အိႏၵိယ-ျမန္မာနယ္စပ္ မီဇုိးရမ္းမွာ ၃ လအတြင္း ငလ်င္အႀကိမ္ ၁၀၀ ေက်ာ္လႈပ္

အိႏၵိယ-ျမန္မာနယ္စပ္ မီဇုိးရမ္းမွာ ၃ လအတြင္း ငလ်င္အႀကိမ္ ၁၀၀ ေက်ာ္လႈပ္

အိႏၵိယႏုိင္ငံအေရွ႕ေျမာက္ပိုင္း မီဇုိရမ္ျပည္နယ္မွာ လြန္ခဲ့တဲ့ ၃ လအတြင္း ျပင္းအား ၄.၂ ကေန ၅.၅ ၾကားမွာရွိတဲ့ ငလ်င္ငယ္ေလးေတြ အႀကိမ္ ၁၀၀ ေက်ာ္လႈပ္ခဲ့တာေၾကာင့္ စိုးရိမ္မႈေတြျဖစ္ေနပါတယ္။ ဒီငလ်င္ငယ္ေလးေတြက ႀကီးမားတဲ့ ငလ်င္မတုိင္ခင္ေရွ႕ေျပးလႈပ္တာေတြ ျဖစ္လာမွာကို ကၽြမ္းက်င္သူေတြက စိုးရိမ္ေနၾကတာပါ။

အဓိကအားျဖင့္ ျမန္မာနယ္စပ္နဲ႔ ကပ္လွ်က္ မီဇုိရမ္ျပည္နယ္ထဲက Champhai နဲ႔ Serchhip ခ႐ုိင္ေတြမွာ ဇြန္လ ၂၂ ရက္ေန႔ကစၿပီး လႈပ္ခဲ့တဲ့ ငလ်င္ငယ္ေလးေတြေၾကာင့္ ဘုရားေက်ာင္းေတြနဲ႔ ေနအိမ္အေဆာက္အအုံေတြထိခုိက္ပ်က္စီးမႈေတြရွိခဲ့တဲ့အျပင္ ေဒသခံေတြလည္း စိုးရိမ္မႈေတြလည္း တုိးလာေနၾကပါတယ္။ Champhai ခ႐ုိင္မွာ ေနာက္ဆုံးအႀကိမ္ ငလ်င္တခုလုပ္ခဲ့တာကေတာ့ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔ကျဖစ္ပါတယ္။

မီဇုိရမ္ျပည္နယ္မွာ ငလ်င္ငယ္ေလးေတြ အခုလို မၾကာခဏလႈပ္ေနတာနဲ႔ပတ္သက္ၿပီး ဘာေၾကာင့္ုဆိိုတာကို သိနုိင္ဖို႔ နဲ႔ ငလ်င္ေၾကာင့္ ထိခုိက္သြားတဲ့သူေတြကို အကူအညီေပးဖို႔ ၊ ငလ်င္အႀကံေပးခ်က္ေတြလုပ္ဖို႔ ဗဟိုအစိုးရကို ေတာင္းဆုိထားေပမယ့္ အခုခ်ိန္ထိတုံ႔ျပန္ျခင္းမရွိေသးဘူးလို႔ ဆုိပါတယ္။ ေဒသတြင္း တကၠသိုလ္ေကာလိပ္တခုက ဘူမိေဗဒသုေတသီေတြရဲ႕ ေလ့လာခ်က္အရေတာ့ မီဇုိရမ္ေဒသဟာ ေျမလႊာျပတ္ေရြ႕ေၾကာ ၂ ခုေပၚမွာ တည္ရွိေနတာေၾကာင့္ျဖစ္တယ္လို႔ ဆုိပါတယ္။VOA Burmese News

unicode . . .

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုးရမ်းမှာ ၃ လအတွင်း ငလျင်အကြိမ် ၁၀၀ ကျော်လှုပ်

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်မှာ လွန်ခဲ့တဲ့ ၃ လအတွင်း ပြင်းအား ၄.၂ ကနေ ၅.၅ ကြားမှာရှိတဲ့ ငလျင်ငယ်လေးတွေ အကြိမ် ၁၀၀ ကျော်လှုပ်ခဲ့တာကြောင့် စိုးရိမ်မှုတွေဖြစ်နေပါတယ်။ ဒီငလျင်ငယ်လေးတွေက ကြီးမားတဲ့ ငလျင်မတိုင်ခင်ရှေ့ ပြေးလှုပ်တာတွေ ဖြစ်လာမှာကို ကျွမ်းကျင်သူတွေက စိုးရိမ်နေကြတာပါ။

အဓိကအားဖြင့် မြန်မာနယ်စပ်နဲ့ ကပ်လျှက် မီဇိုရမ်ပြည်နယ်ထဲက Champhai နဲ့ Serchhip ခရိုင်တွေမှာ ဇွန်လ ၂၂ ရက်နေ့ကစပြီး လှုပ်ခဲ့တဲ့ ငလျင်ငယ်လေးတွေကြောင့် ဘုရားကျောင်းတွေနဲ့ နေအိမ် အဆောက်အအုံတွေ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တဲ့အပြင် ဒေသခံတွေလည်း စိုးရိမ်မှုတွေလည်း တိုးလာနေကြပါတယ်။ Champhai ခရိုင်မှာ နောက်ဆုံးအကြိမ် ငလျင်တခုလုပ်ခဲ့တာကတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကဖြစ်ပါတယ်။

မီဇိုရမ်ပြည်နယ်မှာ ငလျင်ငယ်လေးတွေ အခုလို မကြာခဏလှုပ်နေတာနဲ့ပတ်သက်ပြီး ဘာကြောင့်ုဆိုတာကို သိနိုင်ဖို့ နဲ့ ငလျင်ကြောင့် ထိခိုက်သွားတဲ့သူတွေကို အကူအညီပေးဖို့ ၊ငလျင်အကြံ ပေးချက်တွေလုပ်ဖို့ ဗဟိုအစိုးရကို တောင်းဆိုထားပေမယ့် အခုချိန်ထိတုံ့ပြန်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။ ဒေသတွင်း တက္က သိုလ်ကောလိပ်တခုက ဘူမိဗေဒသုတေသီတွေရဲ့ လေ့လာချက်အရတော့ မီဇိုရမ်ဒေသဟာ မြေလွှာပြတ်ရွေ့ကြော ၂ ခုပေါ်မှာ တ ည်ရှိနေတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။VOA Burmese News

Tags:

Add a Comment

Your email address will not be published. Required fields are marked *