရခ်ိန္ ပမာဏ ၅လက္မခန႔္ အထိရြာသြန္းနိုင္ေၾကာင္း ဦးခ်စ္ေက်ာ္က ခန႔္ မွန္းထားပါတယ္။credit

unicode . . .

လာမယ့် နှစ်ရက်အတွင်း မြန်မာ့ကမ်းရိုးတန်းတွင် လှိုင်းကြီးပြီး မိုးပြင်းထန်စွာ ရွာမည်

လာမည့် ၄၈နာရီ(နှစ်ရက်) အတွင်း မြန်မာ့ကမ်းရိုးတန်းနှင့် ကမ်း လွန်ပင်လယ်ပြင် တို့တွင် လှိုင်းကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနနှင့် မိုးလေဝသပ ညာရှင်တို့က ခန့်မှန်းထားပါတယ်။

ပင်လယ်ပြင်အတွင်း ခရီးသွားလာသူများနှင့် အလုပ်လုပ်ကိုင်နေသူများ အနေဖြင့် အဆိုပါအချက်ကို သတိပြု သွားလာရန် လိုကြောင်း အဆိုပါပညာရှင်များက ပြောပါတယ်။

တိုင်းထွာချက်များအရ လေဖိအားနည်းဆဲလ်တစ်ခုသည် မြန်မာ နိုင်ငံတောင်ပိုင်းမှဖြတ်၍ ကပ္ပလီပင်လယ်ပြင် သို့ရောက်ရှိနေပြီး အဆိုပါဆဲလ်အရှိန်ကြောင့် အောက်တိုဘာ ၂ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အနောက် မြောက်ပိုင်းနှင့် အနောက် အလယ်ပိုင်းတို့၌ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်နိုင်ကြောင်း မိုးလေသဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

သူက အိန္ဒိယကို ဝင်မှာပေါ့နော်။ ဒါပေမယ့် ကျွန်တော်တို့ ဒီရက် ပိုင်းတွေမှာတော့မြန်မာ့ကမ်းရိုးတန်းတွေမှာ မုတ်သုံလေအားကော င်းနေတဲ့အတွက်ကြောင့်မို့လို့ မြန်မာနိုင်ငံမှာ တစ်ခါတလေကျရင် မိုးသက်လေပြင်း ကျနိုင် ပြီးတော့မှ လှိုင်းကြီးတာတို့ဘာတို့ ပင်လ ယ်ပြင်မှာဖြစ်နိုင်တယ်ပေါ့နော်။

ပင်လယ်ပြင်မှာ ခရီးသွားလာနေတဲ့ ပြည်သူတွေ ဒီဟာလေးတွေ သတိပြုဖို့လိုတယ်ဟု မိုးလေသဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦး စီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးကျော်မိုးဦးကပြောပါတယ်။

မိုးလေဝသပညာရှင် ဦးချစ်ကျော်ကလည်း လာမည့် အောက်တို ဘာ ၁ရက်နှင့် ၂ရက်နေ့တို့တွင် လေပွေလှိုင်းတစ်ခု မြန်မာနိုင်ငံသို့ ဖြတ်ကျော်လာနိုင်ဖွယ်ရှိပြီး အဆိုပါလေပွေလှိုင်းသည် ထိုင်းပင် လယ်ကွေ့တွင် စတင်ဖြစ်ပေါ်ကာ မြန်မာနိုင်ငံဘက်သို့ တနင်္သာရီ တိုင်းဒေသကြီး၊ မွန်ပြည်နယ်ဘက်မှ ဖြတ်လာနိုင်ဖွယ်ရှိကြောင်း ဆိုပါတယ်။

မုတ္တမကွေ့ နှင့် မြစ်ဝကျွန်းပေါ် ပင်လယ်ပြင်တွင် မိုး လေလှိုင်း ကြီးနိုင်သည့်အတွက် ရေလုပ်သားများအနေဖြင့် အထူးသတိပြုရမည့် အခြေအနေဖြစ်ပြီး တနင်္သာရီမြို့အနီးတဝိုက်တွင် မိုးများပါက မြေပြိုသည့် အ န္တရာယ်နှင့် ကြုံရနိုင်ကြောင်း ၎င်းက ဆိုပါတယ်။

သူကအရှေ့ကနေပြီးတော့ အနောက်ကို တသတ်မတ်ထဲ တိုက်တဲ့အတွက် အကယ်၍ မုတ္တမကွေ့မှာ ငါးဖမ်းနေတဲ့ ငါးဖမ်းလှေတွေ ငါးဖမ်းဖောင်တွေ ဒါတွေရှိခဲ့လို့ရှိရင် အခု ဒီသတင်းကိုရပြီးတော့ ဘေးသင့်တဲ့နေရာ တွေကို ရှောင်နေတယ်ဆိုရင်တော့ ပြဿနာမရှိဘူး။

သတင်းတွေကို ရပေမယ့်လည်း ဒီလောက်တော့ အန္တရာယ်မရှိလောက်ပါဘူးကွာဆိုပြီးတော့ သူတို့ဆက်နေလို့ အန္တရာယ်က ပြင်းထန်ခဲ့ရင် သူတို့ဖောင်တွေပျက်ပြီးတော့ အဲ့ဒီအရှေ့ လေနဲ့အတူ အနောက်ဘက်ကမ်းခြေပင်လယ်ပြင်ဘက်ကို ရောက်သွားနိုင်တယ်ဟု မိုးလေဝသပညာရှင် ဦးချစ်ကျော်က ဆိုပါတယ်။

ဖော်ပြပါ လေပွေလှိုင်းကြောင့် မိုးရွာသွန်းနိုင်ပြီး တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ် ရေးမြို့နယ်တို့တွင် မိုးများနိုင်သည့်အခြေအနေ ရှိကာ မိုးရေချိန် ပမာဏ ၅လက်မခန့် အထိရွာသွန်းနိုင်ကြောင်း ဦးချစ်ကျော်က ခန့် မှန်းထားပါတယ်။credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *