သင္ ေအာင္ဘာေလထီ ေပါက္ခဲ့တယ္ဆိုရင္ ဘယ္လိုထုတ္ရမလည္းဆိုတာ

မနက္ျဖန္ သင္ ေအာင္ဘာေလထီ ကံထူးရွင္ျဖစ္ခဲ့တယ္ဆို ဘယ္လိုထုတ္ရမလည္းဆိုတာ

ထီေပါက္ရင္ ထီ ႐ုံးခ်ဳပ္ ၃၇လမ္းမွာသြားထုတ္ရပါမယ္ ဘာေတြထည့္သြားရမလည္းဆိုေတာ့

၁။အိမ္ေထာင္စုစာရင္း မူရင္း နဲ႔ မိတၱဴ

၂။မွတ္ပုံတင္မူရင္း မိတၱဴ

၃။ထီလက္မွတ္

၄။ပတ္စပို့စ္ ပုံ ၃ပုံ ( ၅ေသာင္းဆုဆိုရင္ေတာ့ ၁ပုံဆိုရပါတယ္)

အေပၚကအခ်က္အလက္မ်ားကိုယူသြားရပါမယ္။႐ုံးခ်ဳပ္ေရာက္ရင္ အေပါက္ဝမွာ အဝင္အထြက္စစ္ေဆးတဲ့ အန္တီ(သို့)ဦးေလးကို ထီသြားထုတ္မလို့ ေျပာၿပီး နာမည္ရယ္ မွတ္ပုံတင္ရယ္ေရး လက္မွတ္ထိုးရပါမယ္။ၿပီးရင္ ၃လႊာကို ဓါတ္ေလွကား(သို့) ရိုးရိုးေလွကားက တတ္သြားပါ ဝင္ဝင္ခ်င္း ဓါတ္ေလွကားဘယ္ဘက္ျခမ္းမွာ ထီဆုေငြမ်ားထုတ္ယူရန္ဆိုၿပီး ေရးထားတယ္။

အဲ့ဒီမွာ ေပါက္တဲ့ ထီလက္မွတ္ေတြကို ထုတ္ေပးရတယ္။ၿပီးရင္ ထီလက္မွတ္ေနာက္ေက်ာ ဘယ္ဘက္ျခမ္းမွာ ဘက္လက္မနဲ႔ လက္ေဗြႏွိပ္ရပါတယ္။ ၿပီးရင္ လက္ေဗြနားမွာ လက္မွတ္ထိုးေပးရမယ္။အိမ္ေထာင္စုစာရင္းမိတၱဴ မွတ္ပုံတင္မိတၱဴေတြကိုေပးရပါမယ္ ၿပီးရင္ သူတို့ေတြက ေဖာင္ျဖည့္ဖို့အတြက္ ေဖာင္ ေပးလိမ့္မယ္။ဆုေသးေတြဆိုရင္ေတာ့ တရက္နဲ႔ ၿပီးပါတယ္။

ဆုေငြႀကီးရင္ေတာ့ ရက္ခ်ိန္းတရက္ျပန္ခ်ိန္းပါတယ္ ခ်က္လက္မွတ္ရဖို့အတြက္ေဖာင္ထဲက ေနရပ္လိပ္စာကို အိမ္ေထာင္စုစာရင္းထဲမွာပါတဲ့အတိုင္းထည့္ေပးရမွာေနာ္ ေဖာင္ျဖည့္ၿပီးရင္ ခဏထိုင္ေစာင့္ရပါတယ္ နာမည္ေခၚတာနဲ႔ ေဖာင္ထဲမွာလက္ေဗြထပ္ႏွိပ္ရပါတယ္။

တံဆိပ္ေခါင္းဖိုး ၅၀၀ ေပးရပါတယ္ ၿပီးရင္ ေဘးနားက အခန္းကို ဝင္သြားပါ အာ့မွာ စာေရးမ အန္တီႀကီးေတြက သူတို့ အဆင့္ဆင့္ လုပ္ေဆာင္ၿပီးေနာက္ လက္မွတ္ထိုးေပး ဆက္သြယ္ရန္ ph no. ေရးေပး ၿပီးရင္ခ်က္လက္မွတ္တစ္ခုေပးလိုက္လိမ့္မယ္။

အာ့ ခ်က္လက္မွတ္ကို လသာလမ္းနဲ႔ ကမ္းနားလမ္းက ျမန္မာ့စီးပြားေရးဘဏ္ ၅ မွာ သြားထုတ္ရပါမယ္။(မွတ္ခ်က္) ဆုေသးရင္ေတာ့ ကိုယ္ သြားထိုးခဲ့တဲ့ ထီဆိုင္မွာပဲ ထုတ္ပါ။credit

unicode . . .

မနက်ဖြန် သင် အောင်ဘာလေထီ ကံထူးရှင်ဖြစ်ခဲ့တယ်ဆို ဘယ် လိုထုတ်ရမလည်းဆိုတာ

ထီပေါက်ရင် ထီ ရုံးချုပ် ၃၇လမ်းမှာသွားထုတ်ရပါမယ် ဘာတွေထည့်သွားရမလည်းဆိုတော့

၁။အိမ်ထောင်စုစာရင်း မူရင်း နဲ့ မိတ္တူ

၂။မှတ်ပုံတင်မူရင်း မိတ္တူ

၃။ထီလက်မှတ်

၄။ပတ်စပို့စ် ပုံ ၃ပုံ ( ၅သောင်းဆုဆိုရင်တော့ ၁ပုံဆိုရပါတယ်)

အပေါ်ကအချက်အလက်များကိုယူသွားရပါမယ်။ရုံးချုပ်ရောက်ရင် အပေါက်ဝမှာ အဝင်အထွက်စစ်ဆေးတဲ့ အန်တီ(သို့)ဦးလေးကို ထီသွားထုတ်မလို့ ပြောပြီး နာမည်ရယ် မှတ်ပုံတင်ရယ်ရေး လ က်မှတ်ထိုးရပါမယ်။ပြီးရင် ၃လွှာကို ဓါတ်လှေကား(သို့) ရိုးရိုးလှေ ကားက တတ်သွားပါ ဝင်ဝင်ချင်း ဓါတ်လှေကား ဘယ်ဘက်ခြမ်းမှာ ထီဆုငွေများ ထုတ်ယူရန်ဆိုပြီး ရေးထားတယ်။

အဲ့ဒီမှာ ပေါက်တဲ့ ထီလက်မှတ်တွေကို ထုတ်ပေးရတယ်။ပြီးရင် ထီလက်မှတ်နောက်ကျော ဘယ်ဘက်ခြမ်းမှာ ဘက်လက်မနဲ့ လက် ဗွေနှိပ်ရပါတယ်။ ပြီးရင် လက်ဗွေနားမှာ လက်မှတ်ထိုးပေးရမယ်။အိမ်ထောင်စုစာရင်းမိတ္တူ မှတ်ပုံတင်မိတ္တူတွေကိုပေးရပါမယ် ပြီးရင် သူတို့တွေကဖောင်ဖြည့်ဖို့အတွက် ဖောင်ပေးလိမ့်မယ်။ဆုသေး တွေဆိုရင်တော့ တရက်နဲ့ ပြီးပါတယ်။

ဆုငွေကြီးရင်တော့ ရက်ချိန်းတရက် ပြန်ချိန်းပါတယ် ချက်လက် မှတ်ရဖို့အတွက်ဖောင်ထဲက နေရပ်လိပ်စာကို အိမ်ထောင်စုစာရင်းထဲမှာပါတဲ့အတိုင်းထည့်ပေးရမှာနော် ဖောင်ဖြည့်ပြီးရင် ခဏထိုင်စောင့်ရပါတယ် နာမည်ခေါ်တာနဲ့ ဖောင်ထဲမှာလက်ဗွေထပ်နှိပ်ရပါတယ်။

တံဆိပ်ခေါင်းဖိုး ၅၀၀ ပေးရပါတယ် ပြီးရင် ဘေးနားက အခန်းကို ဝင်သွားပါ အာ့မှာ စာရေးမ အန်တီကြီးတွေက သူတို့ အဆင့်ဆင့် လုပ်ဆောင်ပြီးနောက် လက်မှတ်ထိုးပေး ဆက်သွယ်ရန် ph no. ရေးပေး ပြီးရင်ချက်လက်မှတ်တစ်ခုပေးလိုက်လိမ့်မယ်။

အာ့ ချက်လက်မှတ်ကို လသာလမ်းနဲ့ ကမ်းနားလမ်းက မြန်မာ့စီးပွားရေးဘဏ် ၅ မှာ သွားထုတ်ရပါမယ်။(မှတ်ချက်) ဆုသေးရင်တော့ ကိုယ် သွားထိုးခဲ့တဲ့ ထီဆိုင်မှာပဲ ထုတ်ပါ။credit

Add a Comment

Your email address will not be published. Required fields are marked *